Community Chats အသစ် Facebook စတင်ပါတော့မည်

Community Chats အသစ် Facebook  မိတ်ဆက်ပေးတော့မည်

 

Facebook  က Messenger မှာ Community Chats  လုပ်ဆောင်ချက်ကို စမ်းသပ်နေကြောင်း ထုတ်ဖော်ပြောကြားပါတယ်။

သုံးစွဲသူတွေက Facebook Group  တစ်ခုကို အရင်ဖွဲ့လိုက်ပြီး အပြန်အလှန် ဝိုင်းဖွဲ့ ပြောဆိုနိုင်ကြမှာ ဖြစ်ပါတယ်။ စာရိုက်ပြီး ပြောဆိုကြတာအပြင် ဗီဒီယို ချန်နယ်, အော်ဒီယို ချန်နယ်တွေကိုလည်း အသုံးပြုပြီးဆွေးနွေးတင်ပြနိုင်ကြမှာ ဖြစ်ပါတယ်။ ထို့အပြင်  အသိုင်းအဝိုင်းထဲကို ဝင်လာဖို့ Messenger အက်ပ်ကနေ  လူသစ်တွေကို  ဖိတ်ခေါ်နိုင်မှာ ဖြစ်ပါတယ်။ 

 

Community Chat ဖြင့် ဆက်သွယ်ပုံက တစ်မူထူးခြားမယ်လို့ Facebook က ဆိုပါတယ်။ 

စာသား၊ ဗီဒီယို၊ အော်ဒီယိုတို့ဖြင့် တစ်ချိန်တည်းမှာ ပြောဆိုဆွေးနွေးတင်ပြနိုင်ကြမှာ ဖြစ်ပါတယ်။ 

Community Chat ရဲ့ admin  အနေဖြင့် အမျိုးအစားအလိုက် အုပ်စုတွေ ခွဲပေးထားနိုင်မှာ ဖြစ်ပါတယ်။ admin က Community Chat သတ်မှတ်ပြဋ္ဌာန်းချက်များကို ပြဋ္ဌာန်းပေးထားပြီး ခွင့်မပြုလိုတာတွေကို တားမြစ်ပေးထားနိုင်မှာ ဖြစ်ပါတယ်။ 

အသိုင်းအဝိုင်း Community မှာ ပါဝင်နေတဲ့သူကို ထုတ်ပယ်ပစ်ဖို့ လိုအပ်လာရင် ထုတ်ပယ်လို့ရအောင်လည်း စီစဉ်ပေးထားပါတယ်။ 

Community Chat အဖွဲ့ဝင်က စည်းကမ်းချိုးဖောက်တာ၊ သည်းမခံနိုင်တာတွေ လုပ်ကိုင်တဲ့ အဖွဲ့ဝင်ကို admin  ထံ တိုင်ကြားနိုင်တဲ့အပြင် Meta ကိုလည်း တိုက်ရိုက်တိုင်ကြားနိုင်ပါတယ်။ report ပေးလို့ ရပါတယ်။ 

 

 Community Chat စမ်းသပ်အဆင့်ကို ရောက်နေပြီ ဖြစ်ပြီး များမကြာခင်မှာ ဖြန့်ဖြူးပေးတော့မှာ ဖြစ်ပါတယ်။

Source Facebook

#MyanmarICTGuide
Telegram Channel https://t.me/Guid4U

 

 

 #MyanmarICTGuide
Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)