Snapchat ရဲ့ ဝဘ်ဗားရှင်း မည်သူမဆို သုံးစွဲခွင့်ပြု

Snapchat ရဲ့ ဝဘ်ဗားရှင်း မည်သူမဆို သုံးစွဲခွင့်ပြု

 

Snapchat ရဲ့ ဝဘ်ဗားရှင်းကို ယခင်က နိုင်ငံအချို့မှာ လစဉ်ကြေးဖြင့် သုံးစွဲသူများကိုသာ သုံးခွင့် ပေးထားခဲ့ရာမှ ယခုအခါ ကမ္ဘာတစ်လွှား မည်သူမဆို သုံးခွင့် ပေးအပ်လိုက်ပါပြီ။ 

 

လူမှုကွန်ရက်  Snapchat ရဲ့ မိခင်ကုမ္ပဏီဖြစ်သော Snap Inc. က အင်္ဂါရပ်အသစ်များ ပါဝင်တဲ့ Snapchat ဝဘ်ဗားရှင်းကို သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

PC မှ ဝဘ်ဘရောက်ဆာမှာ  လူမှုကွန်ရက် Snapchat ကို တိုက်ရိုက်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။

www.snapchat.com မှတစ်ဆင့် ဝင်ရောက်သုံးစွဲရတဲ့  Snapchat အွန်လိုင်းဗားရှင်းကို ဇွန်လမှာ စတင်ခဲ့ပြီး အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် နယူးဇီလန်တို့ အပါအဝင် နိုင်ငံအနည်းငယ်တွင်သာအသုံးပြုနိုင်ပါတယ်။ ပရီမီယံ Snapchat+ အသင်းဝင် ထားသူများကိုသာ ပေးသုံးခဲ့ပါတယ်။

 

ယခုအခါ  နိုင်ငံတိုင်းတွင် ရရှိနိုင်ပြီး လူမှုကွန်ရက် Snapchat ရဲ့ ဝဘ်အင်တာဖေ့စ်က Google Chrome ဘရောက်ဆာနှင့် အကောင်းဆုံးအလုပ်လုပ်ပါတယ်။

 

 Snapchat messenger  ကို ဝဘ်ဗားရှင်းမှာ ထည့်ပေးထားပြီး မည်သုမဆို သုံးစွဲ နိုင်ပါတယ်။

 

chat_v_call_snapchat.jpg

 

chat နှင့် video call တို့ လုပ်ဆောင်နိုင်ပါတယ်။ ဖုန်းမှာ တင်ထားတဲ့  Snapchat အက်ပ်မှာလည်းအချိန်တစ်ပြေးညီ ဖော်ပြပေးပါတယ်။

 

Source SnapChat

#MyanmarICTGuide 

Telegram Channel https://t.me/Guid4U

Read times
Rate this item
(0 votes)