Knowledge

Sunday, 26 September 2021 12:24

ခရစ်ပ္ပတိုဝယ်ရောင်းလုပ်တဲ့ ဟမ်စတာMr. Goxx က ဝါရင်ဘတ်ဖေးထက် ပိုသာနေ

မြီးတိုပါးတွဲကြွက်မျိုးနွယ် ဟမ်စကာတစ်ကောင်က ခရစ်ပ္ပတိုငွေကြေး (cryptocurrencies) အမျိုးမျိုး အရောင်းအဝယ် လုပ်နေခဲ့တာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် ကတည်းကဖြစ်ပြီး
Saturday, 25 September 2021 11:59

တရုတ်နိုင်ငံက ခရစ်ပ်တိုငွေကြေး တရားမဝင်ဟု ထပ်မံကြေညာ

တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ခရစ်ပ်တိုငွေကြေးဈေးကွက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရက ဘစ်ကွိုင်နဲ့ အလားတူ ငွေကြေးမျိုးတွေအပေါ် သံသယရှိတာ ကြာပါပြီ။
Friday, 24 September 2021 11:59

ဥရောပတွင် တာအထွက်ကောင်းနေတဲ့ Xiaomi Pad 5

စက်တင်ဘာလ ၂၃ ရက်မှာ Xiaomi က Pad 5 ကို ဥရောပဈေးကွက်မှာ စတင်ရောင်းချခဲ့ပါတယ်။
Wednesday, 22 September 2021 09:56

Facebook က Portal video chat device ထုတ်လုပ်

Mark Zuckerberg က သူ့အကောင့်မှာ Facebook ရဲ့ ထုတ်ကုန်သစ်များကို ပစိတ်ဖိတ်စံတော်ချိန် နံနက် ၁၀ နာရီကျရင် FB Live မှာ တင်ဆက်မယ့်အကြောင်း အသိပေးခဲ့ပြီး ထုတ်ကုန်အသစ်က ဘာဖြစ်မလဲဆိုတာ မှန်းဆခိုင်းခဲ့ပါတယ်။ ထင်ကြေးတွေ အမျိုးမျိုး ပေးကြတာမှာ Facebook နဲ့ ပတ်သက်တဲ့ အက်ပ်ဖြစ်မယ်။ လုပ်ဆောင်မှု အသစ်ဖြစ်မယ်။ လတ်တလော ထုတ်လုပ်ထားတဲ့ ကင်မရာပါတဲ့ Ray-Ban မျက်မှန်ဖြစ်မယ် စသဖြင့် မန့်ကြတယ်။ အဖြေတွေကို တစ်ခုကလွဲရင် ကျန်တာအကုန်လုံး မဟုတ်ကြောင်း Mark က ငြင်းဆိုတယ်။ သူမငြင်းတဲ့ အဖြေက Portal လို့ ဖြေထားတဲ့ အဖြေ ဖြစ်ပါတယ်။   ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ Facebook နဲ့ Ray-Ban တို့က ကင်မရာ မျက်မှန်စတင်‌ရောင်းချ   ဟုတ်ပါတယ်။ Portal video ခေါ်တဲ့ ကိရိယာ မော်ဒယ်နှစ်မျိုးကို ကြေညာခဲ့ပါတယ်။ တစ်ခုက ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ အလွယ်တကူ သယ်သွားလို့ရတဲ့ ကိရိယာ ဗားရှင်း ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ ကုမ္ပဏီက အမေရိကန်ကုမ္ပဏီတချို့ကို ကိရိယာများ ပေးအပ်ပြီး လုပ်ငန်းခွင်မှာ စမ်းသပ်သုံးစွဲမှုတွေ ပြုစေခဲ့တယ်လို့ ပြောပြပါတယ်။ Facebook က ပေါ့တဲလ် ဘယ်နှခု ထုတ်လုပ်သလဲ ပြောမပြခဲ့ပေမဲ့ ကပ်ရောဂါကာလမှာ ရောင်းအားတက်ခဲ့ပြီး အသုံးပြုတာလည်း ပိုများလာတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီ အများအပြားတို့ အလုပ်ပိတ်ထားပြီး အိမ်မှ အလုပ်လုပ်ကြတဲ့အတွက် အခုလို အသုံးများလာခဲ့တာ ဖြစ်ပါတယ်။       Facebook က စမတ်ဖုန်း၊ မျက်မှန်၊ ပေါ့တဲလ် အစရှိတဲ့ ပစ္စည်းတွေ ထုတ်လုပ်ရောင်းချနေပေမဲ့ ဝင်ငွေအားလုံးနီးပါးကို ကြော်ငြာလုပ်ငန်းကဏ္ဍထံမှသာ ရရှိနေတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ်မှာ ကြော်ငြာထံမှ မဟုတ်သော ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၉၇ သန်း ရရှိခဲ့ကြောင်း Facebook က အစီရင်ခံခဲ့ပါတယ်။ Oculus Quest 2 virtual reality headsets တွေထံမှ အများဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။   အဦးဆုံး ပေါ့တဲလ်ကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တယ်။ ဗီဒီယို အခေါ်အပြောအတွက် သုံးစွဲတဲ့ကိရိယာဖြစ်ပြီး ကင်မရာတွေက အခန်းထဲမှာ ရှိနေတဲ့ သုံးစွဲသူတွေနောက်ကို အလိုအလျောက် လိုက်ရိုက်ပေးနေတယ်။ ယခုကြေညာတဲ့ မော်ဒယ်အသစ်မှာတော့ အိမ်ထောင်စုသုံးအဖြစ် "household mode" ပါဝင်တယ်လို့ ဆိုတယ်။ Portal ကိရိယာ မရှိတဲ့သူတွေက တီဗီကို အသုံးပြုပြီး ပါဝင်လို့ ရအောင် စီစဉ်ပေးထားတယ်။ ဆက်သွယ်မှု ရှိသူတွေ အက်ပ်တွေကို ကိုင်တွယ်ပေးလို့ ရအောင်လည်း လုပ်ပေးထားတယ်။   Facebook က အလွယ်တကူ သယ်သွားလို့ ရတဲ့ Portal Go ကို အမေရိကန်ဒေါ်လာ ၁၉၉ ဖြင့် ရောင်းချပေးမယ်လို့ ဆိုပါတယ်။ စခရင်ပိုကြီးတဲ့ Portal+ က နောက်ဘိတ်ဆုံးမျိုးဆက် ထုတ်လုပ်မှု ဖြစ်ပြီး ရောင်းဈေး အမေရိကန်ဒေါ်လာ ၃၄၉ ဖြစ်ပါတယ်။ ပစ္စည်းပေးပို့တာက အောက်တိုဘာလ ၁၉ ရက်မှာ စတင်မယ်။ Microsoft Teams သုံးစွဲသူတွေအတွက်လည်း Portal မှာ ဒီဇင်ဘာလမှာ Microsoft Teams စတင်သုံးစွဲလို့ ရအောင် လုပ်ပေးမယ်လို့ ဆိုပါတယ်။  
Tuesday, 21 September 2021 12:34

