အက်ပဲလ် စက်တင်ဘာလအထူးပွဲ ကျင်းပရက် တရားဝင်ထုတ်ပြန်ကြေငြာ

အက်ပဲလ်သည် ယခုနှစ် စက်တင်ဘာလအထူးပွဲ ကျင်းပရက်ကို တရားဝင်ထုတ်ပြန်ကြေငြာခဲ့ရာ

မီဒီယာများနှင့် ပြည်သူလူထုကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် အွန်လိုင်းကြည့်ရှုရန် ဖိတ်ခေါ် ခဲ့သည်။ ဒီပွဲမှာ Apple က iPad Air နဲ့ Apple Watch မော်ဒယ်လ်အသစ်တွေအပါအ ၀ င် hardware အသစ်အားလုံးကိုထုတ်ဖော်ပြသမယ်လို့မျှော်လင့်ထားကြသော်လည်း နောက်ဆုံးရ သတင်းများအရ စက်တင်ဘာလပွဲသည်  iPad နှင့် Apple Watch ၏အသေးစိတ်အချက်အလက်များသာပါဝင်မည် ဟုသိရသည် ။ iPhone 12 ကိုအောက်တိုဘာလပွဲတွင် ပွဲထုတ်လိမ့်မည်။

 

Apple စက်တင်ဘာပွဲအသေးစိတ်

 

WWDC 2020 ကဲ့သို့ပင် အက်ပဲလ်၏ စက်တင်ဘာလပွဲသည် COVID-19 ကူးစက်ရောဂါကြောင့် အွန်လိုင်း ကျင်းပမည်။

 

စက်တင်ဘာလဖြစ်ရပ်အတွက် လူထုဖိတ်ကြားချက်တွင်စကားလုံးတွဲ tagline တစ်ခုမပါရှိသော်လည်း စာနယ်ဇင်းသို့ပေးပို့သောမူမှာ “Time Flies.”“အချိန်ပျံသန်း” သည်ဟု သုံးစွဲထားသည်။

 

အက်ပဲလ်ရဲ့စက်တင်ဘာ ပွဲကို  အက်ပဲလ် ရဲ့ဝက်ဘ်ဆိုက် ၊ အက်ပဲလ်တီဗီနှင့်  YouTube ပေါ်မှာ တိုက်ရိုက်လွှင့်ထုတ်မည်ဟု သိရသည်။

 

iPad Air 4

အက်ပဲလ်ဟာ အိုင်ပက်ဒ်မော်ဒယ်သစ်တစ်ခုကို တီထွင် နေပြီး ဘောင်မဲ့ အစွန်းအထိရောက်သည့်မျက်နှာပြင် တပ်ဆင်ထားသည်။ ၎င်းသည် iPad နှင့် iPad Pro တို့အကြား အလယ်အလတ်အနေအထား ဖြစ်သည်။ iPad Air တွင် Touch ID authentication ကို ပါဝါခလုတ်ထဲသို့ပထမဆုံးအကြိမ်ထည့်သွင်းနိုင်သည်။

 

iPad Air တွင် Lightning ဆက်သွယ်မှုအစား USB-C ဆက်သွယ်မှုပါရှိသည်။ ၎င်းသည် iPad နှင့် iPad Pro အကြားကွာဟချက်ကို ဆင်တူနီးပါး ဖြစ်သွားနိုင်သည်။

Apple Watch Series 6

ဒီနှစ်မှာတော့ Apple ရဲ့စက်တင်ဘာလပွဲမှာလည်း Apple Watch Series 6 ကိုကြေငြာ မယ်လို့မျှော်လင့်ရသည် ။ Apple Watch Series 6 ကောလဟာလတွေ ထွက်ပေါ်နေသော်လည်း မခိုင်မာကြချေ။  Apple Watch ၏ကျန်းမာရေးစောင့်ကြည့်လေ့လာမှုစွမ်းရည်ကိုပိုမိုတိုးချဲ့ထားရာ Apple Watch သည် သွေးထဲ အောက်စီဂျင် ပါဝင်မှု ရေချိန်အဆင့်ကို စစ်ဆေးနိုင်သည်ဟု ဆိုသည်။ 

 

အက်ပဲလ်ရဲ့စက်တင်ဘာပွဲ  အက်ပဲလ် ရဲ့ဝက်ဘ်ဆိုက်

https://www.apple.com/apple-events/

 

 
Read times
Rate this item
(0 votes)