တရုတ် စမတ်ဖုန်းတွေ ဈေးကွက်အုပ်စိုးမှု ရရှိ

Apple, Samsung နဲ့ Huawei တို့ဟာ စမတ်ဖုန်း ဈေးကွက်ရဲ့ ထိပ်ဆုံးနေရာတွေကို ရယူထားကြတယ်။  

သူတို့နောက်မှာ Xiaomi, Oppo နဲ့ Vivo တို့ ရှိနေကြတယ်။

 

Samsung က ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်း ကုမ္ပဏီဆိုတဲ့ သရဖူကို စမတ်ဖုန်း လုံးရေ အများဆုံး ရောင်းပြီး ဗိုလ်စွဲထားချိန်မှာ Apple က ကမ္ဘာပေါ်မှာ အမြတ်အများဆုံးရတဲ့ ကုမ္ပဏီ သရဖူကို ဆောင်းထားတယ်။


ပြီးခဲ့တဲ့နှစ်မှာ Huawei ရောင်းရတဲ့ စမတ်ဖုန်း လုံးရေက Apple ရောင်းရတဲ့ စမတ်ဖုန်း လုံးရေကို ကျော်တက်ပြီး ရောင်းချခုရေအရ ဒုတိယနေရာကို ရောက်ရှိသွားတယ်။ ထူးခြားချက်က ကြီးမားတဲ့ စမတ်ဖုန်း ဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ စမတ်ဖုန်း တစ်လုံးမှ ရောင်းခွင့်မရဘဲ Apple ကို ကျော်တက်ခဲ့တာ ဖြစ်ပါတယ်။

 

အာဖရိကမှာတော့ စမတ်ဖုန်း လုံးရေ အများဆုံး ရောင်းရတဲ့ နံပါတ် (၁)နေရာကို ယူထားတဲ့ Samsung ကို တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှ Transsion စမတ်ဖုန်းက ကျော်တက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Transsion က အာဖရိကကို စတင်ခြေချခဲ့ပြီး တစ်နှစ်အကြာမှာ Samsung ထက် ရောင်းချလုံးရေ သာသွားခဲ့တာ ဖြစ်ပါတယ်။

 

အခုလို အောင်ပွဲတွေ ခံနေပေမယ့် ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်မှာ ဝေစု ၄၀ ရာခိုင်နှုန်း ဝန်းကျင်ကိုသာ သိမ်းပိုက်ထားနိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီရာခိုင်နှုန်းက ပိုများလာနေတယ်။


စမတ်ဖုန်း ထုတ်လုပ်မှုအတွက် နည်းပညာပိုင်းမှာ တရုတ်စမတ်ဖုန်းတွေက ဆန်းသစ်တီထွင်မှုတွေ ရှိတယ်။ ရှန်ကျန်းမြို့မှ စမတ်ဖုန်းလုပ်ငန်း Royole က ခေါက်ဖုန်းကို အဦးဆုံး ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပြီး နာမည်မကြီးတာကြောင့် ပြည်ပဈေးကွက်တွေဆီကို မရောက်ခဲ့တာကြောင့် လူအများတို့က ခေါက်ဖုန်းကို ဈေးကွက်တွေထဲ အဦးဆုံး ချပြနိုင်ခဲ့တာ Samsung လို့ ထင်မှတ်မှားကြတယ်။

 

Xiaomi က သုံးခေါက်ချိုး trifold ဖုန်း ကို ထုတ်ပြထားတယ်။ ကိုဗစ်ကြောင့် ဈေးအရမ်းကြီးတဲ့ ဖုန်းဈေးကွက် အေးစက်နေတာကြောင့် ထုတ်လုပ်ရောင်းချခြင်း မပြုသေးဘူး။

Read times
Rate this item
(0 votes)