Meta ပထမဆုံးအကြိမ် ငွေချေးအာမခံစာချုပ် ရောင်းချ

Meta ပထမဆုံးအကြိမ် ငွေချေးအာမခံစာချုပ် ရောင်းချ

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta Platforms Inc ရဲ့ သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ငွေချေးအာမခံစာချုပ် ရောင်းချတာ ကန်ဒေါ်လာ ၁၀ ဘီလီယံ ရရှိပါတယ်။ ရရှိတဲ့ငွေဖြင့် ကုမ္ပဏီရှယ်ယာများ ပြန်ဝယ်သိမ်းခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းများ လုပ်ဆောင်မယ်လို့ Meta Platforms Inc က ဩဂုတ်လ ၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

၅ နှစ်မှ နှစ် ၄၀ အထိ သက်တမ်းရှိသော ငွေချေးစာချုပ်များ ရောင်းချရာတွင် ရင်းနှီးမြှုပ်နှံသူများထံမှ ကမ်းလှမ်းမှုများ  ကန်ဒေါ်လာ ၃၀ ဘီလီယံကျော် ရှိခဲ့တယ်လို့ သတင်းရင်းမြစ်များက ဆိုပါတယ်။  သက်တမ်းပိုရှည်သော ငွေချေးစာချုပ်များကို ဝယ်ယူလိုသူ ပိုများခဲ့ပါတယ်။

 နည်းပညာကုမ္ပဏီကြီးများတွင် Meta က ချေးငွေမယူ၊  အကြွေးကင်းတဲ့ တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပါတယ်။

ငွေဖောင်းပွမှု တိုက်ဖျက်ဖို့ အမေရိကန်ဗဟိုဘဏ် ပြည်ထောင်စုအရန်ငွေက အတိုးနှုန်းကို များများစားစား မြှင့်တင်လိုက် ရင်းနှီးမြှုပ်နှံသူများက အတိုးနှုန်းမြင့်သွားတာကြောင့် ငွေချေးအာမခံစာချုပ်များ ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံကြပါတယ်။ 

ကုမ္ပဏီကြီးများက လသာတုန်း ဗိုင်းငင်တဲ့အနေဖြင့် ငွေချေးအာမခံစာချုပ်များ ရောင်းချကြပါတယ်။ ယခုသီတင်းပတ် တစ်ပတ်တည်းမှာတင် အမေရိကန်မှာ ငွေချေးအာမခံစာချုပ်များ ရောင်းချကြတာ အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံနီးပါး ရောင်းချခဲ့ကြပါတယ်။

ယခုသီတင်းပတ်အတွင်းမှာ နည်းပညာမဟာ လုပ်ငန်းကြီး Apple Inc က ကန်ဒေါ်လာ ၅.၅ ဘီလီယံဖိုး ရောင်းချခဲ့ပါတယ်။

Intel Corp ကလည်း ကန်ဒေါ်လာ ၆ ဘီလီယံဖိုး ရောင်းချခဲ့ပါတယ်။

#MyanmarICTGuide
Telegram Channel https://t.me/Guid4U

Source: asiaone

Read times
Rate this item
(0 votes)