အင်တာနက် ဂြိုဟ်တုပေါင်း ၄၆,၁၀၀ ဖြင့် ကမ္ဘာကို လွှမ်းခြုံမည်

ကုမ္ပဏီ ၄ ခု ဖြစ်တဲ့ SpaceX ၊ OneWeb ၊ Telesat နှင့် Amazon ရဲ့ Project Kuiper တို့ဟာ

လာမယ့် နှစ် အနည်းငယ်အတွင်းမှာ အင်တာနက် ဆက်သွယ်ရေးအတွက် ဂြိုဟ်တုပေါင်း ၄၆,၁၀၀ ကို ကမ္ဘာပတ်လမ်းထဲကို လွှတ်တင်ကြမှာ ဖြစ်ပါတယ်။ 

ရုရှားမှ ၁၉၅၇ ခုနှစ်မှာ ကမ္ဘာပတ်လမ်းထဲ Sputnik 1 ဂြိုဟ်တုကို အောင်အောင်မြင်မြင် လွှတ်တင်ပြီးတဲ့နောက်မှာ United Nations Office for Outer Space Affairs ရဲ့ စာရင်းအရ နှစ်ပေါင်း ၆၀ ကျော်အတွင်း ကမ္ဘာပတ်လမ်းထဲ ဂြိုဟ်တု အလုံးပေါင်း ၉၀၀၀ ကို လွှတ်တင်ခဲ့ကြတာထက် အခုနှစ်ပိုင်းမှာ လွှတ်တင်မယ့် ဂြိုဟ်တု အရေအတွက်က ၅ ဆကျော် ပိုများသွားမှာ ဖြစ်ပါတယ်။
အင်တာနက် ဆက်သွယ်ရေးအတွက် ဂြိုဟ်တုတွေ သုံးဖို့ ဖြစ်နိုင်လာတာဟာ
ဂြိုဟ်တုတွေ အရွယ်အစား အလေးချိန် လျော့နည်းသွားခြင်း
ထုတ်လုပ်မှုနဲ့ လွှတ်တင်တဲ့စရိတ် သက်သာသွားခြင်း
ဂြိုဟ်တုဆက်သွယ်ရေးမှာ ရင်းနှီးမြှုပ်နှံမှု ပိုများလာခြင်း
အသေးစားဂြိုဟ်တုကို ရည်ရွယ်ချက်တစ်ခုတည်းအတွက် စူးစိုက် အသုံးပြုခြင်းတို့ဟာ အဓိက အချက်တွေ ဖြစ်ပါတယ်။


Starlink
ဇွန်လ ၁၃ ရက်တွင် SpaceX က Falcon 9 ဒုံးပျံကို အသုံးပြုပြီး Starlink အင်တာနက် ဂြိုဟ်တု ၅၈ လုံးကို ကမ္ဘာပတ်လမ်းတွင် အောင်မြင်စွာ ပေးပို့နိုင်ခဲ့သည်။ ဇွန်လ ၁၃ ရက်တွင် SpaceX က Falcon 9 ဒုံးပျံကို အသုံးပြုပြီး Starlink အင်တာနက် ဂြိုဟ်တု ၅၈ လုံးကို ကမ္ဘာပတ်လမ်းတွင် အောင်မြင်စွာ ပေးပို့နိုင်ခဲ့သည်။ သို့ဖြစ်ရာ Starlink အင်တာနက် ဂြိုဟ်တု ၅၄၀ ခုကို ကမ္ဘာပတ်လမ်းတွင် ထားရှိပြီးပြီ ဖြစ်သည်။ အလုံး ၈၀၀ ဝန်းကျင်ကို ထားပြီးလျှင် အမေရိကန်နှင့် ကနေဒါတို့ကို ဂြိုဟ်တုသုံး အင်တာနက် ဝန်ဆောင်မှု စတင်ပေးအပ်နိုင်မည် ဖြစ်သည်။
Starlink မူလပထမ ရယူခဲ့သည့် ခွင့်ပြုမိန့်လိုင်စင်မှာ ဂြိုဟ်တု ၁၂ ၀၀၀ ခု ဖြစ်သည်. ထို့နောက် ကုမ္ပဏီက ထပ်တိုး ၈ြိုဟ်တု ၃၀ ၀၀၀ ထပ်မံလျှောက်ထားခဲ့သည်။ စုစုပေါင်း ၄၂ ၀၀၀ ရှိဖို့ လိုအပ်သည်ဟု ဆိုသည်။ ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင် Federal Communications Commission -FCC က စိစစ်ပေးပြီး သဘောတူခဲ့သည်။ ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးသမဂ္ဂ International Telecommunication Union ITU ထံ တင်ပြပေးပြီး ခွင့်ပြုချက်ကို FCC က တောင်းခံပေးရာ ခွင့်ပြုချက် ရရှိခဲ့သည်။
Starlink အတွက် အခြေခံ အဆောက်အအုံ ဖန်တီးရန် အမေရိကန်ဒေါ်လာ ဘီလျံချီ လိုအပ်သည်။ Starlink သည် အပြည့်အဝ လုပ်ကိုင်နိုင်သည့်အခါ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ ရရှိမည်ဟု ခန့်မှန်းထားသည်။ ဖိုင်ဘာကေဘယ်လိုင်း မရောက်ရှိနိုင်သော ဝေးလံခေါင်သီနေရာများသို့ အင်တာနက် လိုင်းကောင်းကောင်း ရနေစေမည်။ ထိုနေရာတို့သည် Starlink အတွက် ဖောက်သည်များ ရှိနေမည့်နေရာ ဖြစ်လိမ့်မည်။

