အကောင့်များကို ရယူသိမ်းပိုက်ပြီး ပြန်ရောင်းစားသည့် ဝန်ထမ်းများကို Meta အလုပ်ထုတ်ပယ်

အကောင့်များကို ရယူသိမ်းပိုက်ပြီး ပြန်ရောင်းစားသည့် ဝန်ထမ်းများကို Meta အလုပ်ထုတ်ပယ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Meta Platforms Inc. သည် အသုံးပြုသူအကောင့်များကို ရယူသိမ်းပိုက်ပြီး ပြန်ရောင်းစားတဲ့ ဝန်ထမ်း နှစ်ဒါဇင်ကျော်ကို အလုပ်ထုတ်ခြင်း သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း  Wall Street Journal က သတင်း ဖော်ပြခဲ့ပါတယ်။

.

 အချို့သော ဝန်ထမ်းများသည် ဒေါ်လာထောင်ချီ ရယူပြီး ဟက်ကာများကို သုံးစွဲသူအကောင့်များသို့ ဝင်ရောက်ခွင့်ပေးခဲ့ကြပါတယ်။

.

Meta မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကုမ္ပဏီသည် မသမာသောဝန်ဆောင်မှုများ ရောင်းချသူများကို "သင့်လျော်သော အရေးယူမှု" ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Wall Street Journal သို့ ပြောကြားခဲ့ပါတယ်။ 

.

Facebook နှင့် Instagram တို့ကို ပိုင်ဆိုင်ပြီး သုံးစွဲသူပေါင်း ၃.၇ ဘီလီယံကျော်တို့ရဲ့  အချက်အလက်များကို Meta Platforms Inc. က ရယူထားပါတယ်။ ဟက်ကာများရဲ့ အဓိက ပစ်မှတ်ပါတယ်။ 

.

Meta က Facebook အသုံးပြုသူ ၁ သန်းခန့်သည် ၎င်းတို့ရဲ့ အကောင့်အထောက်အထားများကို အန္တရာယ်ရှိသော အက်ပ်များက ရယူခဲ့သည်ကို အကြောင်းကြားရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်လတွင် ပြောကြားခဲ့ပါတယ်။ 

.

 Meta သည်လည်း အခြားနည်းပညာကုမ္ပဏီများနှင့်အတူ လိမ်လည်ပြီး တရားဝင်တောင်းဆိုမှုများကို ပြန်ကြားပေးရာမှာ သုံးစွဲသူများနှင့်ပတ်သက်တဲ့ အရေးကြီးသောကိုယ်ရေးကိုယ်တာအချက်အလက်များကို ပေးအပ်ရန် လှည့်စားခံခဲ့ရပါတယ်။

 .

လုံခြုံရေးတာဝန်ခံအဖြစ် လုပ်ကိုင်နေသော ကန်ထရိုက်တာများအား “အွန်လိုင်း လည်ပတ်မှုများ” “Online Operations”ကို အတိုကောက် အားဖြင့် “Oops” လို့ခေါ်ဝေါ်ကြတဲ့  Facebook ကိရိယာကို အသုံးပြုခွင့်ပေးထားပါတယ်။ “Oops” အတွက် အဓိက ရည်ရွယ်ချက်ဖြစ်တဲ့   စကားဝှက်များကို မေ့သွားသောသူများ၊ အကောင့်များကို ဟက်ကာများက သိမ်းယူထားသော အသုံးပြုသူများကို ကူညီပေးဖို့ “Oops" ကို သုံးစွဲပါတယ်။ 

Meta ရဲ့ ဝန်ထမ်းများနှင့် အပြင်လူတချို့က ပူးပေါင်းပြီး သုံးစွဲသူ အကောင့်ပြန်ရဖို့ ၎င်းသုံးစွဲသူထံမှ အခကြေးငွေ တောင်းခံရယူတာတွေလည်း ပေါ်ပေါက်နေပါတယ်။ 

.

အကောင့်ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း သို့မဟုတ် အကောင့်ပြန်လည်ရယူခြင်းအတွက် ငွေပေးချေရခြင်းသည် ကုမ္ပဏီရဲ့ ဝန်ဆောင်မှုစည်းမျဉ်းများကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့   Meta ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Source bloomberg

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)