TikTok ရဲ့ စီအီးအို Shou Zi Chew ကို တွေ့ဆုံခြင်း

အသက် ၃၉ နှစ် အရွယ်ရှိ Shou Zi Chew က TikTok ရဲ့ စီအီးအို ဖြစ်မလာခင်မှာ Facebook ၊

စမတ်ဖုန်း Xiaomi ၊ နည်းပညာမဟာလုပ်ငန်းကြီး Bytedance တို့မှာ အဆင့်မြင့် ရာထူးဖြင့် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

နည်းပညာလုပ်ငန်းတွေက ကိုယ်ပိုင်လုပ်ငန်းအဖြစ် စတင်လုပ်ကိုင်ကြရင်း အောင်မြင်ဖြစ်ထွန်းလာတဲ့အခါ အများပိုင်လုပ်ငန်းအဖြစ်သို့ ပြောင်းလဲဖို့ ရှယ်ယာတွေကို လူထုထံ ရောင်းချကြတယ်။ အဲဒီလို အရင်ဆုံး ကနဉီး လူထုထံ ရှယ်ယာ် ကမ်းလှမ်းခြင်း initial public offering ( IPO) လုပ်ကိုင်တာမှာ Shou Zi Chew အောင်မြင်မှု ရရှိခဲ့တယ်။

သူက ဘယ်သူလဲ။ မီဒီယာတွေမှာ သူ့အကြောင်း တွေရခဲတယ်။

ယခုအခါ အသက် ၃၉ နှစ်ရှိသူ Shou Zi Chew က စင်ကာပူနိုင်ငံမှ ဖြစ်ပါတယ်။
သူက University College London မှ စီးပွားရေးပညာရပ်ဖြင့် ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ်မှာ MBA အတွက် Harvard Business School တက်ရောက်ခဲ့တယ်။ အဲဒီမှာ ကျောင်းတက်နေစဉ် အိုင်တီလုပ်ငန်းသစ် Facebook အတွက် သူလုပ်ကိုင်ခဲ့တယ်။ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှာ Facebook အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲပြီး IPO ရှယ်ယာတွေ ရောင်းချခဲ့ပါတယ်။

သူ့ရဲ့ ဇနီး Vivian Kao ကို Harvard တက်နေစဉ် ဆုံဆည်းခဲ့တယ်။ ယခုအခါ သူတို့မှာ ကလေး ၂ ယောက် ရရှိထားပြီး ဖြစ်ပါတယ်။

 

1a133c9905859a1671371ebd86f492.jpg

Chew က Xiaomi ရဲ့ ဘဏ္ဍာရေးမှူးချုပ် CFO ဖြစ်လာတယ်။ Xiaomi ရဲ့ စီအီးအိုက ဟောင်ကောင် စတော့အိပ်ချိန်းမှာ စာရင်းဝင်ဖို့ လုပ်ကိုင်ခိုင်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်မှာ စာရင်းဝင်ကုမ္ပဏီအဖြစ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့တယ်။ အဲဒီမှာ IPO ရှယ်ယာတွေ ရောင်းချခဲ့တာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး နည်းပညာဆိုင်ရာ IPO အဖြစ်သို့ ရောက်ရှိတဲ့အထိ ဈေးနှုန်းသတ်မှတ်ရောင်းချနိုင်ခဲ့တယ်။
၂၀၁၉ ခုနှစ်မှာ Chew က Xiaomi ရဲ့ international business president ဖြစ်လာခဲ့ပါတယ်။

Xiaomi မှာ Chew ဝင်မလုပ်ခင်က ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်း Goldman Sachs မှာ နှစ်နှစ်တိုင်တိုင် လုပ်ကိုင်ခဲ့တယ်။
.အစ္စရေး-ရုရှား ကပြား အိုင်တီဘီလျံနာ Yuri Milner ထူထောင်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း DST မှာ ငါးနှစ်တိုင်တိုင် လုပ်ကိုင်ခဲ့တယ်။ အဲဒီလုပ်ငန်းက Bytedance ရဲ့ အစောပိုင်းကာလ ရင်းနှီးမြှုပ်နှံသူတွေပါဝင်တဲ့ အဖွဲ့နဲ့ လုပ်ကိုင်ရတော့ Chew က အဖွဲ့ကို Business Chief အဖြစ်ဖြင့် ဦးဆောင်ပေးခဲ့ရတယ်။ အဲဒီအတွေ့အကြုံမှာ Bytedance ထူထောင်သူနဲ့ စီအီးအို Zhang Yiming က Chew ကို သဘောကျတယ်။

၂၀၂၁ မတ်လမှာ Bytedance မှာ Chew အလုပ်ဝင်တယ်။ ဘဏ္ဍာရေးမှူးချုပ် chief financial officer အဖြစ် လုပ်ကိုင်ခဲ့တယ်။
မေလမှာ Bytedance ရဲ့ ထီးရိပ်အောက်မှ လုပ်ငန်းဖြစ်တဲ့ TikTok ရဲ့ စီအီးအို ဖြစ်လာတယ်။ သူ့အရင် စီအီးအို လုပ်ခဲ့သူ Kevin Mayer က Walt Disney ကနေ TikTok ကို စီအီးအိုအဖြစ် ရောက်လာခဲ့တယ်။
TikTok ကို ထရန့်ပ်အစိုးရက သုံးစွဲသူအချက်အလက်တွေ တရုတ်ကွန်မြူနစ်ပါတီကို ပေးအပ်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် အမျိုးသားလုံခြုံရေးအတွက် TikTok ကို အမေရိကန်နိုင်ငံမှာ ပိတ်ပင်မယ်လို့ ပြောဆိုခဲ့တယ်။
အဲဒီအခြေအနေမှာ စီအီးအိုအသစ် သက်တမ်း သုံးလအရမှာ TikTok ကနေ နုတ်ထွက်လိုက်တယ်။
နေရာလစ်လပ်နေတာကို မေလမှာ Chew ကို တာဝန်ပေးအပ်ခဲ့တယ်။
ဘိုင်ဒင်အစိုးရ တက်လာတဲ့အခါ ထရန့်ပ် အဆိုပြုထားတဲ့ TikTok app ပိတ်ပင်ဖို့ ကိစ္စကို ဇွန်လမှာ ပယ်ဖျက်ပစ်လိုက်တယ်။

Read times
Rate this item
(0 votes)