2019 ( week 9 ) ရဲ့ လူကြိုက်အများဆုံး စမတ်ဖုန်း ( ၁၀ ) လုံး

2019 ( week 9 ) ရဲ့ လူကြိုက်အများဆုံး စမတ်ဖုန်း ( ၁၀ ) လုံး google

ဒီကြားထဲမှာ MWC ပွဲလည်း ကျင်းပခဲ့တာဆိုတော့ ဒီတပတ်မှာတော့

top ten list ထဲကို သချာပေါက် ဖုန်း အသစ်တွေ နေရာဝင်ယူ ပါလိမ့်မယ်။

အရင် week 7 တုန်းက စာရင်းရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ Samsung galaxy S10+ က အခု week 9 မှာ ထိပ်ဆုံး အဆင့် () နေရာက ပါဝင်လာပါတယ်။ စတင်ထွက်ရှိကတည်းက စာရင်းထဲမှာ အမြဲပါဝင်နေခဲ့တဲ့ galaxy S10+ က Ram 12 GB ၊ အလန်းစား ကင်မရာဒီဇိုင်းတွေနဲ့ ပွဲထွက်ခဲ့တာပါ။

အဆင့် () နေရာမှာတော့ စမတ်ဖုန်း ပရိတ်သတ်တွေ အမှန်အကန် လုယက်ဝင်ယူခဲ့ကြတဲ့ Redmi note 7 ရဲ့ second Gen ဖြစ်တဲ့ Redmi note 7 pro  ပဲဖြစ်ပါတယ်။ in-display fingerprint ၊ စွဲမက်စရာ ကာလာ ၊ ကင်မရာ 48 MP Sony IMX586 camera sensor ၊ နဲ့ဆိုတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်အုန်းမှာပါ။

အဆင့် ( ) နေရာမှာ တော့ Xiaomi က ကျနော်တို့ကို ဈေးနှုန်းသင့် တန်ဖိုးမြင့် ဖုန်းတစ်လုံး အမှန်အကန်ကြီး ပေးလိုက်တယ်လို့ တင်စားချင်ပါတယ်။ အဲ့ဒီဖုန်းကတော့ အမှန်အကန်တွေ လုပြီးဝယ်နေရတဲ့ Redmi note 7 ပါ။ အခုထိလည်း စောင့်နေရတဲ့ လူတွေ ရှိနေပါသေးတယ်။

အဆင့် () နေရာကိုတော့ ထူးထူးခြားခြား စာရင်းထဲ ကို အခုမှ ဝင်ရောက်လာတဲ့ vivo iQ00 ပါ။ Gaming အထူးပြု ဖုန်းမျိုးဖြစ်ပြီး အလန်းစား specs တွေနဲ့ပွဲထွက်လာခဲ့တာပါ။ ဂိမ်းဆော့နေရင် ဖုန်းပူလာမှာတော့ မစိုးရိမ်နဲ့ဗျ။ သူ့မှာ cooling system တွေ ပါဝင်ပြီး အပူထုတ်ယူမှုကို ကောင်းကောင်းကို ဖြေရှင်းပေးနိုင်မှာပါ။

အဆင့် () နဲ့ အဆင့် () နေရာမှာတော့ အရင်တပတ်က အဆင့် () နေရာမှာရပ်တည်နေခဲ့တဲ့ Samsung Galaxy M 20 နဲ့ အခုမှ စာရင်းထဲကို အသစ်ဝင်လာတဲ့ Galaxy S10 ပါ။

အဆင့် () နေရာမှာ တော့ 2019 ကို အကောင်းဆုံး ပုံဖော်ပေးမယ့် Huawei Mate X  ပါ။ ခေါက်ချိုးဖုန်း အမျိုးအစားဖြစ်ပြီး ကမ္ဘာ့အပါးဆုံး 5G ဖုန်းလို့လည်း တင်စားကြပါတယ်။

အဆင့် () နေရာမှာတော့ Samsung galaxy M30 ပါ။ စာရင်းအရတော့ ဆမ်ဆောင်းရဲ့ new series ဖြစ်တဲ့ M series ဖုန်း () လုံး လုံး ပါဝင်လာတာကို တွေ့ရမှာပါ။

အဆင့် () နေရာမှာတော့ ဟွာဝေးရဲ့ ခေါက်ချိုးဖုန်းကို အပြိုင်ဖိုက်မယ့် Samsung Galaxy Fold ပါ။ ဟွာဝေးနဲ့ ဘာကွာသွားလဲဆိုတော့ ဒီဖုန်းက အတွင်းဘက် ခေါက်ချိုးထားတာပါ။ ဟွာဝေးက အပြင်ဘက် ခေါက်ချိုးပုံစံပါ။ ပုံမှန်အတိုင်းသုံးမယ်ဆိုရင် မျက်နှာပြင် 7.3 လက်မနဲ့ မျက်နှာပြင်ကျယ်အသုံးပြုနိုင်ပြီး App တစ်ခုခုသုံးနေရင်းနဲ့ ခေါက်ချိုးပုံစံပြောင်းခဲ့သည့်တိုင်အောင် အပြင်ဘက် မျက်နှာပြင်မှာ သုံးလက်စအတိုင်း ပြန်ပေါ်ပေးနေမှာပါ။

အဆင့်(၁၀ ) နေရာကို ရောက်ရှိလာပါပြီ။ ဒီတပတ်ကတော့ စိတ်ဝင်စားစရာပါပဲ။ top ten စာရင်းထဲကို သရဲလာခြောက်သလားမှတ်ရတယ် ၊ အချိန်အတန်ကြာ စာရင်းထဲမှာ ပျောက်ဆုံးနေတဲ့ Sony က ပါဝင်လာခဲ့ပါပြီ။  Sony Xperia 1  ဆိုတဲ့ နာမည်နဲ့ ပွဲထွက်ခဲ့တာပါ။ 4K resolution ကြီးနဲ့နော်.။

ကျနော်အမြင်ကို ပြောရရင် ဒီတပတ်မှာ ထူးထူးခြားခြားလေးတွေ စာရင်းထဲ ပြောင်းလဲပါဝင်လာတာတွေ တွေ့ရတယ်။ အလန်းဆုံး ဒီဇိုင်းတွေ၊ အလန်းဆုံး ကင်မရာတွေ၊ ဒီဇိုင်းသစ် ခေါက်ချိုးဖုန်းတွေ၊ နာမည်ကြီး brand တွေအစုံအလင် မြင်တွေ့ရတဲ့ အပတ်ပါပဲ။

ကျိန်းသေပြောရဲတာ တစ်ခုကတော့ နောက်အပတ် week ၁၀ မှာ foldable ဖုန်းတွေ အဆင့် 1 to 5 အထိ ပါဝင်လာနိုင်မယ်လို့ ထင်မိတယ်ဗျ။ ဘာလို့လည်းဆိုတော့ trend ကိုက foldable trend ဖြစ်နေတာကို..ဗျ။

ict guide

Nga htet

Ref: GAMarena

Read times
Rate this item
(0 votes)