PlayStation 5 ဂိမ်းဆက် ထွက်ရှိမည့်ရက် အတိအလင်းကြေငြာ

PlayStation 5 ကို လာမည့်ကြာသပတေးနေ့ ဇွန်လ ၁၁ ရက်နေ့ မြန်မာ စံတော်ချိန် ည ၂ နာရီ နဲ့ ၃၀ အချိန်တိတိမှာ စတင် မိတ်ဆက်မယ်သိရပါတယ်။ဂိမ်းဝါသနာရှင်လူငယ်များ အနေနဲ့ ထိုနေ့ ကို စောင့်မျှော်ကြည့်ရှု့ ကြရမှာပါ။ရုပ်သံလွင့်သောအခါ ၁၀၈၀ p နဲ့ ကြည်လင်ပြတ်သားစွာကြည့်ရမယ်သိရပြီး ထိုနေ့အတွက် တီထွင်ဖန်တီးသူများ နဲ့ Sony မှ ဝန်ထမ်းများအားလုံးဟာ ခက်ခဲစွာ အိမ်မှ အလုပ်လုပ်နေရပြီပဲ သိရပါတယ်။

 

Sony ရဲ့ PlayStation ဟာဆိုရင်တော့ နှစ်ပေါင်း ၂၅ နှစ်ကျော်လာပြီဖြစ်ပြီး ထို မိတ်ဆက်ပွဲကို သင့်အိမ်မှ 4K တီဗီနဲ့ PS 5 ဆော့နေသယောင် ခံစားမှု့ ပေးမဲ့ ရုပ်ထွက်အပြင် အသံပိုင်းဆိုင်ရာကိုလဲ များစွာ ကောင်းမွန်အောင် ပြုလုပ်ပေးသွားမယ်သိရပါတယ် ဒါ့ကြောင့် သင့်အနေနဲ့ အကောင်းစား နားကြပ် အသံထွက်ကောင်းကောင်းနားကြပ်နဲ့ မိတ်ဆက်ပွဲကိုကြည့်လို့ရပါတယ်တဲ့။

 

CPU က Zen 2 Cores at 3.5GHz အသုံးပြုထားတော့ တကယ့်ကိုရှယ်ပေါ့ သည့်ထက် Internal Storage က 825GB SSD မို PS 5 က့ PS 4 ထက် သိသိသာသာကိုပိုမြန်နေပါလိမ့်မယ်။Resolution ဆိုရင်တော့ 4 K ဆိုတဲ့ အတိုင်းအင်မတန်မှ ကောင်းလွန်းနေပါပြီ။ဂိမ်းဆော့နေပေမည့်ရုပ်ထွက်က ရုပ်ရှင်ကြည့်သလိုခံစားနေရမှာပါ။

 

Sony Finally Announces PlayStation 5 Technical Specifications ...

 

ထို့အပြင် PS 5 ရဲ့ လက်ခလုတ်က ယခင် PS 4 မှ လက်ခလုတ်ထက်များစွာ မှ ကွဲပြားသွားပါပြီ။DualSense ကိုအသုံးပြုထားပြီး 3D AudioTech နဲ့ထူးခြားအောင်ဖန်တီးပေးထားတယ်သိရပါတယ်။တုန်ခါမှု့ ကြိမ်နှုန်းကို သဘာဝကျကျ ထည့်သွင်းထားတယ်လည်းသိရပါတယ်။LED မီးတန်းကိုတော့ ထိပ်မှာ မပါရှိတော့ပဲ ပတ်ပတ်လည်မှာ ပါရှိလာမှာပါ PS 5 ဟာ အဖြူ နဲ့ အနက် နှစ်ရောင်ထွက်ရှိလာဖို့ရှိနေပါတယ်။

 

Adaptive Triggers ပါတဲ့ အတွက် L2 နဲ့ R2 ကို နှိပ်တဲ့ အခါမှာ လူကိုသက်သာစေပါလိမ့်မယ် Feature တွေများနေတဲ့ အတွက် လက်ခလုတ်ကို လေးမှာ မပူပါနဲ့ အရွယ်အစားကြီးပေမယ့် နဂိုထက်တောင်ပိုပေါ့ ပေးထားတယ်သိရပါတယ်။built-in microphone ပါဝင်တဲ့ အတွက်ကြောင့် လက်ခလုတ်ကနေ ဂိမ်းကစားသူအခြင်းခြင်းစကားပြောနိုင်ပါလိမ့်မယ်။

 

PS 5 ကို ပထမ စစချင်းမှာ အလုံးရေ ကန့်သတ်ပြီး ရောင်းချမှာဖြစ်ပြီး ဇွန်လ ၁၁ ရက် မြန်မာ စံတော်ချိန် ည ၂ ခွဲ မှာ You Tube က PlayStation Channel မှာ ထုတ်လွင့်ပြသသွားမယ်သိရပါတယ်။အောက်က You Tube Channel ကို ဝင်ပြီး စောင့်မျှော်ကြည့်ရှု့နိုင်ပါတယ်။

 

<<< Zawgyi >>>

 


-----------------------------------------------------------------------------

 


 


 


 


 


 


 


 

Ref : PSBlog

Read times
Rate this item
(0 votes)