Knowledge

Friday, 04 December 2020 13:24

Google Maps ကိုယ်ပိုင် newsfeed စတင်

Google Maps က Facebook လိုမျိုး newsfeed ကို စတင်လိုက်တယ်။
Thursday, 03 December 2020 11:41

Samsung ရဲ့ 4K HDR10+ အနီးကပ် Projector

ကမ္ဘာ့ပထမဆုံး HDR10+ နံရံအနီးကပ် ပရိုဂျက်တာကို triple laser technology ဖြင့် ထုတ်လုပ်ရောင်းချမှာ ဖြစ်ကြောင်း Samsung က ပြီးခဲ့တဲ့ လမှာ ကြေညာခဲ့ပြီး
Wednesday, 02 December 2020 17:38

အာရှတွင် အသုံးများလာသည့် ဒစ်ဂျစ်တယ်‌ ငွေကြေး၀န်ဆောင်မှု

၂၀၂၅ ခုနှစ်တွင် အာရှ၏ အင်တာနက်သုံးစွဲသူ ၅၀ ရာခိုင်နှုန်းကျော်သည် ဒစ်ဂျစ်တယ်‌ ငွေကြေး၀န်ဆောင်မှုကို အသုံးပြုလိမ့်မည်ဟု UnaFinancial က လေ့လာဆန်းစစ်ချက် ထုတ်ပြန်ပါသည်။
Wednesday, 02 December 2020 16:11

Google Docs ဖြင့် PDF များကို အဆင့်မြင့် format ဖြင့် ဖွင့်ပြီး ပြင်ခြင်း

PDF ကို Google Docs ဖြင့် အဆင့်မြင့် format ဖြင့် ဖွင့်ဖို့အတွက် ဖွင့်ချင်တဲ့ PDF ကို ဦးစွာ ပထမ Google Drive မှာ သိမ်းဆည်းရမှာ ဖြစ်ပါတယ်။
Monday, 30 November 2020 18:53

Huawei ရဲ့ အရည်မှန်ဘီလူး မြန်ချက်

Huawei သည် အရည်မှန်ဘီလူးကို စမ်းသပ်မှု၏ နောက်ဆုံးအဆင့်တွင် ရောက်ရှိနေပြီဖြစ်သည်။
Saturday, 28 November 2020 14:59

Samsung Myanmar ၏ Employee Volunteer Program အား သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်းကျင်းပခဲ့