OxygenOS + ColorOS = unified OS

OnePlus က ၎င်းရဲ့ စမတ်ဖုန်းတွေမှာ ၂၀၁၅ ခုနှစ်ကတည်းက သုံးစွဲနေတဲ့ OxygenOS ကို အပြီးအပိုင် ရပ်လိုက်ပြီလို့ ကြေညာတယ်။
Saturday, 18 September 2021 08:00

အလင်းတန်းဖြင့် မြစ်ကို ကျော်တဲ့ အင်တာနက်လိုင်း

ကွန်ဂိုတွင် မြစ်ကို ဖြတ်သွယ်ရန် ကေဘယ်မသုံးဘဲ အလင်းတန်းများဖြင့် အင်တာနက်ဆက်သွယ်ရေးကို ဆောင်ရွက် ပါတယ်။
Friday, 17 September 2021 14:49

ကမ္ဘာ့ ပထမဆုံး နိုင်ငံသားဖြစ်ခွင့်ရ AI စက်ရုပ် ဆိုဖီယာ

ဆိုဖီယာလို့ အမည်ပေးထားတဲ့ အမျိုးသမီးလူခန္ဓာကိုယ်ပုံ စက်ရုပ် ( humanoid robot) က သူမ အနေဖြင့် ကလေးတစ်ယောက် ရလိုကြောင်းနဲ့ သူမ ကိုယ်ပိုင်မိသားစုဘဝ ကို စတင်လိုကြောင်း The Khaleej Times နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
Thursday, 16 September 2021 14:51

Google ရဲ့Pronunciation

Google မှာ ပေါ်ပေါ်ထင်ထင် အသိမပေးထားတဲ့ မသိသူကျော်သွား သိသူ ဖော်စား သုံးစားလို့ ရတာလေးတွေ ရှိတယ်။
Wednesday, 15 September 2021 14:15

Google ကို မတရားလွှမ်းမိုးမှုဖြင့် တောင်ကိုရီးယားက ဒေါ်လာ ၁၁၇ သန်း ဒဏ်ငွေရိုက်

စမတ်ဖုန်းတွေမှာ သုံးစွဲဖို့ လည်ပတ်မှုစနစ် ဆော့ဖ်ဝဲလ် ဖွံ့ဖြိုးမှုများကို ပြိုင်ဘက်တွေ လုပ်ကိုင်ကြတာမှာ

Search Articles