ရုရှားနှင့် တရုတ် အကောင့် ထောင်ဂဏန်းပါ ကွန်ရက်များ ပိတ်ချခဲ့ကြောင်း Facebook ကြေညာ

ရုရှားနှင့် တရုတ် အကောင့် ထောင်ဂဏန်းပါ ကွန်ရက်များ ပိတ်ချခဲ့ကြောင်း Facebook ကြေညာ

 

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta က တရုတ်နဲ့ ရုရှားမှာ အခြေစိုက်ထားတဲ့  အကောင့်ကွန်ရက် နှစ်ခုကို ဖြုတ်ချခဲ့တယ်လို့ ကြေညာပါတယ်။

Facebook ကြောညာချက်လင့်ကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။

 

ရုရှားအခြေစိုက် ဩဇာလွှမ်းမိုးရေး ခိုးကြောင်ခိုးဝှက် လှုပ်ရှားမှုသည် ဂျာမနီအပြင် ပြင်သစ်၊ အီတလီ၊ ယူကရိန်းနှင့် ယူကေတို့ကိုလည်း အဓိက ပစ်မှတ်ထားသည်။

 

မေလမှစတင်ကာ ဥရောပရှိ တရားဝင်သတင်းအဖွဲ့အစည်းများ အယောင်ဆောင်ထားသည့် ဝက်ဘ်ဆိုဒ် ၆၀ ကျော် ပါဝင်သည့်ကွန်ရက်သည် ယူကရိန်းကို ဝေဖန်အပြစ်တင်ပြီး ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ငြင်းခုံသည့် မူရင်းဆောင်းပါးများ၊ YouTube ဗီဒီယိုများနှင့် မင်းမ် meme များကို တင်ခဲ့သည်ဟု Meta မှပြောကြားခဲ့သည်။

 

ထို့နောက် ၎င်းမူရင်းဆောင်းပါးများနှင့် မင်းမ် meme များကို အဆိုပါအဖွဲ့က Facebook၊ Instagram၊ Telegram၊ Twitter နှင့် Change.org အပါအဝင် ပလက်ဖောင်းများတွင် ဆောင်းပါးများနှင့် မူရင်း memes နှင့် YouTube ဗီဒီယိုများကို ကြော်ငြာသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

Meta က အဆိုပါ စစ်ဆင်ရေးကို ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးသည့်နောက်တွင် ပိတ်ချခဲ့သည့်  "ရုရှားမူလ အကြီးဆုံးနှင့် အရှုပ်ထွေးဆုံး ကွန်ရက်ကြီး" ဟု ပြောကြားပါသည်။

 

သာမန်ထက် သာလွန်သည့် အဆန်းအပြားနည်းလမ်းများဖြင့် ဧရာမကွန်ရက်ကြီးကို လုပ်ကိုင်နေသည်ဟု Meta က ဆိုသည်။

 

အယောင်ဆောင်ထားသော ဝဘ်ဆိုက်များနှင့် ဘာသာစကားအမျိုးမျိုး အများအပြားကို အသုံးပြုထားခြင်းသည် နည်းပညာပိုင်းဆိုင်ရာနှင့် ဘာသာစကားဆိုင်ရာ တတ်ကျွမ်းမှုများ မလွဲမသွေ လိုအပ်သည်။  ဆိုရှယ်မီဒီယာပေါ်တွင် ပုံကြီးချဲ့၍ တင်ပြရန် ကြော်ငြာများနှင့် အကောင့်အတုများအပေါ် အဓိက အားကိုးထားသည်ဟု Meta က ပြောကြားသည်။

ရုရှားကွန်ရက်ကြီးတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများစွာတွင် အျရအတွက် ထောင်ချီသော အကောင့်များနှင့် စာမျက်နှာများ ပါဝင်ပါသည်။  

Facebook နှင့် Instagram တို့တွင် ကြော်ငြာများအတွက် ကန်ဒေါ်လာ တစ်သိန်းကျော် သုံးစွဲခဲ့သည်။

 

လက်ရှိဝဘ်ဆိုက်များကို ပိတ်ပင်လိုက်သည့်အခါ ၎င်းအဖွဲ့သည် ဝဘ်ဆိုက်အသစ်များကို ဖန်တီးလိမ့်မည်။ ဘာသာစကား အမျိုးမျိုးဖြင့် ဖွင့်ထားသော Facebook page များတွင် တင်ပြထားသော ပို့စ်များကို ဉရောပနှင့် အာရှတို့တွင် ရှိသော ရုရှားသံရုံးများ၏ Facebook page များတွင်  ရံဖန်ရံခါ ဝေမျှပေးကြောင်း Meta က ပြောကြားသည်။

 

စုံစမ်းစစ်ဆေးမှုမစတင်မီ Facebook ၏ အလိုအလျောက်စနစ်ဖြင့် အကောင့်အများစုကို ရှာဖွေတွေ့ရှိပြီး ဖယ်ရှားခဲ့ကြောင်း Meta မှ ပြောကြားခဲ့သည်။

 

သားရေ . . .

 

 

နောက်ထပ် ထုတ်ပြန်ကြေညာချက်တွင် Meta က တရုတ်အခြေစိုက် ကွန်ရက်အကြောင်းကို အသ်ပေးထားပါသည်။ တရုတ်အခြေစိုက် ကွန်ရက်သည် ရုရှားအခြေစိုက် ကွန်ရက်နှင့် နှိုင်းယှဉ်ပါက အရွယ်အစား သေးငယ်သည်။ အမေရိကန်နှင့်  ချက်သမ္မတနိုင်ငံတို့ကို ပစ်မှတ်ထားသည်။ တရုတ်စကားပြော ပရိသတ်၊ ပြင်သစ်စကားပြော ပရိသတ်တို့ကိုလည်း ပစ်မှတ်ထားသည်။ တသီးတခြား ရပ်တည်လုပ်ကိုင်သော ကွန်ရက်ငယ် ၄ ခု ပါဝင်သည်။ လိုအပ်သည့်အချိန်တွင် လှုပ်ရှားပြီး ပြန်ငြိမ်ထားလိုက်သည်သု Meta က ပြောကြားသည်။ 

 

အဆိုပါ တရုတ်အကောင့်များ၏ အသေးစိတ် အချက်အလက်များကို FBI ထံသို့ ပေးပို့ထားကြောင်း Meta မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

 

“သူတို့က အမေရိကန်တွေလို ဟန်ဆောင်ထားပြီး အမေရိကန်တွေလို ပြောဆိုဖို့တဲ့ အကောင့်အတုတွေ သုံးတယ်။  ကိုယ်ဝန်ဖျက်ချတာနဲ့ သေနတ်ထိန်းချုပ်မှုလိုမျိုး တကယ့်ကို သဘောထားကွဲလွဲနေကြတဲ့ ပြည်တွင်းရေးကိစ္စတွေကို ပြောဆိုတယ်” ဟု ၎င်းက ပြောကြားသည်။

Source CNBC

#MyanmarICTGuide 

 

 သားရေ . . .

 

Facebook ကြောညာချက်လင့်

https://about.fb.com/news/2022/09/removing-coordinated-inauthentic-behavior-from-china-and-russia/

Read times
Rate this item
(0 votes)