တရုတ်ပြည်ဖြစ် အက်ပ် ၅၉ + ၄၇ အိန္ဒိယ အစိုးရ ပိတ်ပင်

ပြီးခဲ့သည့်လက တရုတ်ကုမ္ပဏီများမှ တီထွင်ထားသော အက်ပလီကေးရှင်း ၅၉ ခု အားတိုင်းပြည်၏ လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု အကြောင်းပြပြီး ပိတ်ပင်ခဲ့သည့် အိန္ဒိယအစိုးရသည် နောက်ထပ်အက်ပ် ၄၇ ခုကို ပိတ်ပင်လိုက်သည်။ Ministry of Electronics and IT က ပိတ်ပင်သည့် အမိန့်စာအသစ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး အင်တာနက်စျေးကွက်ဖြစ်သေ ာအိန္ဒိယမှ TikTok, WeChat, ShareIt နှင့် UC Browser တို့ အပါအဝင် အက်ပ် ၅၉ ခုကိုပိတ်ပင်ခဲ့ခြင်းသည် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံနှစ်ခုအကြား နောက်ဆုံးဖြစ်ပေါ်နေသည့် ပဋိပက္ခကို ထင်ဟပ်ပြသနေသည်။

 

ပြီးခဲ့သည့်လများအတွင်း အိန္ဒိယနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ တက်ကြွလာခဲ့ပြီးပြီးခဲ့သည့်လက ဟိမဝန္တာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အိန္ဒိယစစ်သား ၂၀ ကျော်သေဆုံးခဲ့သည်။

 

ပိတ်ပင်ခြင်း မပြုခင် မေလတွင် TikTok, Club Factory , UC Browserနှင့် အခြားပိတ်ပင်ခံရသည့်အက်ပ်များ သုံးစွဲသူဦးရေသည် အိန္ဒိယတွင် လစဉ် ပုံမှန်သုံးနေသူ သန်း ၅၀၀ ကျော်အထိ ရှိခဲ့သည်။

 

အိန္ဒိယအစိုးရသည် တရုတ်အက်ပ်များနှင့် ၀ န်ဆောင်မှုများကို ပိုမိုကန့်သတ်ရန်ဦးတည်ထားသည်။ နောက်ထပ် အက်ပ် ၂၇၅ ခုကို ပြန်လည်စစ်ဆေးနေသည်။ ByteDance’၏ Resso music streaming service, Ali Express တို့ ပါဝင်သည်။


ပွဲလန့်တုန်း ဖျာခင်းကြသည်မှာ မကြာသေးမီ ရက်သတ္တပတ်များအတွင်း နာမည်ကြီးတရုတ် အက်ပ်များကို ပိတ်ပင်ထားမှုကြောင့် အိန္ဒိယမှ ကုမ္ပဏီများသည် အလျင်အမြန် ၀ င်ရောက်လာခဲ့ကြပြီး ပရိသတ် စုဆောင်းကြသည်။ InMobi Group မှ Roposo နှင့် Twitter မှကျောထောက်နောက်ခံပေးထားသော Sharechat သည် ယခုလအတွင်းအသုံးပြုသူသန်းပေါင်းများစွာကို စုဆောင်းထားနိုင်ခဲ့သည်။

 

အိန္ဒိယနိုင်ငံတွင်ပိတ်ပင်မှုကို အကြီးမားဆုံးခံစားခွင့်ရသူမှာ ဖေ့စ်ဘွတ်ခ်ဖြစ်သည်။ သုတေသနကုမ္ပဏီ Kantarမှ ခန့်မှန်းတွက်ချက်မှုအရ Facebook ၏ ၀န်ဆောင်မှုများနှင့် Instagram တို့သည် လတ်တလော သီတင်းပတ်အတွင်း သုံးစွဲသူများနှင့် ထိတွေ့ဆက်ဆံမှု ၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

Read times
Rate this item
(0 votes)