သမ္မတဟောင်း ထရန့် အကောင့် ပြန်ရသော်လည်း တွစ်တာကို ပြန်မလာဟု ပြောကြား

သမ္မတဟောင်း ထရန့် အကောင့် ပြန်ရသော်လည်း တွစ်တာကို ပြန်မလာဟု ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

အမေရိကန်သမ္မတဟောင်း Donald Trump သည် microblogging ဆိုက် Twitter မှ ၎င်း၏ အကောင့်ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်သော်လည်း Twitter သို့ ပြန်သွားရန် အခွင့်အရေးကို ငြင်းပယ်ခဲ့သည်။

.

Twitter ပိုင်ရှင်အသစ် Elon Musk က တွစ်တာတွင် ဆန္ဒသဘောထား ခံယူခဲ့ရာ ထရန့်အကောင့် ပြန်ပေးစေလိုသည့်ဘက်က မဲများသဖြင့် Twitter သည် Trump ၏အကောင့်ကို စနေနေ့၊ နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်တွင် ပြန်လည်အသက်သွင်းခဲ့သည်။

တွစ်တာ သုံးစွဲသူများထဲမှ မဲပေးသူ ၁၅ သန်းကျော် ရှိချိန်တွင် ၅၁.၈% က Trump ၏အကောင့်ကိုပြန်လည်ပေးအပ်ရန် မဲပေးခဲ့ကြသည်။ ၁.၈% မျှ အသာရချိန်တွင် Musk က လူတွေက ထုတ်ဖော်ပြောကြားခဲ့ကြပြီ၊ ထရန့်ကို အကောင့်ပြန်ပေးတော့မည်ဟု တွစ်တာတွင် ကြေညာလိုက်သည်။ မဲပေးခွင့် ဆက်ဖွင့်ထားဆဲဖြစ်ရာ ဆက်လက်မဲပေးခဲ့ကြပြီး နိုဝင်ဘာလ ၁၉ ရက်တွင် ထရန့်အကောင့် ပြန်ပေးစေလိုသည့် မဲများက ၅၂% အထိ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

 

trump_twitter_2.png

.

အီလွန်မတ်စ်က လက်တင်ဘာသာစကားဖြင့်  “Vox Populi, Vox Dei,”ဟု တွစ်တာတွင် မှတ်ချက်ပြုသည်။ “the voice of the people is the voice of God.” ဟု ဆိုလိုသည်။

သမ္မတဟောင်း ထရန့်သည် တွစ်တာအကောင့် ပြန်ရသွားပြီဖြစ်သော်လည်း ပြန်လည်သုံးစွဲဖို့ ငြင်းဆိုပါသည်။ 

ဇန်နဝါရီ ၈ ရက်၊ ၂၀၂၁ တွင် တားမြစ်ခြင်းမပြုမီ ထရန့်အကောင်တွင် followers ၈၈ သန်းကျော် ရှိခဲ့ပါသည်။

.

တွစ်တာသို့ ပြန်သွားရန် အစီအစဉ်ရှိမရှိ ထရန့်ကို  မေးမြန်းသောအခါ ထရန့်က "ပြန်သုံးဖို့ ဘာအကြောင်းမှ ကျွန်တော် မမြင်ပါဘူး" ဟု ဖြေကြားသည်။

 

သူ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို စွဲစွဲမြဲမြဲ ဆက်လက်သုံးစွဲသွားမည်ဟု အခိုင်အမာပြောကြားခဲ့ပါသည်။ Trump Media & Technology Group လုပ်ငန်းသစ် မှ ဖန်တီးထားသော အက်ပ် Truth Social  ကိုသာ စွဲစွဲမြဲမြဲ ဆက်လက်သုံးစွဲသွားမည်ဖြစ်သည်ယ 

Truth Social သည် Twitter ထက် သုံးစွဲသူများ၏ ထိတွေ့ဆက်ဆံမှု ပိုမိုကောင်းမွန်ကြောင်း Trump က အခိုင်အမာ ပြောကြားခဲ့ပြီး အဆင်ပြေနေသည်မှာ "ထူးထူးခြားခြား ကောင်းမွန်သည်" ဟု ၎င်းက ပြောကြားခဲ့သည်။

 

trump_twitter.png

.

Musk သည် ယခုနှစ် မေလတွင် Trump ၏အကောင့်ကို ပြန်လည်အသက်သွင်းရန် စိတ်ကူးကို ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့ပြီး ယခု အကောင်အထည်ဖော်ခဲ့ခြင်း ြဖစ်ပါသည်။

.

ထရန့်သည် ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၂၀၂၂ နိုဝင်ဘာလ ၁၅ ရက်တွင် တရားဝင်ကြေညာခဲ့ပါသည်။

 

Source pulse.ng 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)