အာဖရိကမှာ Huawei က 5G ကွန်ရက်ထူထောင်

အာဖရိကမှာ Huawei က 5G ကွန်ရက်ထူထောင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

တရုတ်နိုင်ငံမှ နည်းပညာလုပ်ငန်းကြီး  Huawei Technologies Co က အာဖရိကမှာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်း“digital transformation” အတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖို့ ကတိပေးခဲ့ပါတယ်။

.

ပထမဆုံးအကြိမ် ကျင်းပတဲ့ Africa 5G Summit  မှာ "ကမ္ဘာ့ 5G စျေးကွက် တတိယလှိုင်းအနေဖြင့် အာဖရိကမှာ ၂၀၂၃ ခုနှစ်တွင် 5G ခေတ်သစ်ကို ဖွင့်လှစ်လိမ့်မယ်"လို့  Huawei ရဲ့ အာဖရိကမြောက်ပိုင်း လုပ်ငန်းကဏ္ဍ ဥက္ကဋ္ဌ Benjamin Hou၊ က ပြောကြားခဲ့ပါတယ်။

အာဖရိကမှာ Huawei က သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ  information and communications technology (ICT) အခြေခံ အဆောက်အအုံကို တည်ဆောက်ပေးနေပါတယ်။

.

Ivory Coast မှာ  Africa Cup of Nations ဘောလုံးပွဲ ကို ၂၀၂၄ နှစ်ဆန်းပိုင်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးတဲ့အခါ 5G သုံးစွဲနိုင်ဖို့ ယခုကတည်းက Huawei အကူအညီဖြင့် စတင်လုပ်ဆောင်နေပါတယ်။ 

တောင်အဖရိကနိုင်ငံနှင့် ကင်ညာနိုင်ငံ တို့ကလည်း Huawei ထူထောင်ပေးတဲ့ 5G ကွန်ရက်ကို သုံးစွဲနေကြပါတယ်။

Source SCMP


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)