Waze Carpool ပိတ်သိမ်းတော့မည်

Waze Carpool ပိတ်သိမ်းတော့မည်

Waze က GPS အခြေပြု ယာဉ်လမ်းပြအက်ပ်ဖြစ်ပြီး ဆိုရှယ်မီယာ အသိုင်းအဝိုင်း အင်္ဂါရပ်လည်း ပါဝင်ပါတယ်။

ကားဖြင့် သွားလာမယ့် လမ်းကြောင်းများတစ်လျှောက် သိသင်တာတွေ အသိပေးတယ်။

Waze က အရမ်းအောင်မြင်သွားပြီးချိန်မှာ Google ရဲ့ Google Maps ကို ယာဉ်မောင်းတွေကုိ အထောက်အကူပေးတာမှာ ပခုံးချင်းယှဉ်လာပါတယ်။ Google က Waze ကို အပြီးအပိုင် ဝယ်လိုက်ပါတယ်။ Google Maps မှ အင်္ဂ်ါရပ်အချို့ကို Waze မှာ Google က ထည့်ပေးတယ်။ 

၂၀၁၆ မှာ Waze က လမ်းကြုံတဲ့သူတွေ ကားအတူစီးနိုင်ကြစေဖို့အတွက် Waze Carpool ကို စီစဉ်ပေးပါတယ်။ စမ်းသပ်ကာလကို အစ္စရေးနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး အမေရိကန်နှင့် ဘရာဇီးအပါအဝင် အခြားနိုင်ငံများမှာပါ Waze Carpool ဝန်ဆောင်မှု ပေးအပ်ပါတယ်။

ယခု Waze Carpool ကို ပိတ်သိမ်းဖို့ Google က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ 

 Waze Carpool ပိတ်သိမ်းရတဲ့ အဓိကအကြောင်းရင်းက သုံးစွဲသူ နည်းပါးနေလို့ ဖြစ်ပါတယ်။ Waze ကို လူသုံးများပေမဲ့ Waze Carpool ကို ကိုဗစ်ကာလတစ်လျှောက် မသုံးကြဘူး။ ကားအတူလိုက်စီးရင် ကပ်ရောဂါ ကူးစက်နိုင်တာကြောင့် Waze Carpool  လူသုံးနည်းသွားပါတယ်။ ယခုအထိလည်း ကိုဗစ်က အမြစ်မပြတ်သေးလို့ Waze Carpool  လူသုံးနည်းနေဆဲ ဖြစ်ပါတယ်။

Google က Waze Carpool ကို စက်တင်ဘာလမှ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း အသိပေးကြေညာပါတယ်။

 မူလ မူရင်း Waze ကတော့ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ကားမောင်းနေတဲ့ ခရီးစဉ်တစ်လျှောက် သိသင့်သိထိုက်တာတွေကို ဆက်လက် ပြောပြပေးနေဦးမှာ ဖြစ်ပါတယ်။

 Waze ရဲ့ အဓိက ရည်မှန်းချက်က မြို့ကြီးများမှာ ယာဉ်ကြောကျပ်တာကို လျော့ကျစေရေး ဖြစ်ပါတယ်။ 

Source : AndroidPolice

#MyanmarICTGuide

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)