Facebook passwords ခိုးယူသည့် app ၉ ခု Play Store မှ ဖယ်ရှား

Google က အက်ပ်သုံးစွဲသူ၏ Facebook passwords ကို မသမာသော နည်းလမ်းဖြင့် ရယူနေသည့် အကပ် ၉ ခုကို ၎င်း၏ Play Store မှ ဖယ်ရှားလိုက်သည်။

အဆိုပါ အက်ပ်တို့သည် Facebook sign-in page ကို စခရင်တွင် တင်ပေးပြီး password ရိုက်ထည့်စေခြင်းဖြင့် passwords ကို ရယူကြသည်။

၎င်းအက်ပ်များကို Play Store မှ ရယူထားကြသည့် ကြိမ်ရေမှာ ၅.၈ သန်းကျော် ရှိသည်။

၎င်းအက်ပ်များကို Play Store တွင် တင်ထားသည့် developer များကို အပြီးတိုင် ပိတ်ပင်လိုက်သည်။

၎င်းအက်ပ် ၉ ခုတွင် ပါဝင်သည့် Processing Photo သည် Play Store မှ ရယူထားသည့် ကြိမ်ရေ ၅ သိန်းကျော် ရှိသည်။

၎င်းအက်ပ် ၉ ခု စာရင်းကို ဖော်ပြအပ်ပါသည်။

  • Processing Photo,
  • App Lock Keep,
  • Rubbish Cleaner,
  • Horoscope Daily,
  • Horoscope Pi,
  • App Lock Manager,
  • Lockit Master,
  • Inwell Fitness
  • PIP Photo.

Source: www.androidcentral.com

Read times
Rate this item
(0 votes)