OneWeb
OneWeb သည် Softbank အပါအဝင် ရင်းနှီးမြှုပ်နှံသူများက ကျောထောက်နောက်ခံပြုပေးထားသည်။ ပထမအသုတ် ဂြိုဧ်တု ၆ လုံး လွှတ်တင်ခဲ့ပြီးနောက် ငြိမ်ချက်သား ကောင်းနေသည်။ ဂြိုဟ်တု စုစုပေါင်း ၆၅၀ ထားရှိမည့် စီမံကိန်း ဖြစ်သည်။
ငွေလုံးငွေရင်း အမေရိကန်ဒေါ်လာ ၃ .၄ သန်း ကျော် ရရှိထားပြီး ကြိုးပမ်းအားထုတ်နေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ တစ်သုတ်လျှင် ဂြိုဟ်တု အလုံး ၃၀ စီ တင်ရန် အစီအစဉ်ရှိထားသော်လည်း နှောင့်နှေးနေသည်။ နောက်နှစ် ဇန်နဝါရီလကျမှ တစ်သုတ် လွှတ်တင်နိုင်မည်ဟု မျှော်မှန်းထားသည်။ ဂြိုဟ်တု လွှတ်တင်ရန် ဥရောပမှ Arianespace နှင့် ကန်ထရိုက်ချုပ်ထားသည်။ ကမ္ဘာပတ်လမ်းသို့ ဂြိုဟ်တုများ တွန်းပို့ရန် ရုရှားမှာ တည်ဆောက်သည့် ဆိုယု Soyuz ဒုံးပျံများကို သုံးမည် ဖြစ်သည်။

OneWeb သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ဂြိုဟ်တုများ ထုတ်လုပ်သည့် စက်ရုံထားရှိပြီး တစ်ရက်လျှင် ဂြိုဟ်တု ၂ လုံးအထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်။ ဂြိုဟ်တု တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁ သန်းခန့် ကုန်ကျသည်။


Amazon ၏ Project Kuiper

Amazon ကလည်း ဂြိုဟ်တု ကွန်ရက်အုပ်စု ထူထောင်မည်။ ဂြိုဟ်တု ခုရေ ၃၂၃၆ ခု ပါဝင်မည် ဖြစ်သည်။
SpaceX နှင့် OneWeb တို့ကဲ့သို့ ဂြိုဟ်တုလွှတ်တင်ခြင်း မပြုရသေးချေ။ Project Kuiper ကွန်ရက်အတွက် သက်ဆိုင်ရာ အာဏာပိုင်တို့ထံ အတည်ပြု ခွင့်ပြုချက် ရရှိရန် လျှောက်ထားဆဲ ဖြစ်သည်။
SpaceX မှ ဂြိုဟ်တုအစီအစဉ် ခေါင်းဆောင်ကို SpaceX ထူထောင်သူ Elon Musk က အလုပ်ဖြုတ်လိုက်သည်ကို Amazon က ခေါ်ယူခန့်ထားသည်။ Stalink အကောင်အထည်ဖော်နေသည်မှာ နှေးနေသဖြင့် Elon Musk က စိတ်မရှည်ဖြစ်ပြီး အဆိုပါ အစီအစဉ်ခေါင်းဆောင်ကို အလုပ်ထုတ်လိုက်ခြင်း ဖြစ်သည်။
Amazon ၏ Project Kuiper သည် အတည်ပြု ခွင့်ပြုချက်လည်း မရသေး။ ဂြိုဟ်တုများ ထုတ်လုပ်ရန်အတွက်လည်း မစတင်သေးပေရာ ပတ်လမ်းထဲ ဂြိုဟ်တုများ စတင်ရောက်ရှိဖို့ အနည်းဆုံး သုံးလေးနှစ်တော့ ကြာဦးမည်။ မြေပြင်စခန်းများကိုတော့ အကောင်အထည် ဖော်နေပြီ ဖြစ်သည်။

