Ooredoo တာဝါတိုင် ၂၀,၀၀၀ ကွန်ရက် ဝယ်ယူရန် ဆော်ဒီ စိတ်ဝင်စား

Ooredoo တာဝါတိုင် ၂၀,၀၀၀ ကွန်ရက် ဝယ်ယူရန် ဆော်ဒီ စိတ်ဝင်စား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

ဆော်ဒီအာရေးဗီးယား အစိုရး၏  Public Investment Fund  PIF သည် ကာတာနိုင်ငံ အခြေစိုက် တယ်လီကွန်းကုမ္ပဏီ Ooredoo QPSC မှ ရောင်းချသည့် ကွန်ရက်တာဝါများအတွက် နောက်ဆုံးလေလံ လျှောက်ထားသူများထဲတွင် ပါဝင်လာသည်။

ထိုသတင်းကြောင့် Ooredoo ရှယ်ယာဈေးနှုန်းများ ကာတာနိုင်ငံ၏ မြို့တော် ဒိုဟာမှ ရှယ်ယာဈေးကွက်တွင် ဈေးနှုန်းများ ခုန်တက်သွားသည်။

Ooredoo ၏ ရှယ်ယာများသည် ၆.၉% ဈေးတက်သွားသည်။ ၅ နှစ်ကျော်အတွင်း အများဆုံးဖြစ်သည်။  Ooredoo ၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၉ ဘီလီယံခန့်ရှိသည်။

.

လေလံတွင် American Tower Corp., IHS Holding Ltd. နှင့် Helios Towers Plc တို့လည်း ပါဝင်ကြမည့် အလားအလာ ရှိတယ်။ တာဝါတိုင် စုစုပေါင်း ၂၀,၀၀၀ ဝန်းကျင်ကို ရောင်းချမည် ဖြစ်ရာ အားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ ဝယ်ယူရန် စိတ်ဝင်စားကြသည်။

 .

Ooredoo တာဝါပိုင်ဆိုင်မှုများသည် ပါရှန်းပင်လယ်ကွေ့ဒေသတွင် ဖြန့်ကျက်ထားသည်။ အယ်လ်ဂျီးရီးယား အပါအဝင် နိုင်ငံအချို့တွင်လည်း Ooredoo တာဝါပိုင်ဆိုင်မှုများ ရှိနေပါသည်။

စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၃ ဘီလီယံမှ ၅ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းသည်။ Ooredoo  က စက်တင်ဘာလတွင် ၎င်းပိုင်ဆိုင်လုပ်ကိုင်နေသည့် ဆက်သွယ်ရေး တာဝါတိုင် ၂၀,၀၀၀ ကို ရောင်းချမည်ဟု ကြေညာသည်။ ကုမ္ပဏီအနေဖြင့် ပိုင်ဆိုင်မှု ပေါ့ပေါ့ပါးပါးဖြင့် လုပ်ကိုင်သည့်ပုံစံ asset-light model သို့ ကူးပြောင်းနေကြောင်း ပြောကြားခဲ့သည်။

နိုင်ငံပိုင်လုပ်ငန်း တယ်လီကွန်း အော်ပရေတာ Ooredoo သည် မြန်မာနိုင်ငံမှ လုပ်ငန်းကဏ္ဍကို ကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချထားသည်။

၎င်း၏ ဒေတာစင်တာကိုလည်း။ "Go Digital Go Serverless" မူအရ ရောင်းထုတ်ပစ်ရန် စီစဉ်နေသည်။

Source finance yahoo

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(2 votes)