ပါကစ္စတန်မှာ TikTok ကို ပိတ်ပင်ထားခြင်း ပြန်ရုပ်သိမ်း

နိုဝင်ဘာလ ၂၀ ရက်တေ့က ပါကစ္စတန် ဆက်သွယ်ရေး အာဏာပိုင် Pakistan Telecommunications Authority (PTA) က

TikTok ကို ပိတ်ပင်ထာခြင်း ရုပ်သိမ်းလိုက်ပါတယ်။ TikTok မှာ မတော်တရော် ညစ်ညမ်းတဲ့ ဗီဒီယိုတွေ တင်ပြခြင်းကို ထိန်းချုပ်ပေးမှာ ဖြစ်ကြောင်း TikTok က ကတိကဝတ်ပြုခဲ့ပါတယ်။
PTA မှ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အာဏာပိုင်တို့က နောက်ဆုံးဘိတ် ပိတ်ပင်ခဲ့တာ ဇူလိုင်လ ၂၀ ရက်မှာဖြစ်ပြီး TikTok စီမံခန့်ခွဲရေးနဲ့ ဆက်သွယ်ပြီး ကိစ္စရပ်ကို ကိုင်တွယ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
TikTok ပလက်ဖောင်းမှ အကြီးတန်း စီမံရေးရာက ဉပဒေက ခွင့်မပြုတဲ့ တင်ပြမှုတွေကို ပါကစ္စတန် နိုင်ငံရဲ့ ဉပဒေများနဲ့အညီ၊ လူမှုရေးစံများနဲ့အညီ ကိုင်တွယ်ပေးမှာ ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ယခုတစ်ကြိမ် ပိတ်ပင်ခဲ့တာဟာ ၁၅ လအတွင်း စတုတ္ထအကြိမ်မြောက် ပိတ်ပင်တာ ဖြစ်ပြီး စတုတ္ထအကြိမ်မြောက် ပြန်ခွင့်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။
ပါကစ္စတန်မှာ TikTok ကို ပထမဆုံးအကြိမ် ပိတ်ပင်ခဲ့တာ ၂၀၂၀ အောက်တိုဘာလမှာ ဖြစ်ပါတယ်။ ၁၀ ရက်ကြာပြီးချိန်မှာ ပြန်ခွင့်ပြုပေးခဲ့ပါတယ်။ ကာမရာဂ မဖွယ်မရာတွေ တင်ပြတဲ့ဘအကောင့်တွေကို TikTok က ဖယ်ရှားပေးခဲ့ပါတယ်။

ByteDance ရဲ့ TikTok ကို ပါကစွစတန်မှ ရယူကြိမ်ရေ ၃၉ သန်း နီးပါး ရှိပါတယ်။ ဆယ်ကျော်သက်များနဲ့ လူငယ်များအကြား အသုံးများပါတယ်။

 

 

 

Read times
Rate this item
(0 votes)