Samsung Galaxy S23 စီးရီးတွင် ဂြိုဟ်တု ဆက်သွယ်ရေး ပါလာနိုင်

Samsung Galaxy S23 စီးရီးတွင် ဂြိုဟ်တု ဆက်သွယ်ရေး ပါလာနိုင် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Samsung သည် ဂြိုဟ်တု ဆက်သွယ်ရေး အင်္ဂါရပ်အတွက် Iridium Communications ၏ အနိမ့်ပတ်လမ်း ဆက်သွယ်ရေး ဂြိုဟ်တု ၆၆ ခုကို အသုံးပြုမည်ဟု သိရသည်။

.

ကုမ္ပဏီသည် လာမည့် Galaxy S23 စီးရီးတွင် ဂြိုလ်တုချိတ်ဆက်မှုကို ပံ့ပိုးပေးရန်အတွက်  အမေရိကန်အခြေစိုက် Iridium Communications နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း တောင်ကိုရီးယားမှ ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

.

Samsung က ​​Galaxy S23 စီးရီးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။ 

ပေါက်ကြားမှုများအရ ယမန်နှစ်မှ Galaxy S22 စီးရီးထက် ဟာ့ဒ်ဝဲပိုင်း တိုးတက်မှု အနည်းငယ် ပါ၀င်သည့် ပစ္စည်း ၃ ခု ပါဝင်မည်ဟု  သိရသည်။

Qualcomm ၏ နောက်ဆုံးထုတ် Snapdragon 8 Gen 2 ချစ်ပ် သုံးနိုင်‌ေြခ များသည်။ ကင်မရာ တိုးတက်ကောင်းမွန်မည်။

စမတ်ဖုန်း အတွင်းသတင်းများကို ဖောက်သည်ချသည့် ဘလော့ဂါ Ice Universe က တွစ်တာတွင် ဂြိုလ်တုဆက်သွယ်ရေး ပါမည်ဟု အခိုင်အမာ ပြောကြားသည်။

Apple ၏  iPhone Pro နှင့် ကွာခြားချက်မှာ iPhone က အရေးပေါ် ဆက်သွယ်ရေးအတွက် စာတိုပို့ရန်အတွက်သာ ဖြစ်သည်။

Samsung က စာတိုနှင့် ဖိုင်အရွယ်အစား ငယ်သည့် low-resolution ပုံများ ပေးပို့နိုင်မည်။

 

စမတ်ဖုန်းတွင် ဂြိုဟ်တုဆက်သွယ်ရေး ရနိုင်ရန် modem-RF စနစ်သစ်အတွက် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပြီးပြီဟု သတင်းရင်းမြစ်က ဆိုသည်။

.

 Huawei သည် Mate 50 စီးရီးတွင် အလားတူ ဂြိုဟ်တုဆက်သွယ်ရေး  ထည့်ပေးထားပြီးပြီ ဖြစ်သည်။ Beidou ဂြိုဟ်တုများကို သုံးစွဲသည်။ စာသားများ လက်ခံခြင်း၊ ပေးပို့ခြင်း ပြုနိုင်သည်။ 

 Source xda developers


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)