မိုးလေဝသအတွက် Zoom Earth

မိုးလေဝသအတွက် Zoom Earth 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Zoom Earth က ကမ္ဘာ့မိုးလေဝသ အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ စခရင်ပေါ် တင်ပေးနေပါတယ်။  ဟာရီကိန်းမုန်တိုင်းများ၊ ဆိုင်ကလုန်းမုန်တိုင်းများ၊ ပြင်းထန်သောရာသီဥတု၊ တောမီးလောင်သည့် မီးမီးခိုးများ အစရှိတာတွေကို ဂြိုလ်တုဓာတ်ပုံများကို အသုံးပြုပြီး ဖော်ပြပေးပါတယ်။ 

.

Zoom Earth က ဂြိုလ်တုဓာတ်ပုံများကို ၁၀~၁၅ မိနစ် တစ်ကြိမ် update လုပ်ပေးပါတယ်။ 

အခမဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ 

Zoom Earth က အက်ပ် မဟုတ်တဲ့အတွက် install လုပ်ဖို့ မလိုအပ်ပါက။ ဝဘ်ဆိုဒ်တစ်ခုသာ ဖြစ်ပါတယ်။

 

download.png

.

Zoom Earth အက်ပ်တွေ အင်တာနက်မှာ ရှိနေပေမဲ့ Zoom Earth က ထုတ်လုပ်တဲ့ အက်ပ်တွေ မဟုတ်ပါဘူး။ ထင်ယောင်ထင်မှား ဖြစ်အောင် Zoom Earth ရဲ့ လိုဂိုကိုလည်း သုံးထားလေ့ ရှိပါတယ်။ Google Play Store မှ ရယူနိုင်တဲ့ အက်ပ်တွေ မဟုတ်လို့ မသုံးသင့်ပါ။

.

315891967_5689687037736175_2118858712896060604_n.jpg

 

 

Zoom Earth က  မိုးရွာနေတာ၊ လေစီးကြောင်းတွေ တိုက်ခတ်နေတာတွေကိုလည်း ပြသပေးပါတယ်။ နှင်းကျနေတာ၊ လေတိုက်နှုန်း၊ စိုထိုင်းဆ၊ လေဖိအား စတာတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ 

Zoom Earth ကို ပိုင်ဆိုင်သူက နာမည်ကျော် Zoom ကို ပိုင်ဆိုင်တဲ့ Eric S. Yuan ဖြစ်ပါတယ်။ 

ဂြိုဟ်တုဓာတ်ပုံများ အပါအဝင် ဒေတာများကို  NOAA GOES, JMA Himawari-8, EUMETSAT Meteosat, GIBS, Suomi-NPP, MODIS Aqua နှင့်  Terra.Apr တို့ထံမှ ရယူပြီး  update လုပ်ပေးနေတာ ဖြစ်ပါတယ်။ 

.

 

315644632_5689686821069530_1376581735972435353_n.jpg

 

ရာသီဥတုနှင့် မိုးလေဝသအတွက် ဦးတည်ထားပေမဲ့ ဂြိုဟ်တုဓာတ်ပုံကို ပုံကြီးချဲ့ကြည့်ရင် လမ်းအမည်များကို ဖော်ပြပေးထားတဲ့ ဓာတ်ပုံမြေပုံအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ 

အချက်အလက်တွေ အများအပြား အချိန်နှင့် တစ်ပြေးညီ real-time တင်ပြပေးနေပေမဲ့ ပေါ့ပေါ့ပါးပါး ဝဘ်ဆိုဒ်ဖြစ်ပြီး လက်ပ်တော့စခရင်နဲ့ကြည့်ကြည့်၊ ဖုန်းစခရင်နဲ့ကြည့်ကြည့် ကြည့်ဖို့ အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ 

.

Zoom Earth ရဲ့ လင့်

https://zoom.earth/#view=16.993467,96.208364,10z/map=live


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)