JOOX မှ “အလင်းနှင့် အမှောင်” ရော့ခ်တေးစီးရီး အယ်လ်ဘမ် အသစ်ကို JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် စတင်မိတ်ဆက်

မြန်မာပြည်၏ ဂီတလောကအခြေအနေမှာ COVID-19 ရိုက်ခတ်မှု၏ဒဏ်ကို ခံစား နေရပြီး Live Show ပွဲများနှင့် အယ်လ်ဘမ်ထွက်ရှိရန် ပြင်ဆင်ထားမှုများမှာလည်း လတ်တလောတွင် ဆိုင်းငံ့ထားရသည်။ သို့သော်လည်း သီချင်းအသစ်များကို မျှော်လင့်တောင့်တမှုများမှာ ယခင်ကကဲ့သို့ အားကောင်းဆဲဖြစ်သည်။

 

ထို့ကြောင့် ပရိတ်သတ်များ မျှော်လင့်ထားသည့်အတိုင်း မြန်မာနိုင်ငံ၏ ရေပန်းစားလျက်ရှိသော JOOX အက်ပလီကေးရှင်းမှ ယခု အောက်တိုဘာလအတွင်းတွင် မြန်မာရောခ့် သီချင်းများပါဝင်သည့် ကိုယ်ပိုင်သံစဉ် အယ်လ်ဘမ်တစ်ခုကို JOOX အက်ပလီကေးရှင်းမှ ထုတ်လွှင့်သွားမည်ဖြစ်သည်။

 

အယ်လ်ဘမ်ကို “အလင်းနှင့် အမှောင်” ဟု အမည်ပေးထားပြီး Covid ကာလအတွင်း စိတ်ညစ်ညူးမှုများ ပပျောက်စေရန်နှင့် ယခုအခါ ရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားနိုင်စေရန် ရည်ရွယ်၍ အယ်လ်ဘမ်၏ နာမည်ကို ပေးထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ အဆိုးများ ပြီးဆုံးသွားလျှင် ကောင်းမွန်သော နေ့ရက်များ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး အားလုံး အတူတူ ရင်ဆိုင်အားတင်းကာ ကျော်ဖြတ်ကြရန် ဆိုလိုခြင်းဖြစ်သည်။

 

အဆိုပါ အယ်လ်ဘမ်သည် JOOX နှင့် The Sun Music Production တို့အတူ ပူးပေါင်း၍ ပြုလုပ်ထားခြင်းဖြစ်သည်။ ယင်း အယ်လ်ဘမ်ကို JOOX အက်ပလီကေးရှင်းတွင်သာ နားထောင်နိုင်မည်ဖြစ်ပြီး မူရင်းသီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်မည်ဖြစ်ကာ ဝေလ၏ “မပတ်သက်ပါနဲ့” သီချင်းနှင့် Idiot ၏ “K” သီချင်း နှစ်ပုဒ်မှာ ထွက်ရှိပြီးဖြစ်သည်။ ကျန်ရှိသော သီချင်းများကို JOOX အက်ပလီကေးရှင်းပေါ်မှတစ်ဆင့် ထုတ်လွှင့် သွားမည်ဖြစ်သည်။ သီချင်း ၁၂ ပုဒ်၏ အမည်များနှင့် သီဆိုထားသည့် တေးသံရှင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 

မောင်မောင်ဇော်လတ် – ငါ့အတွက်

လှိုင်ဦးမော် – အိမ်ပြန်ချင်တယ်

နောနော် – ခဏလောက် အိမ်ပြန်လိုက်ချင်

Wanted – ဇာတ်လမ်းဟောင်း

Reason – Diary

Idiots – K

ဝေလ – မပတ်သက်ပါနဲ့

ဖိုးပြည့် - အဆိပ်

Eternal Gosh – စိတ်ချပါ

လင်းအိမ် – အလင်း

ခင်စုစုနိုင် – ဝေးမယ့်တစ်နေ့

ငဲငယ်လေး – အစကတည်းက

 

