ရုတ်တရက် လူများလာတဲ့ Hive Social

ရုတ်တရက် လူများလာတဲ့ Hive Social

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အက်ပ်အချက်အလက်လုပ်ငန်း Sensor Tower ရဲ့ အဆိုအရ Hive Social သုံးစွဲသူ ဦးရေသည် ပြီးခဲ့သည့် ရက်ပေါင်း ၃၀ အတွင်း ၂၁၄,၀၀၀ ဦး ရုတ်တရက် တိုးခဲ့သည်။ သုံးစွဲသူဦးရေ ၁,၂၄၀,၀၀၀ ကျော်သို့ ရောက်ရှိနေပြီဖြစ်သည်။

Twitter ကို အီလွန်မတ်စ် သိမ်းပိုက်ခါနီးမှစ၍ ရုတ်တရက် လူများလာခဲ့သည်။

.

 Twitter ကို မတ်စ်စီမံပုံ မနှစ်မြို့သဖြင့်လည်းကောင်း၊ Twitter ပျက်စီးသွားခဲ့သော်ဟု စိုးရိမ်မှုများကြောင့်လည်းကောင်း "Twitter အစားထိုး" လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုအဖြစ် သုံးစွဲရန် Hive Social သို့ လူများ ရောက်ရှိလာကြသည်။

.

Hive Social သည် မိုဘိုင်းသာ ရရှိသည့် လူမှုကွန်ရက်ဖြစ်သည်။ 

.

၂၀၁၉ ခုနှစ်တွင် ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် နေထိုင်သူ ကောလိပ်ကျောင်းသူ Raluca Pop က Hive Social အက်ပ်ကို ဖန်တီးထူထောင်ခဲ့ပြီး ယခုမှ သုံးစွဲသူ ဦးရေ ရုတ်တရက် တိုးလာခဲ့ခြင်းဖြစ်သည်။ မကြာသေးမီကမှ သုံးစွဲသူဦးရေ တစ်သန်းကျော်သို့ ရောက်ရှိလာခဲ့သည်။

အသက် ၂၃ နှစ်ရှိသူ Raluca Pop က သူမ၏ အမည် အသံထွက်ဖို့ ခက်နေသူများ ရှိနေသဖြင့် Kassandra Pop  ဟု နာမည်ပြောင်းထားသည်။

.

Hive_Social.png

Hive Social တည်ထောင်သူ Raluca Pop နှင့်  Hive Social Discover  စခရင်ပုံ

 

 

သုံးစွဲသူကို Discover ‌စာမျက်နှာတွင် Twitter နှင့် Instagram ပေါင်းစပ်ထားသည့် တင်ပြပုံဖြင့် ပို့စ်များ ပြသသည်။ အချိန်ကာလအရ တင်ပြခြင်းမပြု။ သုံးစွဲသူ ရွေးချယ်ထားသည့် အကြောင်းအရာ ခေါင်းစဉ်များအရ တင်ပြပေးသည်။

ကြော်ငြာများ မပြသသေးပါ။

.

Apple  နှင့် Android နှစ်မျိုးစလုံးအတွက် အက်ပ် ထုတ်လုပ်ထားသည်။

.

Pop က လက်ရှိ ဆိုရှယ်မီဒီယာများကို စိတ်တိုင်းမကျသဖြင့် code ရေးတတ်အောင် အရင်သင်ယူပြီး Hive Social ကို ကိုယ်တိုင်ဖန်တီးခဲ့သည်။

၂၀၁၉ ဇွန်လတွင် freelance developer  တစ်ဦး၏ အကူအညီဖြင့် စတင်ဖန်တီးသည်။ ပထမဆုံး ဗားရှင်းကို ၂၀၁၉ အောက်တိုဘာလတွင် Hive Social ကို စတင်ဖြန့်ဖြူးသည်။

Hive Social တွင် လုပ်ကိုင်ပေးသူ ၃ ဦးသာ ရှိသည်။ Pop ၊ ဒီဇိုင်းနာ တစ်ဦးနှင့် developer တစ်ဦး တို့ ဖြစ်သည်။

အကောင့်ဖွင့်ဖို့ Google Gmail တစ်မျိုးတည်းဖြင့်သာ စီစဉ်ထားသည်။ လူသစ်များ အကောင့်ဖွင့်မရသည်အခက်အခဲ ကြုံရတတ်သည်။

.

"ဘာလို့လဲဆိုတော့ ဂျီမေးလ်ဖြင့် စိစစ်အတည်ပြုပေးတဲ့ ခွဲတမ်းသတ်မှတ်ချက်က တစ်ရက်ကို တစ်သိန်းပဲ ခွင့်ပြုပါတယ်။ ခွဲတမ်းထက် ကျော်လွန်သွားရင် နောက်တစ်နေ့ကျမှ ရနိုင်မယ်" ဟု Pop က ရှင်းပြသည်။

.

Pop က ချေးငွေ နှစ်ရပ် ရယူပြီး Hive Social ကို လုပ်ငန်းလည်ပတ်ခဲ့သည်။ အရဲစွန့် ရင်းနှီးမြှုပ်နှံသူ "angel investor" တစ်ဦးထံမှ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၅,၀၀၀ ရရှိခဲ့သည်။

.

Hive Social ဆက်လက်ရပ်တည်ရန် အများကောင်းမှု  crowdfunding အတွက် WeFunder တွင် အလှူခံသည်။

Source newsweek

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)