နောက်ဆုံးပေါ် Samsung Galaxy A04e စမတ်ဖုန်းများအား မြန်မာနိုင်ငံစျေးကွက်တွင်ဝယ်ယူရရှိနိုင်ပြီ

ထူးခြားဆန်းသစ်သောဒီဇိုင်း၊ သင့်တင့်မျှတသောစျေးနှုန်းနှင့် နောက်ဆုံးပေါ် Samsung Galaxy A04e စမတ်ဖုန်းများအား မြန်မာနိုင်ငံစျေးကွက်တွင်ဝယ်ယူရရှိနိုင်ပြီ

 

 ထူးခြားဆန်းသစ်သောဒီဇိုင်း၊ သင့်တင့်မျှတသောစျေးနှုန်းနှင့် နောက်ဆုံးပေါ် Samsung Galaxy A04e စမတ်ဖုန်းများအား နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ စျေးကွက်တွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း Samsung Myanmar မှ ကြေညာခဲ့သည်။

.

 အဆင့်မြှင့်တင်ထားသော လုပ်ဆောင်ချက်များနှင့် ဖန်တီးထုတ်လုပ်ထားသော Galaxy A04e စမတ်ဖုန်းတွင် နေ့စဥ် လုပ်ဆောင်ချက်များအား ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် ကူညီပံ့ပိုးပေးနိုင်မည့် Android 12 version နှင့် Octa Core (2.3 GHz, 1.8 GHz) processor အပြင် စွမ်းအင်ချွေတာမှုစနစ်ပါဝင်သော 5,000 mAh ဘက်ထရီ ကိုလည်း ထည့်သွင်းပေးထားသည့်အတွက် အသုံးပြုသူများ၏ နေ့စဥ်ဘဝသုံးစွဲမှုများတွင် စိတ်ပူပန်စရာမရှိပဲ အသုံးပြုသွား နိုင်မည်ဖြစ်သည်။ ထို့အပြင် Galaxy A04e စမတ်ဖုန်း၏ ကြီးမားကျယ်ပြန့်‌သော ၆.၅ လက်မ HD+ PLS LCD မျက်နှာပြင်သည်လည်း ပိုမိုစွဲမက်ဖွယ်ကောင်းသောအရောင်များဖြင့် ကြည်လင်ပြတ်သားသော ကြည့်ရှုခံစားမှု အတွေ့အကြုံများကို အသုံးပြုသူများထံသို့ ပေးစွမ်းသွားနိုင်မည် ဖြစ်သည်။ ကင်မရာပိုင်းဆိုင်ရာတွင်လည်း ခေတ်မှီလုပ်ဆောင်ချက်များပါဝင်သော ကျောဖက်ကင်မရာ ၂ လုံး (13MP Main နှင့် 2MP Depth) နှင့် 5MP ရှေ့ကင်မရာများ ပါရှိသည့်အတွက် အသုံးပြုသူများ၏ နေ့စဥ်ဘဝအခိုက်အတန့်တိုင်းတွင် အရည်အသွေးမြင့် ရုပ်ပုံများနှင့် ဗီဒီယိုများကို ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။

 

Samsung_Galaxy_A04e___IMG2.jpg

.

"ကျွန်တော်တို့ Samsung အနေနဲ့ အသုံးပြုသူတိုင်းအတွက် အကောင်းဆုံး စမတ်ဖုန်း အတွေ့အကြုံကောင်းတွေကို ပေးစွမ်းနိုင်ဖို့ သာမက အသုံးပြုသူ အချင်းချင်း ပိုမိုအဆင်ပြေလွယ်ကူစွာ ချိတ်ဆက်နိုင်စေမယ့် ထုတ်ကုန်တွေကို ဆက်လက်ဖန်တီးထုတ်လုပ်သွားဖို့ အစဉ်မပြတ် အားသွန်ခွန်စိုက် ကြိုးပမ်းလျက် ရှိပါတယ်။ အဲ့ဒါကြောင့်လည်း အသုံးပြုသူတွေရဲ့နေ့စဥ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး ကူညီပံ့ပို့းပေးသွားနိုင်ဖို့အတွက် နောက်ဆုံးပေါ် Galaxy A04e စမတ်ဖုန်းကို သင့်တင့်မျှတတဲ့ စျေးနှုန်းနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်" ဟု Samsung Myanmar ၏ Managing Director ဖြစ်သူ Mr.Harrrison Song က မှတ်ချက်ပြုခဲ့သည်။

.