Samsung Myanmar ၏ ပထမဦးဆုံးသော အွန်လိုင်း Employee Volunteer Program အား သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်းကျင်းပခဲ့သည်။ Samsung Electronics ၏ ကမ္ဘာလုံးဆိုင်ရာ နှစ်စဉ် လုပ်အားပေး ပွဲတော် Samsung Global Volunteer Festival ၏ တစ်စိတ်တစ်ပိုင်း အဖြစ် Samsung Myanmar သည် ယခုနှစ်အတွက် Samsung Employee Volunteer Program အား သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT) နှင့် ပူပေါင်းကာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ပထမဦးဆုံးအကြိမ်အဖြစ် အွန်လိုင်းမှ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အစီအစဉ်တွင် UIT မှ ကျောင်းသား၊ ကျောင်းသူများ အတွက် COVID အလွန် ပုံမှန်အခြေအနေသစ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် အသိပညာ၊ ဗဟုသုတ ကျွမ်းကျင်မှုများ ပိုမို တိုးပွားလာစေရန် အဓိကထား၍ ဆွေးနွေးမျှဝေပေးခဲ့သည်။ နိုင်ငံတကာရှိ Samsung ဝန်ထမ်းများ အနေနှင့် Samsung Global Volunteer Festival အား ၎င်းတို့ဒေသအတွင်းရှိ လူမှုအသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများ ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများအား ကူညီဖြေရှင်းဖေးမပေးနိုင်ရန် အဓိက ရည်ရွယ်ချက်ဖြင့် ၁၉၉၅ ခုနှစ်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်အား နှစ်စဉ် အောက်တိုဘာလတွင် ကျင်းပလေ့ရှိကာ ကမ္ဘာတစ်ဝှမ်းမှ Samsung ဝန်ထမ်းများသည် ၎င်းတို့ အလုပ်လုပ်ကိုင်ရာနှင့် နေထိုင်ရာ ပတ်ဝန်းကျင်များရှိ လူမှုအသိုင်းအဝန်းများအတွက် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ရရှိစေရန် ရည်ရွယ်၍ ကိုယ်ပိုင်အချိန်များနှင့် စွမ်းဆောင်ရည်များကို အသုံးချကာ ပံ့ပိုးကူညီလှူဒါန်းလေ့ရှိကြသည်။ ယခုနှစ် Samsung Employee Volunteer Program အစီအစဉ်တွင် Samsung Myanmar မှ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက် နှင့် Product Marketing မန်နေဂျာဖြစ်သူ မစုဒီဇင်ဘာစိုး တို့နှင့်အတူ UIT ၏ ကျောင်းသားဟောင်း Speakers များ ဖြစ်ကြသော ကိုမျိုးသိင်္ခနှင့် ကိုဝေလင်းဖြိုး၊ စုစုပေါင်း Speaker ၄ ဦးမှ ပါဝင်မျှဝေပြောကြားပေးခဲ့ပြီး သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT) မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၀ ကျော် တက်ရောက် ခဲ့သည်။ အဆိုပါ အွန်လိုင်းဆွေးနွေးပွဲတွင် Speakers များမှ COVID အလွန်ပုံမှန်အခြေအနေသစ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် အဆင်ပြေလွယ်ကူမှုရှိစေရန် လိုအပ်သည့် အသိပညာ၊ ဗဟုသုတ နှင့် ကျွမ်းကျင်မှုများအကြောင်း အဓိက ဆွေးနွေးမျှဝေခဲ့သည်။ Speakers များမှ မျှဝေခဲ့သည့် ခေါင်းစဉ်များအပေါ်တွင်လည်း ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစားဖြင့် ဝင်ရောက်ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထို့အပြင် Samsung Myanmar သည် ယခုနှစ် EVP အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ရှိ တက္ကသိုလ်စာကြည့်တိုက်အတွက် ၅၅” Samsung UHD (4K) စမတ်တီဗွီ ၁ လုံးနှင့် Samsung 2.0 HP လေအေးပေးစက် ၄ လုံးအပြင် ငွေကျပ်သိန်း ၂၀ ကိုလည်း လှူဒါန်းခဲ့သည်။ “Samsung အနေနဲ့ တီထွင်ဆန်းသစ်မှု အရှိဆုံး အရည်အသွေးမြင့် ထုတ်ကုန်တွေကို ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေအတွက် အစဉ်မပြတ် ထုတ်လုပ်ပေးအပ်နေတဲ့အပြင် လူမှုအသိုင်းအဝန်းအတွက် ရေရှည်အကျိုးရှိစေဖို့ ရည်ရွယ်ပြီး လူထုအကျိုးပြု အစီအစဉ် တစ်ခုဖြစ်တဲ့ ‘Samsung Love & Care’ အစီအစဉ်ကိုလည်း အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်” ဟု Samsung Myanmar ၏ Head of Corporate Marketing ဖြစ်သူ ကိုစိုးသူရက ပြောကြားခဲ့သည်။ “လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း Samsung Myanmar အနေနဲ့ ပထမဦးဆုံးသော အွန်လိုင်း EVP အစီအစဉ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး တိုင်းပြည်ရဲ့ ပညာရေးကဏ္ဍနဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဒီအတွက်လည်း အစီအစဉ် အောင်မြင်စွာ ပြီးစီးဖို့ ကူညီပေးခဲ့ကြတဲ့ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်က ပါမောက္ခချုပ်နဲ့ တာဝန်ရှိ ဆရာ၊ ဆရာမတွေ၊ ဆွေးနွေးဟောပြောခဲ့ကြတဲ့ speakers တွေနဲ့ တက်ရောက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေကို အထူး ကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။ အခုအစီအစဉ်မှာ ဆွေးနွေး မျှဝေပေးခဲ့တဲ့ အသိပညာ၊ ဗဟုသုတ ကျွမ်းကျင်မှုတွေဟာ ကျောင်းသားကျောင်းသူတွေ အတွက် ဘွဲ့ရပြီး တစ်ကယ့် လုပ်ငန်းခွင်ကို ဝင်ရောက်တဲ့အခါမှာ အတိုင်းအတာတစ်ခုအထိ ပံ့ပိုးကူညီပေးသွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” Samsung Myanmar ၏ ပထမဦးဆုံးသော Employee Volunteer Program အား ၂၀၁၅ ခုနှစ်တွင် ပဲခူးမြို့အနီးရှိ ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ မသန်စွမ်းကွန်ယက်နှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင် တည်ရှိသည့် အောင်မြေဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင်ဖွင့်လှစ်ထားသော လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မျက်မမြင်ကျောင်းတွင်လည်းကောင်း စီစဉ်ကျင်းပခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင်မူ Samsung Myanmar ၏ ဝန်ထမ်း စုစုပေါင်း အင်အား ၉၀ ရာခိုင်နှုန်းကျော်သည် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် တည်ရှိသည့် ထောင့်ကွေး အခြေခံ မူလတန်း (လွန်) ကျောင်းသို့ သွားရောက်ကာ ကျောင်းသားကျောင်းသူများအား အသိပညာမျှဝေခြင်းနှင့် စာသင်ကျောင်းအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများအား လှုူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။ ယခုအချိန်အထိ အဆိုပါအစီအစဉ်ကြောင့် ငါးနှစ်အတွင်း လူငယ်ပေါင်း ၁,၇၀၀ ကျော် အပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပြီးဖြစ်သည်။ "Public-Private Partnership က တက္ကသိုလ်တွေအတွက် အရမ်းအရေးကြီးပါတယ်။ အခုလို COVID -19 ကြောင့် ကျောင်းတွေ ခေတ္တပိတ်ထားရတဲ့ကာလမှာ Samsung-Myanmar နဲ့အတူ ပူးပေါင်းပြီးတော့ ကျွန်မတို့ရဲ့ ကျောင်းသား ကျောင်းသူတွေ သိရှိမှတ်သားထားသင့်တဲ့ အကြောင်းအရာတွေကို အွန်လိုင်းကနေတဆင့် ဆွေးနွေးမျှဝေပေးနိုင်ခဲ့တဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ တစ်ကယ့်လုပ်ငန်းခွင်ကို မဝင်ရောက်ခင်မှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့အရာတွေ၊ သိထားသင့်တဲ့ အသိပညာ၊ ဗဟုသုတ ကျွမ်းကျင်မှုတွေကို ကျောင်းသားကျောင်းသူတွေ သိရှိထားနိုင်စေဖို့ ဆွေးနွေး မျှဝေပေးခဲ့ကြတဲ့ အတွက်လည်း Samsung-Myanmar က အတွေ့အကြုံရင့်ဝန်ထမ်းတွေနဲ့ UIT ကျောင်းသားဟောင်း တွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ပါမောက္ခချုပ်တစ်ဦးအနေနဲ့ UIT ကျောင်းသားကျောင်းသူတွေကို နည်းပညာတွေ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အောင် သင်ကြားပေးရမယ့်အပြင် လူ့အသိုင်းအဝိုင်းအတွင်း ဆောင်ရန်ရှောင်ရန်တွေ၊ ဓလေ့ထုံးစံတွေ၊ ထားရှိသင့်တဲ့ စိတ်နေစိတ်ထားတွေနဲ့ ဘယ်လိုမျိုး ကျင့်ကြံပြောဆိုနေထိုင်ရမယ် ဆိုတဲ့ အချက်တွေကိုပါ သင်ကြားပေးရမယ့် တာဝန်ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုး တစ်ဖက်တစ်လမ်းကနေ ကူညီပေးခဲ့တဲ့ Samsung Myanmar ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ထပ်မံပြောကြားလိုပါတယ်" ဟု သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT)မှ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်စောစန္ဒာအေးမှ ပြောကြားခဲ့သည်။ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT) သည် software engineering၊ high performance computing၊ business information system၊ communication and networking၊ embedded system နှင့် computer system technology စသည့် ဘာသာရပ်နယ်ပယ် အသီးသီးအတွက် Bachelor ဘွဲ့၊ ဒီပလိုမာ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ကျောင်းသူကျောင်းသားများအတွက် ဘွဲ့ကြိုနှင့် ဘွဲ့လွန် သင်တန်းများအား ဖွင့်လှစ်ပို့ချပေးလျက် ရှိသည်။ UIT သည် နိုင်ငံ့စွမ်းဆောင်ရည် နှင့် လူနေမှုအဆင့်အတန်းများအား ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် နည်းပညာနယ်ပယ်အတွက် အဓိက အချက်အခြာ တက္ကသိုလ်တစ်ခု ဖြစ်သည်။   Samsung Electronics Co., Ltd. အကြောင်း Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com (သို့မဟုတ်) http://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။
Thursday, 26 November 2020 11:45

