Google Play Store က ၂၀၂၁ မှာ app bundles ကို လိုအပ်ချက်အဖြစ် ပြဌာန်း

လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက app bundles ကို Google  စတင်ခဲ့တယ်။

developer က သူ့ အက်ပ်ကို အစိတ်အပိုင်းတွေအဖြစ် ခွဲခြမ်းလို့ ရနေစေတယ်။ ဒီတော့  Play Store ကနေ  ယူတဲ့အခါ ဖုန်း သို့မဟုတ် တက်ဘလက်အတွက် လိုအပ်တဲ့ အစိတ်အပိုင်းကိုပဲ ရွေးပြီး ယူလို့ ရတာမို့ ဖိုင်အရွယ်အစား သေးသွားစေတယ်။ အင်တာနက် ဒေတာဖိုး သက်သာတဲ့အပြင် အချိန်ကုန်တာလည်း သက်သာတယ်။ အစိတ်အပိုင်းတွေကို  bundles အဖြစ် ထုပ်ပိုးပေးထားပြီး လိုတာကိုပဲ ရွေးယူလို့ရတာဟာ app download တဲ့ ဖိုင်အရွယ်အစားကို အကြီးအကျယ် သေးသွားတဲ့အထိ လုပ်လို့ရနေစေတယ်။ အခု Google  က အက်ပ်အသစ်တွေကို bundles ဖြင့် Play Store မှာ တင်ဖို့ကို လိုအပ်ချက်တစ်ရပ်အဖြစ် ပြဌာန်းလိုက်တယ်။ 

Android Developers YouTube ချဲနယ်မှာ "What's new in Google Play" ခေါင်းစဉ်ဖြင့် ဗီဒီယိုတင်ပေးထားပြီး ရှင်းပြပေးထားတယ်။ အဲဒီပြဌာန်းချက်ကို ၂၀၂၁ ခုနှစ်မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်၊

App bundles ဟာ back-end delivery နည်းပညာဖြစ်တာမို့ Play Store ကနေ ရယူတဲ့သူတွေအဖို့ ရိုးရိုး သာမန် အက်ပ်လား bundles လားဆိုတာ မသိနိုင်ပါဘူး။ အရင်တုန်းကထက် ဖိုင်အရွယ်အစား သေးနေလို့ ယူရတာ မြန်တာလောက်ပဲ သတိမူမိမှာ ဖြစ်ပါတယ်။ 

Play Store မှာ တင်ထားပြီးသား အက်ပ်တွေကိုလည်း bundles  လုပ်ရမှာလားဆိုတာတော့ တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးပါဘူး။ 

 

Play Store  လိုပဲ အက်ပ်စုံလင်တဲ့  APK Mirror ကတော့ bundle လုပ်ထားတဲ့ အက်ပ်တွေ လာတင်တာ၊ ဖြန့်တာ၊ ဖုန်းမှာ လှမ်းတင်ပေးတာတွေကို လက်ခံလုပ်ကိုင်ပေးလျက် ရှိပါတယ်။

APKMirror Installer app ကိုလည်း beta အဖြစ် စီစဉ်ပေးထားပြီး ဖြစ်ပါတယ်။  .apkm app bundle files  တွေ ဖုန်းမှာ တင်ဖို့ ဖြစ်ပါတယ်။

ပုံကို ထိပြီး ပလေးစတိုးမှာ ရယူနိုင်ပါတယ်။

 

Read times
Rate this item
(0 votes)