၈ နှစ်အကြာမှာ ပြောင်းလဲလိုက်တဲ့ Chrome လိုဂိုအသစ် အဟောင်းနဲ့ ဘာကွာခြားသလဲ

၈ နှစ်အကြာမှာ ပြောင်းလဲလိုက်တဲ့ Chrome လိုဂိုအသစ် အဟောင်းနဲ့ ဘာကွာခြားသလဲ

Chrome က လိုဂိုကို ၂၀၁၄ မှာ တစ်ခါပြောင်းခဲ့ဖူးတယ်။ ၈ နှစ်ကြာပြီးချိန် အခု ၂၀၂၂ မှာ တစ်ခါပြောင်းတယ်။
အသစ်နဲ့အဟောင်း အတူတူလိုပဲ ဖြစ်နေတယ်။
Google Chrome ရဲ့ ဒီဇိုင်းသမား Elvin Hu က ဒီဇိုင်းပြန်ထုတ်ထားတဲ့ လိုဂိုအသစ်အကြောင်းကို Twitter မှာ တင်ပြခဲ့တယ်။
မသိမသာ ပြောင်းလဲထားတဲ့ အပြောင်းအလဲများရဲ့ နောက်ကွယ်မှ တွေးတောစဉ်းစားပုံကိုလည်း ပြောပြတယ်။

 

FKw9A7pVcAQz76O.jpg

၂၀၀၈ မှာ စက်လုံးပုံကို မြင်ရပုံမျိုး သရုပ်ဖော်ထားတယ်။ ၂၀၁၁ မှာ ဖောင်းကြွပုံ ဖော်ထားတယ်။ ၂၀၁၄ မှာ ပြားသွားပြီး အရိပ်ချပေးထားတယ်။ ၂၀၂၂ မှာတော့ ထင်းထင်းဖြစ်အောင် ပြန်သထားတယ်လို့ ယေဘုယျအားဖြင့် ပြောင်းလဲပုံ အဆင့်ဆင့်ကို ဆိုနိုင်ပါတယ်။

FKw9B9rVEAAOe04.jpg

 

နှစ်ရောင်ထိစပ်တဲ့ အနားသတ်တွေမှာ အရိပ်ချထားတာ ဖယ်ရှားလိုက်တယ်။ အနီ၊ အဝါ၊ အစိမ်း အရိပ်ပါတော့ စခရင်မှာ မြင်ရတဲ့အခါ ကြွတက်နေလို့ အရိပ်ထွက်တာလို့ ခံစားမိစေတယ်။ အရိပ်မပါတော့လို့ ပြားချပ်ချပ် ဖြစ်သွားတယ်။ အလယ်က အပြာစက်ဝိုင်းက ပိုကြီးသွားတယ်။ အရောင်ပိုထင်းသွားတယ်လို့ ခံစားမိစေတယ်။

 

FKw9DFxVUAcNMo0.jpg

 

Google ရဲ့ ဒီဇိုင်းအဖွဲ့က အစိမ်းနဲ့အနီ ထိစပ်ထိတွေ့နေကြတာ အရောင်တုန်ခါမှု သာသာယာယာ မရှိအောင် ဖန်တီးနေတာကို တွေ့လို့ သူတို့က ကုသပေးလိုက်တယ်။ သူတို့က သိမ်သိမ်မွေ့မွေ့ gradient ထည့်ပေးလိုက်တယ်။ နူးညံ့သိမ်မွေ့လွန်းလို့ gradient အရောင် ပြေပြေလေးလျော့ကျသွားတာ မျက်စိဖြင့် မမြင်သာဘူး။

လိုဂိုအသစ်ကို လောလောဆယ် developer version ဖြစ်တဲ့ Chrome Canary မှာ စသုံးပါပြီ။

 

 

Read times
Rate this item
(4 votes)