TIME မဂ္ဂဇင်း အဆန်းသစ်ဆုံး စမတ်ဖုန်း ဒီဇိုင်း ၂၀၂၂ Nothing Phone (1) ကို ရွေးချယ်

TIME မဂ္ဂဇင်း အဆန်းသစ်ဆုံး စမတ်ဖုန်း ဒီဇိုင်း ၂၀၂၂  Nothing Phone (1) ကို ရွေးချယ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

OnePlus ပူးတွဲတည်ထောင်သူ Carl Pei ၏ကုမ္ပဏီမှ Nothing Phone (1) သည် အစဉ်အလာ ဂုဏ်သိက္ခာ ကြီးမားသော TIME မဂ္ဂဇင်းမှ ပြုစုထားသော၂၀၂၂ ခုနှစ်၏ ထိပ်တန်းတီထွင်မှုများစာရင်းမှ  “ဆန်းသစ်တီထွင်စမတ်ဖုန်းဒီဇိုင်း” Most Innovative Smartphone Design အမျိုးအစားတွင် ၂၀၂၂ ခုနှစ်အတွက် ပထမနေရာကို ရရှိခဲ့သည်။

.

Samsung၊ Google နှင့် Apple တို့ ယှဉ်ပြိုင်ရာတွင် ယခင်က မည်သူမျှ မမြင်ဖူးသည့် စမတ်ဖုန်းတစ်လုံး လိုအပ်မည်ကို Carl Pei က သိထားသည်။  "ကျွန်တော်တို့  ကမ္ဘာပေါ်တွင် အပြိုင်အဆိုင်အရှိဆုံး လုပ်ငန်းနယ်ပယ်တစ်ခုသို့ ဖောက်ထွင်းဝင်ရောက်နေပြီ" ဟု ၎င်းက ဆိုသည်။

အရင်းအနှီး ထည့်ဝင်မှုများ ဒေါ်လာ သန်း ၂၀၀ ကျော် စုဆောင်းပြီးနောက် Pei ၏ ကုမ္ပဏီ Nothing သည် ဇူလိုင်လတွင် Phone (1) ကို ဖြန့်ချိခဲ့သည်။

.

Nothing Phone (1) ပထမ‌နေရာကို ရရှိသည်မှာ တစ်မူထူးခြားခြင်း၊ မူရင်း Android UI ရှိခြင်း၊ ထွင်းဖောက်မြင်ကျောဖုံးကို LED ၉၀၀ ခုဖြင့် စီစဉ်ပေးထားရာ၌ လင်းပုံလင်းနည်းအမျိုးမျိုးတို့ဖြင့် ဂီတ၊ နိုတီတို့ကို ပြသခိုင်းနိုင်ခြင်း၊ တုန်ခါမှုများစီစဉ်ပေးထားခြင်း စသည့်အချက်များ ပါဝင်သောဒီဇိုင်းကြောင့် ဖြစ်သည်။ 

.

ပြီးခဲ့သည့် ၂၀၂၁ တွင် TIME က အဆန်းသစ်ဆုံး စမတ်ဖုန်း ဒီဇိုင်း ပထမနေရာကို Galaxy Z Flip3 အား ပေးအပ်ခဲ့သည်။ ယခုနှစ်တွင် ခေါက်ဖုန်းများသည် ဆန်းသစ်သည့်အခြင်းအရာ မဟုတ်တော့ချေ။

.

Nothing Phone 1 သည် အသွင်အပြင်အရ လက်ရှိဈေးကွက်ရှိ အခြားဖုန်းများနှင့် သိသိသာသာ ကွဲပြားခြားနားနေသည်။

ဖုန်းကိုယ်ထည်သည် သတ္တုဖရိန်ကို ရှေ့နှင့်နောက် မှန်ပြားဖြင့် ညပ်ထားသည်။ ကျောသည် ထွင်းဖောက်မြင်ရသည်။ အတွင်းမှ  Nothing ၏ Glyph LED မီးပွင့်များကို အပြင်မှ မြင်နေရသည်။

nothing_phone_1_time.png

 

အထူ 8.3mm ရှိပြီး အလေးချိန် ၁၉၃ ဂရမ် ရှိသည်။ အရောင် အမည်းနှင့် အဖြူ ၂ မျိုး ထုတ်လုပ်ထားသည်။ မထူလွန်း၊ မလေးလွန်း၊ လက်တစ်ဖက်တည်းဖြင့် ကိုင်သုံးဖို့ အလော်တော် အရွယ်အစား ဖြစ်ပြီး အိတ်ထောင်ထဲ ထည့်ဖို့လည်း အဆင်ပြေသည်။ 

ကျောဖုံးမှာ ဒိုးယိုပေါက် မြင်နေရသော်လည်း အတွင်းပိုင်းကို ကြိုးမဲ့ အားသွင်းကွိုင်ဖြင့် ကွယ်ပေးကာပေးထားသည်။ 

.

Nothing Phone 1 သည် အစစအရာရာ အားလုံးကောင်းနေခြင်းတော့ မဟုတ်ပေ။ ဘက်ထရီ အားကြာကြာခံခြင်း မမြင့်မားချေ။ Android 13 update ကို ၂၀၂၃ နှစ်လယ်မတိုင်ခင် မရနိုင်ချေ။ နောက်ကျကျန်ရစ်သည်။ 

Source gizchina

 
Read times
Rate this item
(0 votes)