Meta က Messenger နှင့် Instagram တို့ E2EE ဖြစ်ဖို့ ၂၀၂၃ သို့ အချိန်ရွှေ့ဆိုင်း

Facebook, Instagram နဲ့ WhatsApp တို့ရဲ့ မိခင် ကုမ္ပဏီ Meta Platforms, Inc. က မက်ဆေ့ဆက်သွယ်ဝန်ဆောင်မှုတွေမှာ

အစမှ အဆိုးတိုင် ဝှက်စာဖြင့် ပေးပို့ခြင်း end-to-end encryption (E2EE) ကု ၂၀၂၃ ခုနှစ်အထိ မရနိုင်သေးကြောင်း ကြေညာခဲ့ပါတယ်။ ဘခင် အစီအစဉ်ကို တစ်နှစ်ကျော် နောက်ဆုတ်လိုက်တာ ဖြစ်ပါတယ်။

"၂၀၂၃ ခုနှစ် ရောက်တဲ့အထိ ကျွန်တော်တို့ရဲ့ မက်ဆေ့ဆိုင်ရာ ဝန်ဆောင်မှုတွေ messaging services တွေမှာ end-to-end encryption မှာ ပါထားပြီးသားအဖြစ် တစ်ကမ္ဘာလုံးကို အပြီးအစီး ပေးထားနိုင်ဖို့ မစီစဉ်ပါဘူး။ ကျွန်တော်တို့ အချိန်ယူရပါလိမ့်မယ်" လို့ Meta မှာ အကြီးတန်းအရာရှိတစ်ဦး ဖြစ်သူ Antigone Davis က The Telegraph သတင်းမီဒီယာကို ဖွင့်ဟပြောကြားခဲ့ပါတယ်။

WhatsApp က နဂိုကတည်းက end-to-end encrypted (E2EE) ရှိထားပြီးသား ဖြစ်ပါတယ်။
Facebook Messenger နဲ့ Instagram တို့မှာ E2EE မရှိပါဘူး။
၂၀၁၆ ခုနှစ်မှာ Messenger app မှာ E2EE ထည့်ပေးထားပေမဲ့ "Secret Conversation" mode ကို အရင်ပြောင်းလဲလိုက်ပြီးမှ E2EE ဖြင့် မက်ဆေ့အပေးအယူ ရရှိမှာ ဖြစ်ပါတယ်။
Messenger မှာ voice calls နဲ့ video calls တွေအတွက် E2EE သုံးလို့ရအောင် ဩဂုတ်လမှာ အဆင့်မြှင့်တင်ပေးခဲပါတယ်။

Meta ရဲ့ ထုတ်ကုန်တွေကို နေ့စဉ် သုံးစွဲနေသူဦးရေ ၂၀၂၁ စက်တင်ဘာလမှာ ၂.၈၁ ဘီလျံ ရှိပါတယ်။

 

 

Read times
Rate this item
(0 votes)