Meta Platforms က အလုပ်ဖြုတ်မယ့် ဝန်ထမ်း ၁၁,၀၀၀ ကျော် ရရှိမယ့် ခံစားခွင့်များ ထုတ်ပြန်ကြေညာ

Meta Platforms က အလုပ်ဖြုတ်မယ့် ဝန်ထမ်း ၁၁,၀၀၀ ကျော် ရရှိမယ့် ခံစားခွင့်များ ထုတ်ပြန်ကြေညာ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Meta Platforms မှ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၉ ရက်) တွင် ဝန်ထမ်းအင်အားရဲ့ ၁၃ ရာခိုင်နှုန်းကို အလုပ်မှ ထုတ်ပယ်မည်ဖြစ်ကြောင်း ကြေညာပါတယ်။  ၁၃% ဟာ ဝန်ထမ်းဦးရေ ၁၁,၀၀၀ ကျော်ပါတယ်။ 

.

Facebook ရဲ့ မိခင်ကုမ္ပဏီက ကုန်ကျစရိတ်များမြင့်လာခြင်းနှင့်  ကြော်ငြာဈေးကွက် အားနည်းနေခြင်းတို့ကို ရင်ဆိုင်နေရချိန်မှာ Meta  ၁၈ နှစ်သမိုင်းတစ်လျှောက် အကြီးမားဆုံး ဝန်ထမ်းအင်အား လျှော့ချခြင်းကို ပထမဆုံးအကြိမ် ဆောင်ရွက်တာ ဖြစ်ပါတယ်။

.

 Twitter နှင့် Microsoft Corp. နည်းပညာလုပ်ငန်းများလည်း ဝန်ထမ်း ထောင်ဂဏန်းကို အလုပ်ဖြုတ်ခဲ့ကြပြီး Meta က ဝန်ထမ်း သောင်းဂဏန်းကို အလုပ်ထုတ်ပယ်တာ ဖြစ်ပါတယ်။  နည်းပညာ လုပ်ငန်းကြီးတစ်ခုအနေဖြင့် ယခုနှစ်မှာ အကြီးမားဆုံး ဝန်ထမ်းအင်အား လျှော့ချတဲ့ စံချိန်တင်မှာ ဖြစ်ပါတယ်။ 

 အလုပ်ဖြုတ်ခံရတဲ့သူတိုင်းကို အခြေခံလစာ သီတင်းပတ် ၁၆ ပတ်စာ အပြင် လုပ်သက်တစ်နှစ်လျှင် နှစ်ပတ်စာ ထပ်ဆောင်းပေးပါမယ်။ 

ကျန်းမာရေးစောင့်ရှောက်မှုစရိတ် ၆ လအထိ ခံစားခွင့် ရရှိပါမယ်။

.

Meta Platforms က ချွေတာရေး ဆောင်ရွက်လျက် ရှိရာမှာ မူလက ဘတ်ဂျက်တောင်းခံ အတည်ပြုထားခြင်း မရှိဘဲ လိုအပ်ရင် လိုအပ်သလို သုံးစွဲတဲ့ အသုံးစရိတ်ကို ဖြတ်တောက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

Source: Reuters

Read times
Rate this item
(0 votes)