Knowledge

Thursday, 21 January 2021 09:47

Zoom Application ရဲ့ ပဲ့ကိုင်ရှင်တစ်ဦး (သို့မဟုတ်) Eric Yuan

Zoom Application ဆိုတာ လက်ရှိကာလမှာ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာသာမက စီးပွားရေးလုပ်ငန်းတော်တော်များများမှာ အသုံးပြုလာတဲ့ Video Communication Application တစ်ခုဖြစ်ပါတယ်။ ယခုလို covid ကာလကြီးမှာ လူတွေထိတွေ့ဆက်ဆံဖို့ ခက်ခဲလာပြီး၊ အစည်းအဝေးတွေနဲ့ သင်တန်းကျောင်းတွေမှာ လူကိုယ်တိုင်လာရောက်ဖို့ ခက်ခဲနေတဲ့ ကာလတစ်ခုဖြစ်တဲ့ အတွက် လူတွေက Zoom ကနေ ဆက်သွယ်ကြပါတယ်။ Zoom ကြောင့် အလုပ်တွေပြီးလာတယ်။Zoom ကြောင့် မလိုအပ်ပဲ လူတွေတွေ့စရာမလိုတော့ဖူး။ Zoom ကြောင့် လုပ်ငန်းတွေ၊သင်တန်းတွေက လည်ပတ်လာတာဖြစ်တယ်။ ဒါကြောင့် Zoom ကိုတည်ထောင်ပေးခဲ့တဲ့ Zoom Application ရဲ့ Founder Eric Yuan ရဲ့ အကြောင်းကို ယနေ့မှာ ဖော်ပြပေးလိုက်ရပါတယ်။   Eric Yuan   သူ့ကို ၁၉၇၀ခုနှစ်မှာ တရုတ်နိုင်ငံ၊ တိုင်အန်မြို့၊ ရှန်ဒေါင်းပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဖခင်က သတ္တုတွင်း အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ သူက သူ့ရဲ့မိသားစုအကြောင်းကို Public မှာသိပ်ပြီးမဖော်ပြတော့ သူ့ရဲ့ ညီအကိုမောင်နှမတွေနဲ့ ပတ်သက်ပြီး မသိရပါဘူး။ ဒါပေမယ့် သူကဖြစ်လာတဲ့ မိသားစုအကြောင်းကိုတော့ သူမကြာခဏပြောလေ့ရှိပါတယ်။   Eric ကသူ့ရဲ့ ကျောင်းသားဘ၀ကို သူ့ကိုမွေးဖွားရာဇာတိမြို့မှာပဲ ဖြတ်သန်းခဲ့ပါတယ်။ အဲ့ဒီကနေပဲ ရှန်ဒေါင်းသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ကိုတက်ရောက်ပြီး အသုံးချသင်္ချာပညာရပ် နဲ့ ဘွဲ့ရခဲ့ပါတယ်။ ဆက်လက်ပြီး တရုတ်သတ္တုနဲ့နည်းပညာ တက္ကသိုလ်ကနေ  MASTER ဘွဲ့ကို သူဆက်ရခဲ့ပါတယ်။ Eric ကကျောင်းသားဘ၀မှာတည်းက ကြိုးစားတဲ့ကလေးတစ်ယောက်ပါ။ သူကနည်းပညာပိုင်းကို အလွန်စိတ်ဝင်စားတဲ့ သူတစ်ယောက်ဖြစ်ပြီး၊ computer programming language တွေနဲ့ ပတ်သတ်ပြီးလည်း လေ့လာရတာ ပျော်မွေ့သူပါ။ သူ၅တန်းနှစ်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ကျနေတယ့်အပိုင်းအစအပိုတွေကို စုပြီး စည်ပိုင်းအဖြစ်ပြန်လုပ်ကာ အပိုဝင်ငွေရှာခဲ့ပါတယ်။   ၁၉၈၇ခုနှစ် Eric ရဲ့ တက္ကသိုလ်ပထမနှစ်မှာ သူ့ချစ်သူကောင်မလေးနဲ့တွေ့ဖို့ ၁၀နာရီကြာ ရထားစီးပြီးသွားရစဉ် သူသာ videotelephony software တစ်ခုလောက်တီထွင်နိုင်မယ်ဆိုရင် သူ့ကောင်မလေးနဲ့ပိုပြီးလွယ်ကူစွာတွေ့နိုင်မှာပဲ ဆိုပြီး Zoom ရဲ့ဖြစ်တည်မှု စတင်ခဲ့ပါတယ်။ဒါကြောင့် ကျွန်တော်တို့အနေနဲ့ Zoom application အတွက်သူ့ကောင်မလေးကိုလည်း