မြောက်ကိုရီးယားတွင် မိုဘိုင်းဖုန်း သုံးစွဲသူဦးရေ မြင့်တက်

မြောက်ကိုရီးယားတွင် မိုဘိုင်းဖုန်း သုံးစွဲသူဦးရေ မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 မြောက်ကိုရီးယားတွင် 3G ကွန်ရက်ကို ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီးကတည်းက သုံးစွဲသူများ စာရင်းသွင်းမှု ဆက်တိုက် တိုးလာခဲ့ရာ ယခုအခါ  အသုံးပြုနေသည့် မိုဘိုင်းလ်ဖုန်းအရေအတွက်မှာ ၆ ဒသမ ၅ သန်းမှ ၇ သန်းအထိ ရှိမည်ဟု ခန့်မှန်းကြောင်း အမေရိကန်မှ 38 North အမည်ရှိ Think Tank အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

.

မြောက်ကိုရီးယားအရေးကိစ္စများကို အထူးပြု လေ့လာဆန်းစစ်သည့် ဝါရှင်တန်အခြေစိုက် Think Tank အဖွဲ့က မြောက်ကိုရီးယား၏ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးဆိုင်ရာ ၎င်းတို့၏ နောက်ဆုံးသုတေသနမှ တွေ့ရှိချက်များကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တင်ပြခဲ့သည်။

.

ဂြိုလ်တုပုံရိပ်များအပေါ် အခြေခံ၍ ဆယ်လူလာ အခြေခံစခန်းပေါင်း ၁,၀၀၀ ကျော်၏  ခန့်မှန်းခြေ ဆယ်လူလာ လွှမ်းခြုံမှု မြေပုံကိုလည်း ပြသခဲ့သည်။

 

mobile_phones_44566y.png

 

မြောက်ကိုရီးယားတွင် ဆက်သွယ်ရေး အော်ပရေတာ ၂ ခုရှိပြီး ဖုံးနံပါတ် အရေအတွက်  စုစုပေါင်း ၆.၅ မှ ၇ သန်းအထိ ရှိနေပြီဟု ယူဆကြောင်း ပြောကြားခဲ့ပါသည်။

.

မြောက်ကိုးရီးယားတွက် ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုသာ ရှိပြီး တစ်ခုမှာ မြောက်ကိုရီးယားနှင့် အီဂျစ်နိုင်ငံ Orascom Telecom တို့ ဖက်စပ်လုပ်ကိုင်သည့် 'Koryolink' ဖြစ်သည်။ ကျန်တစ်ခုမှာ မြောက်ကိုရီးယား၏ Kang Song NET ဖြစ်သည်။

.

"3G ဝန်ဆောင်မှုစတင်ကတည်းက လွန်ခဲ့သော ၁၄ နှစ်အတွင်း  စာရင်းသွင်းမှု အရေအတွက်သည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်" ဟု 38 North Think Tank အဖွဲ့က ပြောကြားသည်။ 

Source Yonhap

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)