ဆိုရှယ်မီဒီယာ ပွတ်ဖို့ ၈.၈ လက်မ ထောင်လိုက်မိုနီတာ

Facebook, Twitter စတဲ့ ဆိုရှယ်မီယာတွေကိုစခရင်ခပ်ကြီးကြီးနဲ့ ဖုန်းပွတ်သလို ပွတ်ဖို့ ၈.၈ လက်မ ထောင်လိုက်မိုနီတာ ထုတ်လုပ်ရောင်းချပါတယ်။


420 x 1,920 pixels resolution "PC monitor" ဖြစ်ပြီး အချိုးက 7:32 ဖြစ်ပါတယ်။
Elsonic EK-MD088 လို့အမည်ပေးထားတယ်။
SNS (social networking sites) တွေ ပွတ်ဖို့အတွက် အကောင်းဆုံးလို့ ဆိုထားပါတယ်။

အရပ်မြင့်မြင့် မိုနီတာ ကျောဖက်မှာ ထောက် တပ်ပေးထားပါတယ်။ အစောင်းကို ချိန်လို့ရတယ်။ ပါဝါကို USB-C port ကနေ ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဗီဒီယိုအတွက် mini-HDMI ကြိုးနဒ့ ချိတ်ရမှာ ဖြစ်ပါတယ်။ ကေဘယ်ကို ဘူးထဲမှာ ထည့်ပေးထားပါတယ်။
PC နဲ့ချိတ်ပြီး သုံးရတဲ့ မိုနီတာ ဖြစ်ပါတယ်။ touch screen ရမရ မဖော်ပြထားပါ။

အလင်းပြင်းအား အတိုးအလျော့ ၆ ဆင့် ချိန်လို့ ရပါတယ်။

ဂျပန် e-store Nojima Online မှာ ကြိုတင်မှာကြားနိုင်ပါတယ်။
လင့်
 e-store Nojima Online 

ဈေးနှုန်းက ¥14,800 ဖြစ်ပါတယ်။
၂၀၂၂ ဖေဖော်ဝါရီလမှာ ပစ္စည်း စတင်ပေးပို့မှာ ဖြစ်ပါတယ်တဲ့။

Read times
Rate this item
(0 votes)