Work From Home လုပ်ဖို့ အကောင်းဆုံး Laptop များ

အခုချိန်မှာ လူတိုင်းက ကိုဗစ်ကြောင့် အိမ်ထဲအောင်းနေပြီးတော့ပဲ အလုပ်လုပ်ရတဲ့အတွက် Laptop ကောင်းကောင်းလေးတစ်လုံးကတော့ မရှိမဖြစ်လိုအပ်တာပေါ့။ အလုပ်လုပ်ဖို့တင်မကပဲ ပျင်းတဲ့အချိန်တွေမှာ Game ဆော့တာ ရုပ်ရှင်တွေကြည့်တာ သီချင်းနားထောင်တာလေးတွေလည်း လုပ်ရမယ်လေ။
Sunday, 22 November 2020 08:27

Tech Tips: Gmail မှာ email အများကြီးကို တစ်ချက်တည်းနဲ့ ဘယ်လို ဖျက်ကြသလဲ

ဂူဂဲရဲ့ သိုလှောင်မှု ပမာဏ ကန့်သတ်ချက်အသစ်အရ ဂျီမေးအကောင့်တစ်ခုကို 15GB ပဲ ရတော့မယ်။ အဲဒီ 15GB မှာ ဂျီမေးမှာ ရှိတဲ့ အီးမေးလ်တွေအပြင် Google drive မှာ သိမ်းထားတဲ့ ဖိုင်တွေ၊ Google photos မှာ သိမ်းဆည်းထားတာတွေကိုပါ ထည့်တွက်မှာဆိုတော့ 15GB ဆိုတာ ကုန်သွားမှာ။ အဲဒီအခါကျ ဖျက်ပစ်စရာတွေက Google photos မှာ သိမ်းဆည်းထားတဲ့ ပုံတွေ ဗီဒီယိုတွေမှာ မလိုအပ်တာတွေ ဖျက်ပစ်ရမယ်။ ပြီးတော့ ဂျီမေးမှာ ဝင်ထားတဲ့ အီးမေး‌တွေ ဖျက်ပစ်ပြီး ဝိတ်လျှော့ရလိမ့်မယ်။ အဲဒီလို အီးမေးတွေ ဖျက်ရတဲ့အခါ အစုလိုက်အပြုံလိုက်ကို တစ်ချက်တည်းနဲ့ ဖျက်ပစ်နိုင်မှ အချိန်ကုန ်သက်သာမယ်။ ဖိုင်တွေ attach တွဲထားတဲ့ အီးမေးတွေက ပိုလေးလံတယ်။ အဲဒီအီးမေးတွေကို ရွေးထုတ်ပြီး ဖျက်ပစ်ဖို့လည်း လိုလိမ့်မယ်။   နည်းနည်းပါးပါး ဖျက်တာလောက်ကတော့ ဖုန်းနဲ့ ဖျက်လို့ ရပေမဲ့ အစုလိုက်အပြုံလိုက် ဖျက်ဖို့အတွက် ကွန်ပျူတာ လက်ပ်တော့ဖြစ်ဖြစ် ဒက်စ်တော့ဖြစ်ဖြစ် သုံးဖို့ လိုမယ်။    ဂျီမေးရဲ့ Inbox မှာ tab တွေ ရှိတယ်။ ဖျက်ချင်တဲ့ အီးမေးလ်တွေ ရှိတဲ့ tab တစ်ခုကို ရွေးချယ်ပြီး ဖွင့်လိုက်ပါ။ ဥပမာ  promotional ၊ social  အဲဒီမှာ ရှိနေတဲ့ အီးမေးတွေမှာ တစ်ခါမှ ဖွင့်မကြည့်ထားတာတွေ တစ်ပုံကြီး အစီအရီ ရှိနေတယ်။ Tab ကို ရွေးချယ်ပြီး