Twitter ၈ ဒေါ်လာ အပြာခံအမှန်ခြစ် Elon Musk အယောင်ဆောင် အကောင့် ပေါ်ပေါက်ခဲ့

Twitter ၈ ဒေါ်လာ အပြာခံအမှန်ခြစ် Elon Musk အယောင်ဆောင် အကောင့် ပေါ်ပေါက်ခဲ့

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Twitter သည် လူတိုင်းအား ၈ ကန်ဒေါ်လာ ဖြင့် "blue ticks" ကို ထုတ်ပေးနေသည်။ထင်ပေါ်ကျော်ကြားသူ အယောင်ဆောင် အကောင့်များ ပေါ်ပေါက်ခဲ့ရာ Twitter ပိုင်ရှင်  Elon Musk အယောင်ဆောင်ထားသည့် အကောင့်လည်း ပေါ်ပေါက်ခဲ့သည်။

.

Twitter ပိုင်ရှင်အသစ် Elon Musk က ကတိပြုထားသည့်အတိုင်း အဆင့်မြှင့်တင်ထားသော Twitter Blue လစဉ်ကြေး အစီအစဉ်ကို တစ်လလျှင် ၈ ကန်ဒေါ်လာ ဖြင့် စတင်ခဲ့သည်။

အင်္ဂါရပ်အသစ်များနှင့် လုပ်ဆောင်ချက်အသစ်များကို တရားဝင် မစတင်သေးသော်လည်း စမ်းသပ်အဆင့်ဖြင့် ငွေလက်ခံကာ ဝန်ဆောင်မှု ပေးနေသည်။

အချို့သောအသုံးပြုသူများသည် အစီအစဉ်အသစ်ကို လက်ခံရရှိခဲ့သည်။ 

အချို့က အစီအစဉ်အသစ်အပေါ် ပွဲဆူနေကြသည်။ 

အချို့က အစီအစဉ်အသစ်၏ အားနည်းချက်ကို အသုံးချပြီး အယောင်ဆောင် အကောင့်များ ဖန်တီးကြသည်။

.

ယခင်က ထင်ပေါ်ကျော်ကြားသူများ၊ နာမည်ကြီးကုမ္ပဏီများနှင့် နိုင်ငံရေးသမားများသာ အကောင့်အမည်ဘေးတွင် "အပြာရောင်အမှတ်အသား" ကို ရခဲ့ကြသည်။

ယခု ၈ ကန်ဒေါ်လာ ပေးသူတိုင်း ရရှိကြသည်။ လစဉ်ကြေး ပေးသွင်းလိုက်လျှင် ရရှိနိုင်သည်။ 

လောလောဆယ်တွင် အကောင့်အမည်ဘေး အပြာခံအမှန်ခြစ် အမှတ်အသား ဖော်ပြပေးသည့် ဝန်ဆောင်မှုကိုသာ ရရှိသည်။ နောက်နောင်တွင် အခွင့်ထူးများအဖြစ် ကြော်ငြာများ ပြသမှု လျော့နည်းမည် ဖြစ်သည်။ ယခုအခါ ဗီဒီယိုအတိုများကိုသာ တင်လို့ ရသော်လည်း နောက်နောင်တွင် ရှည်လျားသည့် ဗီဒီယိုကို တင်ခွင့် ရရှိမည်။ မိမိတင်သည့် ပို့စ်ကို ဦးစားပေး ပြသပေးမည်။ 

.

သို့သော် "အပြာရောင်အမှတ်အသား" ကို VIP-အသုံးပြုသူများအတွက်သာပေးသည်ဟူသောအချက်ကို လူတိုင်းက မှတ်ယူထားဆဲ ဖြစ်သည်။ ယခင်က ပရိုဖိုင်သည် အတုအယောင်မဟုတ်၊ အစစ်အမှတ်ဟု ဆိုလိုသည်။ အကောင့်ပိုင်ရှင် စစ်မှန်ကြောင်း Twitter ကစိစစ်ပေးထားသည်။ 

 

ယခု ၈ ကန်ဒေါ်လာ ပေးသွင်းလိုက်လျှင် အပြာရောင်အမှတ်အသားကို ရနေနိုင်သဖြင့် စဲလီအယောင်ဆောင်အကောင့်များ Twitter ပေါ်တွင် စတင်များပြာလာနေသည်။ 

.

download_1download_1.png

 

သုံးစွဲသူတစ်ဦးက ရုပ်ရှင်သရုပ်ဆောင် Tobey Maguire အယောင်ဆောင်ပြီး အကောင့် လုပ်ထားသည်။ ဦးစွာ ပထမ အမည်အမှန်ဖြင့် အကောင့်ကို အပြာရောင်အမှတ်အသား ရရှိအောင် လုပ်လိုက်သည်။ ထို့နောက် အမည်ကို edit လုပ်ပြီး Tobey Maguire ဟု ပြောင်းလဲလိုက်သည်။ "Spider-Man 4" ရုပ်ရှင်အကြောင်း ပို့စ်တစ်ခု တင်လိုက်သည်။ နာရီအနည်းငယ်အတွင်း အွန်လိုင်းတွင် သတင်းပျံ့နှံ့သွားသည်။

.

Twitter_33456.png

နောက်ထပ် သုံးစွဲသူတစ်ဦးက ပိုကြမ်းသည်။ Twitter ပိုင်ရှင် Elon Musk အဖြစ် အယောင်ဆောင်ထားပြီး မဟုတ်ကဟုတ်ကများ ရေးထားသည့် ပို့စ်ကို တင်သည်။ 

၎င်းအကောင့်ကို ယာယီ ဘလော့ထားလိုက်သော်လည်း လက်မြန်သူတို့က စခရင်ပုံဖမ်းပြီး အင်တာနက်မှာ ဝေမျှကြရာ တောထသွားခဲ့ပါသည်။ 

Source gagadget

Read times
Rate this item
(1 Vote)