ဖန်သားကဲ့သို့တောက်ပြောင်သောကျောဘက်မျက်နှာပြင်နှင့် ဆန်းသစ်သော အရောင်တို့ကိုပေါင်းစပ်ထားသည့် ရင်သပ်ရှုမောဖွယ် ဒီဇိုင်းကျနလှပလှသည့် Galaxy A04e (3GB RAM / 32GB ROM) စမတ်ဖုန်းအား Black၊ Copper နှင့် Light Blue စသည့် နှစ်လိုဖွယ်အရောင်များဖြင့် ရရှိသွားနိုင်မည် ဖြစ်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ Samsung အရောင်းပြခန်းများနှင့် တရားဝင်အရောင်းကိုယ်စားလှယ်ဆိုင်များတွင် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်သည့် မြန်မာငွေကျပ် ၃၁၉,၀၀၀ ကျပ်နှင့် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ အစောဆုံး ဝယ်ယူအားပေးကြသူများကိုလည်း Samsung Myanmar မှ မေတ္တာလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။ ထိုမျှသာမက Samsung Care+ အစီအစဉ်တစ်ခုဖြစ်သည့် No Worry Crack ဝန်ဆောင်မှုကိုလည်း Galaxy A04e စမတ်ဖုန်းအား ဝယ်ယူပြီးသည့်နေ့မှစတင်ကာ ၆ လအတွင်း ခံစားသွားနိုင်မည် ဖြစ်ကာ မည်သို့သောအကြောင်းကြောင့်ဖြစ်စေ အရှေ့မျက်နှာပြင် မတော်တဆ အက်ကွဲမှု တစ်ကြိမ်အတွက် ပစ္စည်းဖိုးနှင့်လက်ခ ၅၀ ရာခိုင်နှုန်း သက်သာခွင့်ကိုလည်း ခံစားသွားနိုင် မည်ဖြစ်သည်။

.

Galaxy A04 စမတ်ဖုန်းအကြောင်းနှင့် Samsung Myanmar က ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များအကြောင်း အသေးစိတ်အချက်အလက်များကို  Samsung Myanmar ၏ တရားဝင်ဖေ့ဘုတ်ခ်စာမျက်နှာတွင်လည်းကောင်း၊ https://www.samsung.com  တွင်လည်းကောင်း ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။ 

 

Latest and affordable Samsung Galaxy A04e smartphone with

the sophisticated design is available in Myanmar

 

Samsung’s latest and affordable A series smartphone, Galaxy A04e with sophisticated design is available in Myanmar Market starting from 22nd Nov, 2022.

.

With enhanced features and functionalities, Galaxy A04e comes with android 12 version, powered by MediaTek P35 Octa-core (2.3 GHz, 1.8 GHz) processor, allowing the users to engage with smooth user experience for the daily activity and complemented by 5,000mAh battery with adaptive power saving mode can perform without limitations in everyone’s daily life. Moreover, Its 6.5” HD+ PLS LCD display can deliver a crystal clear viewing experience with

more captivating image colors. When it comes to the camera functions, Dual rear cameras (13MP Main and 2MP depth) and 5MP front camera are equipped with trending features for everyday shooting, bringing high-quality images and videos in every moment of their daily life.

“We remain committed to provide the best possible mobile experience with affordable price for the users as well as developing more convenient products to connect each other more seamlessly. By the reason of that, we are launching the new Galaxy A04e which is designed as a daily companion, ready to complete the users’ daily deliverables within the affordable price range to enhance daily productivities” said Mr.Harrison Song, Managing Director of Samsung Myanmar.

Glossy finish look with sophisticated color completed Galaxy A04e as a stunning design smartphone. Galaxy A04e (3GB RAM / 32GB ROM) comes with 3 colorways for purchase; black, copper and light blue and available at the price of 319,000 MMK at Samsung branded stores and retail stores nationwide. Upon early purchase, customers will also receive attractive gifts until the stocks last. In addition, users can enjoy up to 50% discount on front

screen cracking for one time within 6 months from the date of purchase under Samsung Care +’s No Worry Crack service.

.

To read more about the product and stay updated about the campaigns, please visit Samsung Myanmar official Facebook page or website at https://www.samsung.com

.

About Samsung Electronics Co., Ltd.

Samsung inspires the world and shapes the future with transformative ideas and technologies. The company is redefining the worlds of TVs, smartphones, wearable devices, tablets, digital appliances, network systems, and memory, system LSI, foundry and LED solutions. For the latest news, please visit the Samsung Newsroom at http://news.samsung.com and https://www.samsung.com.

Since its entry into the Myanmar market in October 2012, Samsung Myanmar has been bringing the most innovative and breakthrough products and technologies in order to enhance the lifestyle of Myanmar people. To date, Samsung Myanmar has been providing products and services to Myanmar people through 32 branded stores and 22 service centers across every region of the country, while creating thousands of job opportunities for Myanmar citizens.

 

 

Read times
Rate this item
(1 Vote)