“ကျွန်တော်တို့ဟာ ဂီတရဲ့ ခွန်အားနဲ့အတူ သုံးစွဲသူပရိတ်သတ်တွေကို အကောင်းမွန်ဆုံး ခံစားမှုရသများနဲ့ ခက်ခဲတဲ့ အချိန်တွေမှာ စိတ်သက်သာရစေချင်တာကြောင့် ဒီတစ်ခါမှာတော့ ရော့ခ်ဂီတနဲ့ မိတ်ဆက်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်” ဟု JOOX Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ Mr. John Zhang က ပြောကြားခဲ့သည်။ “ဒါဟာ The Sun Music နဲ့ ပထမဆုံးအကြိမ် ပူးပေါင်းတင်ဆက်တာဖြစ်ပြီး သူတို့နဲ့ အလုပ်အတူတွဲလုပ်ရတာဟာ အလွန်ပဲ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ အတူတူ တွဲဖက်လုပ်ကိုင်ခဲ့ကြတဲ့သူတွေလည်း ကျွန်တော့်လိုပဲ ခံစားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 

ပါဝင်တဲ့ ဂီတပညာရှင်တွေ ဟာလည်း သီချင်းကောင်းတွေ ဖန်တီးနိုင်ဖို့ အားသွန်ခွန်စိုက်နဲ့ ကြိုးစားခဲ့ကြတာကြောင့် ဒီသီချင်းတွေကို နားထောင်ရင်းနဲ့ စိတ်လှုပ်ရှားစရာ ကောင်းပြီးတော့ စိတ်ညစ်ရတဲ့ အချိန်တွေကနေ ခဏဖြစ်ဖြစ် လွတ်မြောက်နိုင်မယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်” ဟု ထပ်မံ ပြောကြားခဲ့သည်။

 

JOOX သည် “Freemium” အခမဲ့ သီချင်းနားထောင်နိုင်ရသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဟောင်ကောင်၊ မကာအို၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာအပါအဝင် အာရှဈေးကွက်တွင် ရယူနားဆင်နိုင်မည်ဖြစ်သည်။ JOOX ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူဦးရေ သန်းပေါင်း ၂၉၀ ကျော်ရှိပြီး ၁၅ ဘီလီယံ ကျော် နားဆင်လျက်ရှိသည်။

 

JOOX သည် နိုင်ငံတစ်နိုင်ငံချင်းစီမှ အသုံးပြုသူများ၏ ဂီတအပေါ် စိတ်ဝင်စားမှုများအလိုက် ဝန်ဆောင်မှုများကို ထောက်ပံ့လျက်ရှိသည်။ JOOX တွင် မြန်မာ သီချင်းအားလုံးကို အခမဲ့နားဆင်နိုင်မည်ဖြစ်ပြီး အချို့သော နိုင်ငံတကာမှ သီချင်းများကိုသာလျှင် VIP Membership ဝယ်ယူ၍ နားဆင်နိုင်မည်ဖြစ်သည်။

 

JOOX အက်ပလီကေးရှင်းမှ မကြာသေးမီက ကျင်းပခဲ့သည့် လှုပ်ရှားမှုများမှာ သြဂုတ်လ ၃ ရက်မှ ၁၄ ရက်အတွင်း ပြုလုပ်ခဲ့သည့် ပထမနှစ်ဝက်ဆုပေးပွဲ၊ World Music Day အထိမ်းအမှတ် “Sounds of Happiness” နှင့် အိမ်မှာနေစဉ်အတွင်း စိတ်ပူပန်မှုများ ပပျောက်စေရန်နှင့် ကျန်မာရေးပညာပေးများကို လိုက်နာနိုင်စေရန် စိတ်ခွန်အားပေးသည့် Covid -19 Playlist ကိုလည်း ဖန်တီးပေးခဲ့သည်။

Read times
Rate this item
(0 votes)