YouTube က ဗီဒီယို ပုံကြီးချဲ့ဖို့ စမ်းသပ်

YouTube က ဗီဒီယို ပုံကြီးချဲ့ဖို့ စမ်းသပ်

YouTube က ဗီဒီယိုကို Pinch to Zoom လုပ်ဆောင်ချက် စမ်းသပ်နေပါတယ်။ ရုပ်သေ ပွုတွေမှာ လက်ချောင်းထိပ် ၂ ခုဖြင့် ပုံကြီးချဲ့တဲ့အတိုင်း ဗီဒီယိုကိုလည်း ပုံကြီးချဲ့ပြီး ကြည့်နိုင်မယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ 

 YouTube Premium လစဉ်ကြေးစနစ်ဖြင့် သုံးစွဲသူများ ၂၀၂၂ စက်တင်ဘာလ ၁ ရက်အထိ စမ်းသပ်ကြည့်လို့ ရမှာဖြစ်ပါတယ်။

Premium သုံးစွဲသူ စမ်းသပ်လိုပါက profile photo ကို တို့ထိပြီး Your Premium Benefits ကို ရွေးချယ်ပါ။ “Try New Features” ကို ရွေးချယ်ပါ။ Pinch to Zoom ကို enable လုပ်ပါ။

ခဏစောင့်ပြီးရင် စတင်စမ်းသပ်ကြည့်နိုင်ပါတယ်။ ၈ ကြိမ်အထိ စမ်းသပ်ခွင့် ပေးထားပါတယ်။

#MyanmarICTGuide 

Telegram Channel https://t.me/Guid4U

Source :YouTube

Read times
Rate this item
(0 votes)