CVC Capital က ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်း IGT ကို ဒေါ်လာ သန်း ၇၀၀ ဖြင့် ဝယ်ယူရန် နီးစပ်

CVC Capital Partner က မြန်မာနိုင်ငံမှ ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန် Irrawaddy Green Towers (IGT) ကို ေဒါ်လာ သန်း ၇၀၀ ဖြင့် ဝယ်ယူရန် နီးစပ်နေပြီဟု Bloomberg သတင်းမီဒီယာတွင် ဖော်ပြထားသည်။

 

အဆိုပါ အရောင်းအဝယ်တွင် မလေးရှားမှ Axiata နှင့် တရုတ်မှ Guodong တို့ကလည်း ဈေးပြိုင်ပေးပြီး ယှဉ်ပြိုင်နေကြသည်။

 

အကယ်၍ အရောင်းအဝယ် ဖြစ်မြောက်ခဲ့လျှင် ဤ အရောင်းအဝယ်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး စံချိန်ဖြစ်လိမ့်မည်။

 

အကြီးဆုံစံချိန်မှာ ၂၀၁၇ ခုနှစ်တွင် Thai Beverage PCL မှ Myanmar Distillery အုပ်စုတွင် ၇၅% ရှယ်ယာကို ဒေါ်လာ ၇၄၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

CVC Capital Partner နှင့်အတူ ပြိုင်ဆိုင်နေသည့် လုပ်ငန်းနှစ်ခုမှာ တရုတ်နိုင်ငံမှ ဝါယာလက် အခြေခံအဆောက်အအုံ ကုမ္ပဏီ Guodong Group နှင့် မလေးရှားမှ အကြီးမားဆုံး ဝါယာလက် အော်ပရေတာ Axiata Group Bhd. ၏ လုပ်ငန်းစုတစ်ခု ဖြစ်သော edotco Group Sdn. တို့ ဖြစ်ကြောင်း မေလက Bloomberg News တွင် ဖော်ပြခဲ့သည်။

 

Irrawaddy Green Towers ကို ၂၀၁၄ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်သော Telenor နှင့် Ooredoo တို့အား ဆက်သွယ်ရေးတာဝါတိုင် ဝန်ဆောင်မှုများ ပေးလျက် ရှိသည်။

 

Irrawaddy Green Towers ကုမ္ပဏီကို စင်ကာပူအခြေစိုက် Irrawaddy Towers Asset Holding Pte, က ပိုင်ဆိုင်ထားပြီး ၎င်းကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့အခြေစိုက် Blu Stone Management နှင့် လက်ဘနွန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း M1 Group တို့က ကျောထောက်နောက်ခံ ပြုပေးထားသည်။

Read times
Rate this item
(0 votes)