တရုတ်ဈေးကွက် iPhone 14 Pro နှင့် Pro Max စောင့်ဆိုင်းချိန် တိုးမြှင့်

တရုတ်ဈေးကွက် iPhone 14 Pro နှင့် Pro Max စောင့်ဆိုင်းချိန် တိုးမြှင့်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်‌ဈေးကွက်အတွက် Apple ဝက်ဘ်ဆိုက်တွင် iPhone 14 Pro နှင့် Pro Max မော်ဒယ်များအတွက် စောင့်ဆိုင်းချိန် ငါးပတ်မှ ခြောက်ပတ်အထိ ကြာမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။

iPhone 14 နှင့် 14 Plus ကို မှာကြားသည့်နေတွင် ဖြစ်စေ၊ ဆိုင်တွင် လာယူ၍ဖြစ်စေ ချက်ချင်း ရနိုင်ပါတယ်။

iPhone 14 က ယခင် iPhone 13 နှင့် ထူးမခြားနား ဖြစ်နေတဲ့အတွက် ဝယ်ယူသူ နည်းပါးနေပါတယ်။ ထုတ်လုပ်မှု လျှော့ချထားရပါတယ်။

တရုတ်ပြည် အလယ်ပိုင်း ဟီနန် ပြည်နယ်၏ မြို့တော် ကျန်းကျိုးရှိ iPhone 14 Pro နှင့် Pro Max မော်ဒယ်များ ထုတ်လုပ်တဲ့ စက်ရုံမှာ ကိုဗစ်လော့ဒေါင်းကြောင့် အလုပ်သမားများ သောင်းချီတဲ့ ဦးရေဖြင့် အလုပ်ထွက်သွားခဲ့ကြလို့ အခက်ကြုံနေပါတယ်။

၎င်းစက်ရုံ ပိုင်ရှင် Foxconn Technology Group က စက်ရုံတွင် ထုတ်လုပ်မှု စွမ်းရည် အပြည့်အဝ ပြန်လည်ရရှိရန် အပြင်းအထန် ကြိုးစားနေပါတယ်။

၎င်းစက်ရုံ ပုံမှန်အချိန်မှာ လုပ်သား ဦးရေ ၁ သိန်းဝန်းကျင်ဖြင့် လုပ်ကိုင်ပါတယ်။ ယခုလို ခရစ်စမတ်နှင့် နှစ်သစ်ကူး ဈေးရောင်ရာသီအမှီ ထုတ်လုပ်ရချိန်မှာ လုပ်သားဦးရေ ၃ သိန်းဝန်းကျကျင်ဖြင့် လည်ပတ်ပါတယ်။ 

.

ယခုအခါ တရုတ်‌ဈေးကွက်အတွက် Apple ဝက်ဘ်ဆိုက်မှာ iPhone 14 Pro နှင့် Pro Max မော်ဒယ်များ မှာကြားလျှင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃ ရက် အစောဆုံးအနေဖြင့် ရရှိပါမယ်။

 ကမ္ဘာတစ်ဝှမ်းရှိ iPhone တင်ပို့ရောင်းချမှုအားလုံးရဲ့ ၁၅% ရာခိုင်နှုန်းကို တရုတ်ပြည်တွင်း ဈေးကွက်ထဲသို့ ပေးပို့ပါတယ်။

Source SCMP

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)