Samsung ရဲ့ နောက်ဆုံးပေါ် TV တွေမှာပါဝင်လာတော့မယ့် နေရောင်ခြည်စွမ်းအင်သုံး Eco Remote Control

Remote တစ်ခုစီကို စွန့်ပစ်ပလတ်စတစ် ၂၈ရာခိုင်နှုန်း ပါဝင်ထုတ်လုပ်ထားပါတယ်။

 

၂၀၂၁မှာ 4K နဲ့ 8K QLED TV တွေကို ထုတ်လုပ်မယ့် Samsung ဟာ တစ်နှစ်ကို စွန့်ပစ်ပလတ်စတစ် အရေအတွက်တန်ပေါင်း များစွာ လျှော့ချပစ်မယ့် ရည်ရွယ်ချက်တွေနဲ့ Eco Remote ကို မိတ်ဆက်လာတာဖြစ်ပါတယ်။ ဒါဟာ Samsung ရဲ့သဘာ၀ပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းခြင်းတစ်မျိုးလည်းဖြစ်ပါတယ်။

 

Eco Remote Control ရဲ့ရှေ့မျက်နှာပြင်ကတော့ အရင်ထွက်ထားတဲ့ Samsung ၏ TV clickers များနှင့် ဆင်ပါတယ်။ သို့သော် ၎င်းကို လှည့်ပတ်ကြည့်ပါက အတွင်းဘက်ထရီကိုအားသွင်းနိုင်တဲ့ ရှည်လျားသော ဆိုလာပြားကို တွေ့ရမှာပါ။ အဆိုပါ Remoteကို ပလတ်စတစ် ၃၁ ဂရမ်နဲ့ပြုလုပ်ထားပြီး ၎င်းရဲ့ ၂၈ ရာနှုန်းဟာ ပြန်လည်အသုံးပြု polyethylene terephthalate ကို သုံးထားတာ ဖြစ်တယ်လို့ Samsung က ဆိုထားပါတယ်။

 

Samsung က Eco Remote Control ကို သူ့ရဲ့ battery မထွက်ခင် နှစ်နှစ်လောက်အလိုတည်းက အသုံးပြုခွင့်ပေးမှာဖြစ်ပြီး remote ကို အားအပြည့်သွင်းဖို့လည်း လိုအပ်ပါတယ်။ ယေဘုယျအားဖြင့် အတွင်းပိုင်းကို အားပြန်သွင်းနိုင်သည့် ဘက်ထရီသည် ၇ နှစ်ခန့် သို့မဟုတ် တီဗွီတစ်ခု၏ ပျမ်းမျှသက်တမ်းအတိုင်း ကြာရှည်ခံစေရန် ဒီဇိုင်းပြုလုပ်ထားပါတယ်။

 

ဒါဟာ သင့်အနေနဲ့ နှစ်ပေါင်းများစွာ AAA ဘက်ထရီများကို ဝယ်ယူသုံးစွဲမှုတွေကနေ လွတ်ကင်းသွားမှာဖြစ်ပါတယ်။ ဒါက ပလက်စတစ်ပစ္စည်းလျှော့ချခြင်း လုပ်ရပ်တစ်ခုလည်း ဖြစ်နေပါတယ်။အောက်ခြေမှာလည်း USB-C port လည်းပါနေတာကြောင့် လျှင်မြန်စွာအားသွင်းနိုင်မှာပါ။ Samsung ရဲ့ eco packaging efforts တွေကို ၂၀၂၁မှာမြင်တွေ့ရဖို့ ရှိနေပြီး"oil-based inkနဲ့ တိုးချဲ့လာတဲ့ eco-friendly packaging တွေကို QLED TV models တွေမှာရော Lifestyle အားလုံးအတွက် ထုတ်လုပ်ပေးမှာပါ။

 

Ref: theverge.com

Read times
Rate this item
(0 votes)