TikTok ပိုင်ရှင် Bytedance စင်ကာပူတွင် ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံရန် စီစဉ်

Bytedance တည်ထောင်သူ အမှုဆောင်အရာရှိချုပ် Zhang Yiming

တရုတ်နိုင်ငံမှ ဗီဒီယိုအတိုများ မျှဝေသည့် TikTok ၏အက်ပလီကေးရှင်း ပိုင်ရှင် ByteDance သည်

ယင်း၏ ကမ္ဘာ့ ဈေးကွက်တိုးမြှင့်ရေး အစိတ်အပိုင်းတစ်ခု အဖြစ် စင်ကာပူကို အချက်အချာ ထားပြီး လုပ်ဆောင်သွားရန် စီစဉ်နေသည်။


ပေကျင်းအခြေစိုက်ကုမ္ပဏီဖြစ်သော ByteDance သည် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲမည်ဖြစ်ပြီး စင်ကာပူ အစိုးရထံ၌ ဒစ်ဂျစ်တယ်ဘဏ်တစ်ခု လုပ်ကိုင်ရန်အတွက်လည်း လိုင်စင်လျှောက်ထားသည်။ စင်ကာပူတွင် လာမည့်သုံးနှစ်အတွင်း ရာပေါင်းများစွာသောအလုပ်အကိုင်များကို ဖန်တီးပေးမည် ဖြစ်သည်ဟုလည်း ဆိုသည်။
အမေရိကန်ပြည်ထောင်စု၌ ၎င်း၏ TikTok ကို ရောင်းရန် Trump အုပ်ချုပ်ရေးက ဖိအားပေးပြီး အတင်းအကျပ်ခိုင်းစေခိုင်းခြင်း ခံနေရစဉ် ယခုလို ရင်းနှီးမြှုပ်နှံမှု ပြုရန် စီစဉ်နေခြင်း ဖြစ်သည်။ TikTok ကို အိန္ဒိယနိုင်ငံတွင် ပိတ်ပင်ထားသည်။

အရှေ့တောင်အာရှရှိ လူဦးရေ သန်း ၆၅၀ သည် စမတ်ဖုန်းကို အကြောင်းကိစ္စ အမျိုးမျိုးတို့အတွက် အင်တာနက်တက်ပြီး သုံးစွဲမှုများ ပိုမိုများပြားလာနေစဉ် တရုတ်နိုင်ငံမှ အခြားနည်းပညာလုပ်ငန်းကြီးများ ဖြစ်ကြသည့် Alibaba Group Holding နှင့် Tencent Holdings တို့သည် ယင်းဈေးကွက်ထဲသို့ လမ်းပေါက်နေကြပြီး ဖြစ်ပြီး ByteDance က နောက်ကျနေခဲ့သည်။

စင်ကာပူနိုင်ငံ၌ ByteDance မှ ဖော်ဆောင်မည့် အစီအစဉ်တွင် ဒေတာစင်တာတစ်ခုတည်ဆောက်မည် ဖြစ်သည်။ လုပ်ငန်း လည်ပတ်မှုကို ဆော့ခ်ဝဲလ် ကုမ္ပဏီ Lark နှင့်အတူ လုပ်ကိုင်မည်။

ByteDance သည် စင်ကာပူတွင် အလုပ်အကိုင်အခွင့်အလမ်း ၂၀၀ကျော်အထိ ဖန်တီးပေးမည် ဖြစ်ပြီး
အွန်လိုင်းငွေပေးချေမှုမှသည် အီလက်ထရွန်းနစ်ကူးသန်းရောင်း ဝယ်မှုနှင့် ဒေတာဆိုင်ရာ အလုပ်အကိုင် ရာထူးနေရာများအတွက်ဖြစ်သည်။

လက်ရှိအနေအထားတွင် ကုမ္ပဏီသည် စင်ကာပူမှာ ၀န်ထမ်း ၄၀၀ ဝန်းကျင် ခန့်ထားပြီး နည်းပညာ၊ အရောင်းနှင့်စျေးကွက်ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

Read times
Rate this item
(0 votes)