Telesat

အမေရိကန်ဒေါ်လာ ၃ ဘီလျံ ကုန်ကျမည့် စီမံကိန်းကို အကောင်အထည်ဖော်မည် ဖြစ်သော Telesat သည် ကနေဒါနိုင်ငံ အခြေစိုက် လုပ်ငန်းဖြစ်သည်။ ဒေသတွင်းကို ၂၀၂၂ ခုနှစ်တွင် ဝန်ဆောင်မှု စပေးမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ကမ္ဘာတစ်လွှားကို ဝန်ဆောင်မှုများ ပေးအပ်မည် ဖြစ်သည်။ ဂြိုဟ်တု အလုံး ၃၀၀ ခန့် သုံးစွဲမည် ဖြစ်သည်။

 

အင္တာနက္ ၿဂိဳဟ္တုေပါင္း ၄၆,၁၀၀ ျဖင့္ ကမာၻကို လႊမ္းၿခဳံမည္

ကုမၸဏီ ၄ ခု ျဖစ္တဲ့ SpaceX ၊ OneWeb ၊ Telesat ႏွင့္ Amazon ရဲ႕ Project Kuiper တို႔ဟာ လာမယ့္ ႏွစ္ အနည္းငယ္အတြင္းမွာ အင္တာနက္ ဆက္သြယ္ေရးအတြက္ ၿဂိဳဟ္တုေပါင္း ၄၆,၁၀၀ ကို ကမာၻပတ္လမ္းထဲကို လႊတ္တင္ၾကမွာ ျဖစ္ပါတယ္။
႐ုရွားမွ ၁၉၅၇ ခုႏွစ္မွာ ကမာၻပတ္လမ္းထဲ Sputnik 1 ၿဂိဳဟ္တုကို ေအာင္ေအာင္ျမင္ျမင္ လႊတ္တင္ၿပီးတဲ့ေနာက္မွာ United Nations Office for Outer Space Affairs ရဲ႕ စာရင္းအရ ႏွစ္ေပါင္း ၆၀ ေက်ာ္အတြင္း ကမာၻပတ္လမ္းထဲ ၿဂိဳဟ္တု အလုံးေပါင္း ၉၀၀၀ ကို လႊတ္တင္ခဲ့ၾကတာထက္ အခုႏွစ္ပိုင္းမွာ လႊတ္တင္မယ့္ ၿဂိဳဟ္တု အေရအတြက္က ၅ ဆေက်ာ္ ပိုမ်ားသြားမွာ ျဖစ္ပါတယ္။
အင္တာနက္ ဆက္သြယ္ေရးအတြက္ ၿဂိဳဟ္တုေတြ သုံးဖို႔ ျဖစ္ႏိုင္လာတာဟာ
ၿဂိဳဟ္တုေတြ အ႐ြယ္အစား အေလးခ်ိန္ ေလ်ာ့နည္းသြားျခင္း
ထုတ္လုပ္မႈနဲ႔ လႊတ္တင္တဲ့စရိတ္ သက္သာသြားျခင္း
ၿဂိဳဟ္တုဆက္သြယ္ေရးမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ ပိုမ်ားလာျခင္း
အေသးစားၿဂိဳဟ္တုကို ရည္႐ြယ္ခ်က္တစ္ခုတည္းအတြက္ စူးစိုက္ အသုံးျပဳျခင္းတို႔ဟာ အဓိက အခ်က္ေတြ ျဖစ္ပါတယ္။