ဖွင့်ထားလိုက်ပြီးတဲ့အခါ အပေါ်ဘက် ဝဲထောင့်နားမှာ  Select all ကို ရွေးချယ်လို့ ရတဲ့ စတုရန်းကွက် သေးသေးလေး ရှိတယ်။ သူ့ဘေးမှာ အောက်စိုက်မြားဦးလေးရှိတာကို ကလစ်လုပ်ပြီး all ကို ရွေးလိုက်ပါ။   စတုရန်းကွက်ကလေးကို ကလစ်တစ်ချက်လုပ် ရွေးချယ်ပြီးတော့လည်း လုပ်လို့ရပါတယ် ပြီးရင် ရွေးချယ်စရာ နှစ်မျိုးပေးထားတာမှာ   “Select all  မက်ဆေ့ခုရေ (ပုံမှာ 941)  conversations in Social  ဆိုတာ ရွေးလိုက်ပါ။ နောက်ကြောင်း ပြန်လှည့်ချင်ရင် Clear selection ကို ကလစ် လုပ်လိုက်ပါ။  ဖျက်မယ်ဆိုရင်တော့ အမှိုက်ပုံးကို ကလစ် လုပ်လိုက်ပါ ။ နောက်ကြောင်းပြန်လှည့်ချင်ရင် Cancel ကို ကလစ်လုပ်ပါ။ ရှေ့ဆက်မယ်ဆိုရင် OK ကို ကလစ်လုပ်ပြီး အတည်ပြုပေးလိုက်ပါ။ ဖျက်ပေးနေတာကို ခဏတော့ စောင့်ပေးရပါလိမ့်မယ်။ အဲဒီလို စောင့်ရတဲ့ တစ်ခဏလေးမှာပဲ social ထဲကို မက်ဆေ့တွေ ထပ်ဝင်လာတာ ရှိရင်တော့ အဲဒီမက်ဆေ့တွေ ဖျက်တဲ့အထဲ မပါဘဲ ကျန်နေပါလိမ့်မယ်။ နောက်တစ်ကြိမ် ထပ်ဖျက်ပေးမှ ပျက်ပါလိမ့်မယ်။ တကယ်လို့ နဂိုက အမှတ်အသားတွေ လုပ်ပေးထားတယ် ဆိုရင်တော့ ခုနက ပြောတဲ့  အောက်စိုက်မြားဦးလေးရှိတာကို ကလစ်လုပ်ပြီး ပွင့်ကျလာတဲ့အထဲမှ  none read,  unread,  starred,  unstarred တို့မှာ  ဖျက်ချင်ရာ တစ်မျိုးမျိုးကို ရွေးချယ်ပေးပြီး ဖျက်လို့ ရပါတယ်။ ပွင့်လက်စ စာမျက်နှာ ဖော်ပြထားတဲ့ အီးမေးတွေကိုပဲ ဖျက်ချင်ရင်တော့ ခုနကပြောတဲ့ စတုရန်းကွက်ကလေးကို ကလစ်တစ်ချက်လုပ် ရွေးချယ်ပြီး အမှိုက်ပုံးကို ကလစ်လုပ်ပြီး ဖျက်လို့ ရပါတယ်။  ဖျက်ပြီးကာမှ မှားဖျက်မိတာတွေ ပါကုန်တယ်ဆိုရင် ရက် ၃၀ အတွင်း ပြန်ယူလို့ ရပါတယ်။ Trash မှာ သွားရှာပြီး ပြန်ယူနိုင်ပါတယ်။ ရက် ၃၀ ကျော်သွားပြီးမှ လိုချင်ရင်တော့ မရနိုင်တော့ဘူး. ဖိုင်အရွယ်ကြီးတဲ့ မေးလ်တွေကိုပဲ ဖျက်ချင်တယ်ဆိုရင် အပေါ်ထိပ်မှာ ရှိတဲ့ ရှာဖွေမှူအတွက် search mail bar မှာ ဖိုင်အရွယ်ရိုက်ထည့်ပြီး ရှာခိုင်းလိုက်ရင် ဖိုင်ကြီးတာတွေ ရွေးထုတ်ပေးမယ်။  ပိုပြီး တိတိကျကျ ဖြင့် ရှာခိုင်းချင်ရင်တော့ search mail bar ရဲ့ ညာစွန်မှာ ရှိတဲ့ အောက်စိုက်မြားဦးကို ကလစ်လုပ်ရင်  ကျလာတဲ့ ပုံစံဖောင်မှာ လိုအပ်ချက်တွေ ဖြည့်သွင်းပြီး ရှာခိုင်းလို့ ရပါတယ်။ ပို့တဲ့သူအရ လက်ခံသူအရ  အကြောင်းအရာအရ ပါဝင်တဲ့ စကားလုံးတွေအရ မပါဝင်တဲ့ စကားလုံးတွေအရ အရွယ်အစားအရ ပိုကြီးသော/ ပိုသေးသော  ရက်အပိုင်းအခြား စသဖြင့် ရှာစေချင်တဲ့ အချက်အလက်အရ ရှာခိုင်းပြီး ဖျက်လို့ ရပါတယ်။  မထည့်ချင်တဲ့ အချက်တွေကို မဖြည့်ဘဲ ထားလိုက်ပါ။ ဿပမာ ပို့တဲ့သူအရ ရှာချင်ရင် အဲဒီသက်ဆိုင်ရာ အကွက်တစ်ခုကိုပဲ ဖြည့်ပြီး ရှာပါ/ တကယ်လို့ ဖိုင်အရွယ်အစားအရ ရက်အပိုင်းအခြားအရ ရှာချင်ရင် အဲဒီအတွက် အကွက်နှစ်ခုကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။  အမှိုက်ပုံး Trash က Compose အောက်တည့်တည့်အကွက် အောက်ဘက်ကို ဆင်းသွားလိုက်ရင် တွေ့ပါလိမ့်မယ်။  Trash ထဲ ရောက်နေတာတွေဟာ ရက် ၃၀ အကြာမှာ အလိုလို ဖျက်ပစ်ပါလိမ့်မယ်။ ရက် ၃၀ အတွင်း ပြန်ယူချင်တာ ယူလို့ ရပါတယ်။ တကယ်လို့ ရက် ၃၀ မစောင့်ချင်ဘူး၊  15GB ပြည့်နေလို့ အရေးတကြီး ဖယ်ရှင်းလို့ လိုအပ်နေတယ်ဆိုရင်တော့ Trash  ကို ကလစ်လုပ်လိုက်ရင် Trash  မှာ ရောက်နေတဲ့ အီးမေးစာရင်းပေါ်လာမယ်။ select လုပ်ပြီး ဖျက်ခိုင်းလိုက်ရင် ချက်ချင်း ဖျက်ပေးပါလိမ့်မယ်။  
Friday, 20 November 2020 14:00

OPPO မှ ထုတ်ကုန်အရည်အသွေး၊ ဝန်ဆောင်မှုနှင့် တီထွင်ဆန်းသစ်မှု

OPPO မှ ထုတ်ကုန်အရည်အသွေး၊ ဝန်ဆောင်မှုနှင့် တီထွင်ဆန်းသစ်မှုတို့အပေါ်ထားရှိသည့် ခံယူချက်နှင့် ကြိုးစားအားထုတ်မှုများကို ထုတ်ဖော်ပြသခဲ့သည်။

Search Articles