Mi Fit ရဲ့ ပြိုင်ဘက် download ကြိမ်ရေ သန်း ၅၀ ကျော်သွားပြီ ဖြစ်တဲ့ Fitbit

 Mi Fit ရဲ့ ပြိုင်ဘက် download ကြိမ်ရေ သန်း ၅၀ ကျော်သွားပြီ ဖြစ်တဲ့  Fitbit 

 

မရှိရင်လည်း ဖြစ်တဲ့ ကာယကြံ့ခိုင်ရေးအက်ပ် ဖြစ်တဲ့ Fitbit ကို  Google Play Store မှာ download ယူကြတာ ကြိမ်ရေ သန်း ၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ပြိုင်ဘက်ဖြစ်တဲ့  Mi Fit  ကို အမီလိုက်လာနေတာ တွေ့ရတယ်။ 

Fitbit လက်ပတ်ဟာလည်း အတော်ရေပန်းစားတယ်။ ၂၀၁၉ ခုနှစ်မှာ ခုရေ ၁၆ သန်းကျော် ရောင်းချခဲ့ရတယ်လို့ အချက်အလက် ဆန်းစစ်သုတေသနလုပ်ငန်း Statista မှ  ထုတ်ပြန်တဲ့ အချက်အလက်မှာ ဖော်ပြထားတယ်။  

Google Play Store မှာ ရယူရန် ပုံကို ထိပါ

Fitbit  လက်ပတ်ရဲ့ အဓိက ပြိုင်ဘက်က လူကြိုက်များတဲ့ Xiaomi Mi Band ဖြစ်ပါတယ်။ Fitbit ကို တိုက်ရိုက် ယှဉ်ပြိုင်နေတာဖြစ်ပြီး ဈေးသက်သာတဲ့ အားသာချက်ဖြင့် ထိုးနှက်နိုင်ဖို့ လုပ်ဆောင်နေတာ တွေ့ကြရတယ်။ download ရယူဖို့ Mi Fit app ကို ဖန်တီးပေးထားတယ်။ download  ကြိမ်ရေ သန်း ၅၀ ကို ကျော်ဖြတ်ပြီးပါပြီ။  

ယမန်နှစ်က  Mi Band 4  ကို ထုတ်ခဲ့ပြီး ယခုနှစ်မှာတော့   Mi Band 5 ကို ထုတ်တော့မှာ ဖြစ်ပါတယ်။ 

 

နောက်လ ထွက်မယ်လို့ တွစ်တာမှာ ဆိုထားတာမို့ ဇူလိုင်လမှာ တရုတ်ပြည် ပြင်ပဈေးကွက်တွေဆီကို ရောက်ရှိလာမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ၂၅ အမေရိကန်ဒေါ်လာ လို့ ကြေညာထားပါတယ်။

Google Play Store မှာ ရယူရန် ပုံကို ထိပါ

 

Read times
Rate this item
(0 votes)