ကျေးဇူးတင်ဖို့လိုအပ်ပါတယ်။ တစ်ခုခုကို လိုချင်လျှင်ရအောင်ဖန်တီးတတ်တဲ့ Eric အတွက်တော့ ယခုလိုသူ့ကို ကမ္ဘာကသိစေတဲ့ အကြောင်းအရင်းကတော့ သူ့ချစ်သူကောင်မလေးကနေ စတင်ခဲ့တယ်လို့ပဲ ပြောရမှာပါ။   Eric က masterဘွဲ့ရပြီးနောက် ဂျပန်မှာ training program တစ်ခုကို လေးလလောက်သွားပြီးတက်ရောက်ခဲ့ပါတယ်။ သူဂျပန်မှာအလုပ်လုပ်နေတုန်း ၁၉၉၅ခုနှစ်မှာတော့ Bill Gatesပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် အမေရိကန်နိုင်ငံမှာအခြေချဖို့အတွက် သူစိတ်ဝင်စားလာပါတယ်။ ဒါကြောင့် ၁၉၉၇ခုနှစ်မှာတော့ အဲ့တုန်းက အမေရိကန်ရဲ့ ကွန်ပျူတာနည်းပညာဖွံဖြိုးထွန်းကားရာ နေရာဖြစ်တဲ့ Silicon Valley ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အင်္ဂလိပ်စကား နည်းနည်းပဲတတ်တဲ့ Eric  အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပြီး၊ အမေရိကန်ကို ဗီဇာလျှောက်ရာမှာလည်း ၈ကြိမ်အထိ ပယ်ချခံခဲ့ရပါတယ်။   Silicon Valleyမှာတော့ WebExလို့ခေါ်တဲ့ Web conferencing နဲ့ Video conferencing application တွေကို ရေးရတဲ့ကုမ္ပဏီမှာ လုပ်ရပါတယ်။ လူအယောက် ၂၀ ရွေးချယ်တဲ့ အထဲမှာ Eric ကတစ်ယောက်အပါအဝင်ဖြစ်ခဲ့တာပါ။ Eric ကအလုပ်ကြိုးစားတဲ့ သူတစ်ယောက်ဖြစ်ပြီး သူဝါသနာပါတဲ့ ဘောလုံးကစားတဲ့အချိန် ကလွဲလို့ ကျန်တဲ့အချိန်က coding တွေနဲ့ပဲ အချိန်ကုန်နေတာပါ။ အလုပ်ကိုတစ်ဖက်လုပ်ရင်း တစ်ဖက်မှာလည်း ၂၀၀၆ခုနှစ်မှာ Standford စီးပွားရေးကျောင်းကနေ MBA ဘွဲ့ကိုလည်း Eric Yuan ရရှိခဲ့ပါတယ်။    သူ့ဘ၀ရဲ့ အလှည့်အပြောင်းစပါပြီ။ သူအလုပ်လုပ်နေတဲ့ WebEx ကုမ္ပဏီကို 2007ခုနှစ်မှာ Cisco က အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ပိုင်ရှင်အသစ်က အလုပ်အရမ်းကြိုးစားပြီး MBA ဘွဲ့ပါရထားတဲ့ Eric ကို WebEx မှာ ဒုတိယဥက္ကဋ္ဌရာထူးကို ပေးအပ်ခဲ့ပါတယ်။ Eric အနေနဲ့ သူ့ရဲ့အတွေးအမြင်အသစ်တွေကို ပိုမိုထုတ်ဖော်ပြသခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။   ၂၀၁၁မှာတော့ Eric က စမတ်ဖုန်းတွေမှာ Video Conferencing တွေလုပ်နိုင်ဖို့ Application တစ်ခုကို ရေးဆွဲပြီး Cisco အဖွဲ့ကို တင်ပြခဲ့ပါတယ်။ စီးပွားရေးအရ ဆုံးရှုံးနိုင်မယ့်အရေး များလွန်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ Cisco က Eric ရဲ့ idea ကိုပယ်ချခဲ့ပါတယ်။ စွန့်စားရတာကိုကြိုက်တဲ့ Eric အတွက်တော့ သူ့ရဲ့ အရင်ကတည်းက စိတ်ကူးဖြစ်ခဲ့တဲ့  Video Conference applicationတစ်ခု ထုတ်လုပ်ရေးအတွက် WebEx ရဲ့ ဒုတိယဥက္ကဋ္ဌရာထူးကို စွန့်လွှတ်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်မှာတော့ သူ၁၄နှစ်ကြာလုပ်ခဲ့တဲ့ WebEx ကနေ နှုတ်ထွက်ပြီး Zoom Video Communication ကိုတည်ထောင်ခဲ့ပါတယ်။ ဒါကပဲ Zoom Application ရဲ့ ခြေလှမ်းအစဖြစ်လာခဲ့ပါတယ်။   ၂၀၁၁ခုနှစ် ဧပြီလမှာတော့ Zoom Video Communication ကိုစတင်တည်ထောင်ခဲ့ပါတယ်။  ၂၀၁၂ ဩဂုတ်လမှာတော့ Zoom ရဲ့ ပထမဆုံး website version ကိုထွက်နိုင်ခဲ့ပါတယ်။Zoom app ကိုတော့ ၂၀၁၃ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ လျင်မြန်စွာစျေးကွက်ထဲကိုဝင်ရောက်လာတဲ့ zoom application ဟာEric ကို  ဘီလျံနာတစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ယခုအချိန်မှာတော့  zoom ရဲ့ ၂၂ရာခိုင်နှုန်းသော အစုရှယ်ယာတွေကို ပိုင်ဆိုင်ထားပြီး ပိုင်ဆိုင်မှု ၇ဘီလျံရှိပြီး၊ ကမ္ဘာ့ဘီလျံနာမှတ်တမ်းမှာအဆင့် ၂၉၃ဖြစ်ပါတယ်။ဒီလိုတွေဖြစ်လာအောင် eric ဖြေရှင်းခဲ့ရတဲ့ ပြဿနာတွေအများကြီးရှိပါတယ်။   Zoom စစထောင်စဉ်အချိန်က ကုမ္ပဏီမှာ အင်ဂျင်နီယာတွေပဲ ရှိပါတယ်။ product managerအပြင် QAတောင်မရှိပါဖူး။ customer ဘက်မှ လာတဲ့ မက်ဆေ့ချ်တွေက်ု eric ကိုယ်တိုင် reply ပြန်ခဲ့ရတာဖြစ်ပါတယ်။ Zoom ကုမ္ပဏီတစ်ခုလုံးကို အင်ဂျင်နီယာ၄၅ဦးနဲ့ ဖွဲ့စည်းထားခဲ့တာဖြစ်ပါတယ်။ Eric  အတွက် Zoom product အတွက်သာ အာရုံစိုက်ခဲ့တယ်ဆိုတာသိသာနေတာလည်းဖြစ်ပါတယ်။ Marketing ပိုင်းနဲ့ Sales ပိုင်းကို သူ့ရဲ့ Monthly Recurring Revenue (MRR) မှာ ၁သန်းကျော်ဝင်ငွေစတင်ရရှိမှ စတင်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဝင်ငွေအတိုင်းအတာကို မရခင်အချိန်မှာတော့ သူကိုယ်တိုင်အဲ့အလုပ်တွေကို လုပ်တာဖြစ်ပါတယ်။   Eric အသက်၂၂လောက်တည်းက သူ့ချစ်သူကောင်မလေး sherry နဲ့လက်ထပ်ခဲ့တာဖြစ်ပြီး ရုန်းကန်ခဲ့ရတဲ့ သူ့ဘ၀ခရီးလမ်းမှာ သူ့ကောင်မလေးကကောင်းမွန်တဲ့ လက်တွဲဖော်တစ်ယောက်တော့ ဖြစ်ခဲ့ပါတယ်။သားသမီး ၃ယောက်ထွန်းကားခဲ့ပြီး Eric တို့မိသားစုဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ Santa Clara မှာနေထိုင်ကြပါတယ်။   ကြိုးစားသောသူတိုင်းအတွက် အောင်မြင်မှုဆိုတာရှိစမြဲဆိုသလို  Ericရဲ့ကြိုးစားမှုတွေဟာသူ့ကို အောင်မြင်တဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။ ယခုလို pandemic ကာလကြီးမှာ  eric ရဲ့ကျေးဇူးကြောင့် ကျနော်တို့အနေနဲ့ zoom application ကနေတစ်ဆင့် သင်တန်းတွေတက်နိုင်ခြင်း၊ အစည်းအဝေးတွေကို ကိုယ့်အိမ်မှာပဲ လုပ်နိုင်ခြင်းတို့အပြင် ဝေးကွာနေတဲ့ သူငယ်ချင်းတွေတွေ့ဆုံဖို့ အတွက်ပါအသုံးဝင်တာမို့ Eric ကိုအမြဲကျေးဇူးတင်နေမှာပါ။  
Wednesday, 20 January 2021 10:50

