PlayStation 5 မှာ Digital Edition နဲ့ သာမန် Edtion ဘယ်ဟာကို ရွေးချယ်ရမလဲ

Play Station 5 ရဲ့ မိတ်ဆက်တဲ့ အခါမှာ Digital Edition နဲ့ သာမန် Edtion နှစ်မျိုး မိတ်ဆက်ခဲ့ပါတယ် လွယ်ကူစွာ ခွဲရရင်တော့ Hardware ပိုင်းမှာ အခွေ ပေါက် မပါတာနဲ့ အခွေပေါက်ကွာတာကို လူတွေခွဲကျပါတယ်။ဈေးတွေကလည်း အနည်းဆုံး ဒေါ်လာ ၁၀၀ လောက်ကွာမယ်ဆိုပြီးသိထားရတယ်။ဈေးကြီးမှာကတော့ အခွေပေါက်ပါတာက ပိုဈေးကြီးမယ်ပေါ့လေ။

 

Digital Edition ကို စပြောရင် ဒါက PlayStation 4 မှာထဲက စနေပြီ ဂိမ်းစက်ကို အင်တာနက်( wifi ) နဲ့ ချိတ်မယ်ပြီးရင် Playstaion plus ကနေ ဂိမ်းတွေကို ၁ လာစာ ဝယ်ထားမယ် လစဉ်ကြေးနဲ့ ဒါဆိုအခွေမလိုတော့ဘူး ကြိမ်းသေပေါက် ဆော့လို့ ရမယ် အခွေဈေးတွေကလဲ အနည်းဆုံး ဒေါ်လာ ၃၀ ကနေ ဒေါ်လာ ၅၀ ထိရှိမယ် ဆိုတော့ ဈေးကြီးတဲ့ အခွေဖိုးတွေကို စုမိဆောင်းမိတယ်ပေါ့ ။ အဲ့မှာ စပြီ အေးဆေးလေးကစားဖို့က အင်တာနက် အရမ်းကောင်းနေမှ အဆင်ပြေမယ်နို့မို့ဆို ဆော့နေရင်းတန်းလန်းကြီးနဲ့ ထစ်နေတာမျိုးတွေဖြစ်တတ်တယ်။

 

သာမန် Edtion ကတော့ ဘာအင်တာနက်လိုင်းမှ မလိုဘူး အင်တာနက်မရှိလဲ ဖြစ်တယ် ရှိလဲ ချိတ်ဆော့လို့ရတယ်ဈေးကတော့ Digital Edition ဆိုရင်ပိုပြီးဈေးကြီးမယ် သင့်အနေနဲ့ အင်တာနက်လိုင်းကောင်းတဲ့ နေရာ မှာ နေရင်တော့ သင်ရွေးချယ်ရမှာက Digital Eidition ပဲ လစဉ်ကြေးလေးပေး အေးဆေး Wifi လေးနဲ့ Chill ရုံပဲ။

 

အနောက်နိုင်ငံက လူတွေတော်တော်များများကတော့ Digital Eidition ကိုပဲ ရွေးဝယ်ကျမယ်လို့ပြောနေကြတယ် ပုံစံကလည်း Digital Eidition က ပိုမိုက်တာကိုး။အင်တာနက်က ဂဂျိုးဂဂျောင်ဆိုရင်တော့ သေချာတယ် သင်ရွေးချယ်ရမှာ သာမန် Eidition ပဲ မဝယ်မိခင်နဖူးပေါ်လက်တင်စဉ်းစားလိုက်ပေါ့။

 

PS 5 က Digital Eidition နဲ့ သာမန် Eidition သာကွာတာပါ ပါဝင်တာတွေနဲ့ အစွမ်းအစက တူတူပဲရယ် CPU က Zen 2 Cores at 3.5GHz အသုံးပြုထားတော့ တကယ့်ကိုရှယ်ပေါ့ သည့်ထက် Internal Storage က 825GB SSD မို့ PS 5 က့ PS 4 ထက် သိသိသာသာကိုပိုမြန်နေပါလိမ့်မယ်။Resolution ဆိုရင်တော့ 4 K ဆိုတဲ့ အတိုင်းအင်မတန်မှ ကောင်းလွန်းနေပါပြီ။ဂိမ်းဆော့နေပေမည့်ရုပ်ထွက်က ရုပ်ရှင်ကြည့်သလိုခံစားနေရမှာပါ။

 

ထို့အပြင် PS 5 ရဲ့ လက်ခလုတ်က ယခင် PS 4 မှ လက်ခလုတ်ထက်များစွာ မှ ကွဲပြားသွားပါပြီ။DualSense ကိုအသုံးပြုထားပြီး 3D AudioTech နဲ့ထူးခြားအောင်ဖန်တီးပေးထားတယ်သိရပါတယ်။တုန်ခါမှု့ ကြိမ်နှုန်းကို သဘာဝကျကျ ထည့်သွင်းထားတယ်လည်းသိရပါတယ်။LED မီးတန်းကိုတော့ ထိပ်မှာ မပါရှိတော့ပဲ ပတ်ပတ်လည်မှာ ပါရှိလာမှာပါ။

 

Adaptive Triggers ပါတဲ့ အတွက် L2 နဲ့ R2 ကို နှိပ်တဲ့ အခါမှာ လူကိုသက်သာစေပါလိမ့်မယ် Feature တွေများနေတဲ့ အတွက် လက်ခလုတ်ကို လေးမှာ မပူပါနဲ့ အရွယ်အစားကြီးပေမယ့် နဂိုထက်တောင်ပိုပေါ့ ပေးထားတယ်သိရပါတယ်။Built-in microphone ပါဝင်တဲ့ အတွက်ကြောင့် လက်ခလုတ်ကနေ ဂိမ်းကစားသူအခြင်းခြင်းစကားပြောနိုင်ပါလိမ့်မယ်။

 

PlayStation 5 နဲ့ အဓိက လိုက်မဲ့ TV ကတော့ Sony က ထုတ်တဲ့ 4K TV တွေထဲမယ် Sony 55-inch Bravia 4K HDR Dolby Vision Android Smart TV , Sony 65-inch Bravia 900F Series 4K UHD Android Smart TV , Sony 65-inch X950G Series 4K Ultra HD HDR Smart TV နဲ့ Sony 75-inch Bravia 4K HDR Dolby Vision Smart LED TV တို့ကတော့ တွဲဖက်ဆော့လို့အကောင်းဆုံးပေါ့။

 

တီဗီဈေးတွေကတော့ ဒေါ်လာ ၆၀၀ ရာကျော်ကနေစပြီး ဒေါ်လာ ၂၀၀၀ ကျော်ထိရှိတယ်သိရတယ်။ဒီဇင်ဘာလမှ ထွက်မှာ အခုအချိန်မှာ PS 4 ကြိုဆော့ထားပေါ့ PS 4 မှာ ဂိမ်းတွေတချို့ကို အလကားပေးဆော့မယ်လို့ကြားသိရတယ်။ကဲ ဂိမ်မာ အပေါင်းသူတော်ကောင်းတို့ မွဲဖို့သာပြင်ထားပေတော့။

 

<<< Zawgyi >>>

 


-----------------------------------------------------------------------------------------------------

 


 


 


 


 


 


 


 


 


 

Ref : Eurogamer

Read times
Rate this item
(0 votes)