Starlink
ဇြန္လ ၁၃ ရက္တြင္ SpaceX က Falcon 9 ဒုံးပ်ံကို အသုံးျပဳၿပီး Starlink အင္တာနက္ ၿဂိဳဟ္တု ၅၈ လုံးကို ကမာၻပတ္လမ္းတြင္ ေအာင္ျမင္စြာ ေပးပို႔ႏိုင္ခဲ့သည္။ ဇြန္လ ၁၃ ရက္တြင္ SpaceX က Falcon 9 ဒုံးပ်ံကို အသုံးျပဳၿပီး Starlink အင္တာနက္ ၿဂိဳဟ္တု ၅၈ လုံးကို ကမာၻပတ္လမ္းတြင္ ေအာင္ျမင္စြာ ေပးပို႔ႏိုင္ခဲ့သည္။ သို႔ျဖစ္ရာ Starlink အင္တာနက္ ၿဂိဳဟ္တု ၅၄၀ ခုကို ကမာၻပတ္လမ္းတြင္ ထားရွိၿပီးၿပီ ျဖစ္သည္။ အလုံး ၈၀၀ ဝန္းက်င္ကို ထားၿပီးလွ်င္ အေမရိကန္ႏွင့္ ကေနဒါတို႔ကို ၿဂိဳဟ္တုသုံး အင္တာနက္ ဝန္ေဆာင္မႈ စတင္ေပးအပ္ႏိုင္မည္ ျဖစ္သည္။
Starlink မူလပထမ ရယူခဲ့သည့္ ခြင့္ျပဳမိန႔္လိုင္စင္မွာ ၿဂိဳဟ္တု ၁၂ ၀၀၀ ခု ျဖစ္သည္. ထို႔ေနာက္ ကုမၸဏီက ထပ္တိုး ၈ျိုဟ္တု ၃၀ ၀၀၀ ထပ္မံေလွ်ာက္ထားခဲ့သည္။ စုစုေပါင္း ၄၂ ၀၀၀ ရွိဖို႔ လိုအပ္သည္ဟု ဆိုသည္။ ျပည္ေထာင္စု ဆက္သြယ္ေရး ေကာ္မရွင္ Federal Communications Commission -FCC က စိစစ္ေပးၿပီး သေဘာတူခဲ့သည္။ ကုလသမဂၢလက္ေအာက္ခံ အျပည္ျပည္ဆိုင္ရာ ေၾကးနန္းဆက္သြယ္ေရးသမဂၢ International Telecommunication Union ITU ထံ တင္ျပေပးၿပီး ခြင့္ျပဳခ်က္ကို FCC က ေတာင္းခံေပးရာ ခြင့္ျပဳခ်က္ ရရွိခဲ့သည္။
Starlink အတြက္ အေျခခံ အေဆာက္အအုံ ဖန္တီးရန္ အေမရိကန္ေဒၚလာ ဘီလ်ံခ်ီ လိုအပ္သည္။ Starlink သည္ အျပည့္အဝ လုပ္ကိုင္ႏိုင္သည့္အခါ တစ္ႏွစ္ဝင္ေငြ အေမရိကန္ေဒၚလာ ၃၀ ဘီလ်ံ ရရွိမည္ဟု ခန႔္မွန္းထားသည္။ ဖိုင္ဘာေကဘယ္လိုင္း မေရာက္ရွိႏိုင္ေသာ ေဝးလံေခါင္သီေနရာမ်ားသို႔ အင္တာနက္ လိုင္းေကာင္းေကာင္း ရေနေစမည္။ ထိုေနရာတို႔သည္ Starlink အတြက္ ေဖာက္သည္မ်ား ရွိေနမည့္ေနရာ ျဖစ္လိမ့္မည္။

OneWeb
OneWeb သည္ Softbank အပါအဝင္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ေက်ာေထာက္ေနာက္ခံျပဳေပးထားသည္။ ပထမအသုတ္ ၿဂိဳဧ္တု ၆ လုံး လႊတ္တင္ခဲ့ၿပီးေနာက္ ၿငိမ္ခ်က္သား ေကာင္းေနသည္။ ၿဂိဳဟ္တု စုစုေပါင္း ၆၅၀ ထားရွိမည့္ စီမံကိန္း ျဖစ္သည္။
ေငြလုံးေငြရင္း အေမရိကန္ေဒၚလာ ၃ .၄ သန္း ေက်ာ္ ရရွိထားၿပီး ႀကိဳးပမ္းအားထုတ္ေနခဲ့သည္မွာ ႏွစ္အတန္ၾကာခဲ့ၿပီ ျဖစ္သည္။ တစ္သုတ္လွ်င္ ၿဂိဳဟ္တု အလုံး ၃၀ စီ တင္ရန္ အစီအစဥ္ရွိထားေသာ္လည္း ေႏွာင့္ေႏွးေနသည္။ ေနာက္ႏွစ္ ဇန္နဝါရီလက်မွ တစ္သုတ္ လႊတ္တင္ႏိုင္မည္ဟု ေမွ်ာ္မွန္းထားသည္။ ၿဂိဳဟ္တု လႊတ္တင္ရန္ ဥေရာပမွ Arianespace ႏွင့္ ကန္ထ႐ိုက္ခ်ဳပ္ထားသည္။ ကမာၻပတ္လမ္းသို႔ ၿဂိဳဟ္တုမ်ား တြန္းပို႔ရန္ ႐ုရွားမွာ တည္ေဆာက္သည့္ ဆိုယု Soyuz ဒုံးပ်ံမ်ားကို သုံးမည္ ျဖစ္သည္။

OneWeb သည္ အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္တြင္ ၿဂိဳဟ္တုမ်ား ထုတ္လုပ္သည့္ စက္႐ုံထားရွိၿပီး တစ္ရက္လွ်င္ ၿဂိဳဟ္တု ၂ လုံးအထိ ထုတ္လုပ္ႏိုင္စြမ္း ရွိသည္။ ၿဂိဳဟ္တု တစ္လုံးလွ်င္ အေမရိကန္ေဒၚလာ ၁ သန္းခန႔္ ကုန္က်သည္။


Amazon ၏ Project Kuiper

Amazon ကလည္း ၿဂိဳဟ္တု ကြန္ရက္အုပ္စု ထူေထာင္မည္။ ၿဂိဳဟ္တု ခုေရ ၃၂၃၆ ခု ပါဝင္မည္ ျဖစ္သည္။
SpaceX ႏွင့္ OneWeb တို႔ကဲ့သို႔ ၿဂိဳဟ္တုလႊတ္တင္ျခင္း မျပဳရေသးေခ်။ Project Kuiper ကြန္ရက္အတြက္ သက္ဆိုင္ရာ အာဏာပိုင္တို႔ထံ အတည္ျပဳ ခြင့္ျပဳခ်က္ ရရွိရန္ ေလွ်ာက္ထားဆဲ ျဖစ္သည္။
SpaceX မွ ၿဂိဳဟ္တုအစီအစဥ္ ေခါင္းေဆာင္ကို SpaceX ထူေထာင္သူ Elon Musk က အလုပ္ျဖဳတ္လိုက္သည္ကို Amazon က ေခၚယူခန႔္ထားသည္။ Stalink အေကာင္အထည္ေဖာ္ေနသည္မွာ ေႏွးေနသျဖင့္ Elon Musk က စိတ္မရွည္ျဖစ္ၿပီး အဆိုပါ အစီအစဥ္ေခါင္းေဆာင္ကို အလုပ္ထုတ္လိုက္ျခင္း ျဖစ္သည္။
Amazon ၏ Project Kuiper သည္ အတည္ျပဳ ခြင့္ျပဳခ်က္လည္း မရေသး။ ၿဂိဳဟ္တုမ်ား ထုတ္လုပ္ရန္အတြက္လည္း မစတင္ေသးေပရာ ပတ္လမ္းထဲ ၿဂိဳဟ္တုမ်ား စတင္ေရာက္ရွိဖို႔ အနည္းဆုံး သုံးေလးႏွစ္ေတာ့ ၾကာဦးမည္။ ေျမျပင္စခန္းမ်ားကိုေတာ့ အေကာင္အထည္ ေဖာ္ေနၿပီ ျဖစ္သည္။

Telesat

အေမရိကန္ေဒၚလာ ၃ ဘီလ်ံ ကုန္က်မည့္ စီမံကိန္းကို အေကာင္အထည္ေဖာ္မည္ ျဖစ္ေသာ Telesat သည္ ကေနဒါႏိုင္ငံ အေျခစိုက္ လုပ္ငန္းျဖစ္သည္။ ေဒသတြင္းကို ၂၀၂၂ ခုႏွစ္တြင္ ဝန္ေဆာင္မႈ စေပးမည္ျဖစ္ၿပီး ၂၀၂၃ ခုႏွစ္တြင္ ကမာၻတစ္လႊားကို ဝန္ေဆာင္မႈမ်ား ေပးအပ္မည္ ျဖစ္သည္။ ၿဂိဳဟ္တု အလုံး ၃၀၀ ခန႔္ သုံးစြဲမည္ ျဖစ္သည္။

 

 

Read times
Rate this item
(0 votes)