Razor ရဲ့ ဂိမ်းမာစတိုင် အလန်းစား N95 mask

CES gadges နဲ့  gizmosတို့က ၂၀၂၀ မတိုင်ခင်မှာ နားနားနေနေ နေတဲ့အိမ်ခန်းမှာ  စိတ်အပန်းဖြေကြတဲ့ လူတွေအပေါ် နည်းပညာပိုင်းဆိုင်ရာ လေ့လာစူးစမ်းမှုတွေ ပြုခဲ့ကြတယ်။

၂၀၂၀ အနှောင်းပိုင်းမှာတော့ အကွေး တီဗီတွေနဲ့  surround-sound systems တို့ကို လူတွေ စိတ်ဝင်စားမှုလျော့နည်းလာတာကြောင့် ယခုလို ကူးစက်ကပ်ရောဂါ ကာလကြီးမှာ အပြင်ထွက်နေရတဲ့ လူတွေအပေါ် မှာနည်းပညာပိုင်းဆိုင်ရာ လေ့လာစူးစမ်းမှုတွေ ပြုလုပ်ခဲ့တယ်။ဒါကြောင့် Razer Project Hazelက အဆင့်မြင့် face-mask တွေကို Covid 19 ရောဂါကြီး ကမ္ဘာပေါ်မှာ စတင်ပျံ့နှံ့ကတည်းက  ထုတ်လုပ်ဖို့အတွက် အစီအစဉ် ချခဲ့ပါတယ်။ N95 mask concept ကို  Razerရဲ့  CES line of gamer-centric products ပြပွဲမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ချပြခဲ့ပါတယ်။ 

 

သင့်မျက်နှာမှာ အရောင်တွေ ၁၆.၈သန်း ပေါ်နေမယ် ဆိုရင် ယုံမှာလား

သေချာတာပေါ့ ဘာလို့မဖြစ်နိုင်ရမှာတုန်း

 

Razer ရဲ့ အဲ’ီလို အရောင်းမြှင့်တင်ရေး စကားဆိုထားတာဟာ အံ့အားသင့်စရာတော့ မဟုတ်ခဲ့ပါဖူး။ဘာကြောင့်လဲဆိုတော့ Razor ရဲ့ 2020 production line မှာ surgical-grade faceတွေက တစ်ခုအပါအဝင် ဖြစ်နေခဲ့တာပါ။ အဲ့ဒီ့ကနေမှ Razor က fancypants, LED-smothered gamer mouse တို့လို အရာတွေကို လူတွေရဲ့ မျက်နှာပေါ်မှာ မြင်စေချင်တယ်ဆိုတဲ့ အယူအဆအသစ်တွေကို ထပ်မံပေါင်းထည့်ခဲ့ပါတယ်။ အရောင်ပေါင်းr ၁၆.၈သန်း ကိုထောက်ပံပေးနိုင်တဲ့    lighting gridsတွေက ချုံ့နိုင်ချဲ့နိုင်တဲ့ ကွင်းသဏ္ဍန်ဖြစ်ပြီး၊ အဆိုပါကွင်းက လေရှုပေါက်၂ခုလည်း ဖြစ်နေမှာပါ။ ဂိမ်းမာတစ်ယောက်က သူ သုံးနေတဲ့  mice တွေ keyboards တွေနဲ့ အရောင်တူဖြစ်အောင် မတ်စ်ကို အရောင်ပြောင်းလို့ ရအောင် လုပ်ပေးထားတယ်။ 

 

မတ်စ်မှာ ပါတဲ့ လေဝင်လေထွက်ကောင်းဖို့အတွက် active ventilation system ပါရှိပြီး ခရမ်းလွန်ရောင်ခြည်ဖြင့် ပိုးသတ်ပေးပါတယ်။silicon guard တွေက ပါးပြင်နဲ့ နှာခေါင်းကို ကာကွယ်ပေးထားပြီး၊ transparent plastic face ဖြစ်တာကြောင့်  စကားပြောဆိုတဲ့အခါ နှုတ်ခမ်းတွေ လှုပ်တာကို အတိုင်းသား မြင်နေရမှာ ဖြစ်ပါတယ်။ ပြီးတော့ voice-modulation system နဲ့ ထောက်ကူပေးထားတယ်။  ဒါတွေကို အဝတ်နဲ့ပြုလုပ်ထားပြီး အလုံပိတ်ကာထားတဲ့   mask တွေမှာ အခုလို နှုတ်ခမ်းတွေကို မြင်ရမှာ မဟုတ်ပါဘူး။Razor ရဲ့ မတ်စ်က သင့်ကို  facing lights တွေနဲ့ သင့်မျက်နှာကို mask တပ်ထားချိန်မှာ လန်းနေစေမှာပါ။

 

သို့သော် Razorက ပြောမပြတဲ့ အချက်တွေလည်း ရှိနေသေးတယ်။Live demoတွေက mask တွေဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ဖော်ပြပေးထားတာမျိုး မရှိပါဖူး။ နောက်ပြီး release date, ဈေးနှုန်း၊ အားတစ်ခါသွင်းထားပြီးရင် ဘက်ထရီ ဘယ်လောက်ကြာကြာ ခံသလဲ စတာတွေကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။အားနည်းချက်တွေလည်း ရှိနေပါတယ်။ ဘက်ထရီ ပူတက်လာတာကို ဖြေရှင်းပေးမထားလို့ မတ်စ်ကို အချိန်ကြာကြာ တပ်ထားနိုင်ဖို့ ခဲယဉ်နေစေတယ်။Razor ရဲ့ prototype ရှေ့ပြေးနမူနာ တွေရဲ့ စိတ်ကူးတွေကို  မှန်းဆဖို့မလွယ်ပါဖူး။ဒါကြောင့် Razor ကချပြလာမယ့် လက်လီရောင်းချတဲ့အခါ ထုတ်လုပ်မယ့် မတ်စ်ကို စောင့်ကြည့်သင့်တာတော့ အမှန်ပဲဖြစ်ပါတယ်။

Ref: arstechnica.com

Read times
Rate this item
(1 Vote)