Wikipedia တွင် အသုံးများသော ဘာသာစကားများ

အွန်လိုင်းစွယ်စုံကျမ်း Wikipedia သည် လွန်ခဲ့သောအနှစ် ၂၀ ဖြစ်သည့်  ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အင်တာနက်ပေါ်သို့ ရောက်ရှိခဲ့သည်။ ထိုအချိန်မှစ၍ ဆောင်းပါးသုတေသနနှင့် တည်းဖြတ်ရေးအတွက် စေတနာ့ဝန်ထမ်းများ၏ လုပ်ငန်းကိုသာ အားကိုးနေရသော်လည်း ထိုဝက်ဘ်ဆိုက်သည် ကမ္ဘာကြီးအတွက်မရှိမဖြစ် အားကိုးစရာဖြစ်လာသည်။ Wikipedia ၏ နောက်ကွယ်မှအလုပ်များနေသော အလုပ်သမားများသည် လက်ရှိတွင် ဘာသာစကားပေါင်း ၃၀၀ ကျော်ဖြင့်ဆောင်းပါး ၅၅.၆ သန်းကျော်ကို တင်ပြထားကြသည်။ 
Monday, 18 January 2021 17:35

Razor ရဲ့ ဂိမ်းမာစတိုင် အလန်းစား N95 mask

CES gadges နဲ့  gizmosတို့က ၂၀၂၀ မတိုင်ခင်မှာ နားနားနေနေ နေတဲ့အိမ်ခန်းမှာ  စိတ်အပန်းဖြေကြတဲ့ လူတွေအပေါ် နည်းပညာပိုင်းဆိုင်ရာ လေ့လာစူးစမ်းမှုတွေ ပြုခဲ့ကြတယ်။
Thursday, 14 January 2021 15:06

Chubb Life မှ မြန်မာနိုင်ငံတွင် ပထမဆုံး ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေး အက်ပလီကေးရှင်း ကိုစတင်မိတ်ဆက်

Chubb Life Myanmar မှ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေးအတွက်
Thursday, 14 January 2021 13:40

၂၀၂၁ နှစ်သစ်မှာ သင့်ကိုယ်သင် ပြင်ဆင်ဖို့အတွက် Practical Money Skills ဝက်ဘ်ဆိုက်

၂၀၂၀ ပြည့်နှစ်သည် ထူးခြားသော နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး အဆိုပါနှစ်အတွင်း ဆုံးဖြတ်ချက်များသည် ကျွန်ုပ်တို့၏ လက်ရှိ အခြေအနေကို မည်သို့ အကျိုးသက်ရောက်စေသည်ကို
Thursday, 14 January 2021 11:28

Windows 10 ရဲ့ Screen Capture Tool ကိုဘယ်လိုသုံးမလဲ?

Windows10  က သင့်ရဲ့ screen ကို video record လုပ်ဖို့  third party software တွေမလိုပါဖူး။ ယခုပြောပြပေးမှာကတော့ သင်မြင်နေရတဲ့ screen ကြီးကို Windows 10 မှာ ဘယ်လို capture လုပ်မလဲဆိုတာပဲဖြစ်ပါတယ်။
Monday, 11 January 2021 15:03

Samsung ရဲ့ နောက်ဆုံးပေါ် TV တွေမှာပါဝင်လာတော့မယ့် နေရောင်ခြည်စွမ်းအင်သုံး Eco Remote Control

Remote တစ်ခုစီကို စွန့်ပစ်ပလတ်စတစ် ၂၈ရာခိုင်နှုန်း ပါဝင်ထုတ်လုပ်ထားပါတယ်။
Tuesday, 05 January 2021 15:35

Samsung Electronics မှ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် အသစ်အား ခန့်အပ်

Samsung Electronics Co. , Ltd. သည် Mr. Sangho Jo အား အရှေ့တောင်အာရှ၊ ပစိဖိတ်အလယ်ပိုင်းနှင့် ပစိဖိတ်တောင်ပိုင်းဒေသများအတွက် ဥဣဌနှင့် အမှုဆောင်အရာရှိချုပ် အဖြစ် ခန့်အပ်ခဲ့ကြောင်း ယနေ့ ကြေညာခဲ့သည်။
Saturday, 02 January 2021 13:02

Podcast : ထုတ်ကုန်ကောင်းတစ်ခုဖြစ်ဖို့အတွက် UI/UX Designer တစ်ယောက်ရဲ့ အခန်းကဏ္ဏ

နည်းပညာထုတ်ကုန်တစ်ခုဟာ အသုံးပြုသူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပြီး အသုံးပြုရ ရိုးရှင်းလွယ်ကူနေတော့မှ

Search Articles