Android ကို အမီလိုက်လာတဲ့ iOS 14

 

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့  its Worldwide Developer Conference (WWDC) မှာ  Apple က iOS 14 ကို ပွဲထုတ်ခဲ့တယ်။ 

 iOS ရဲ့ featureတချို့ကို တော်လှန်ပြောင်းလဲပစ်လိုက်တာလို့ ဆိုတယ်။  home screen widget တွေ ထုတ်ပြတယ်။ အိုင်ဖုန်း ကိုင်တဲ့သူတွေအတွက်တော့ အရင်ကနဲ့မတူ တစ်မူထူးသွားအောင် လုပ်ပေးထားတာ ဖြစ်ပေမဲ့ Android  မှာ ရှိနေတာတွေ ဖြစ်နေလို့  iOS 14 က Android ကို အမီလိုက်တာလို့ တွေးစရာ ဖြစ်နေတယ်။

 

App drawer ကို Apple က "App Library" လို့ အမည်ပေးထားတယ်။ ဖုန်းထဲမှာ ရှိနေတဲ့ အက်ပ်တွေကို အစုလိုက် folder တွေထဲ ထည့်ပေးထားတယ်။ ပုံမှန်  home screen မှာ အက်ပ်တွေ ကွယ်ဝှက်ထားလို့ ရအောင် လုပ်ပေးထားတယ်။ Android  ဖုန်း သုံးတဲ့အရသာကို ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

 

Picture-in-picture ကိုလည်း iOS 14 မှာ တွေ့ရတယ်။ home screen မှာ ဗီဒီယိုကို အကွက်သေးဖြင့် ပြခိုင်းလို့ရတဲ့ feature ဖြစ်ပါတယ်။ Android 8.0 Oreo မှာကတည်းက ရနေတဲ့ feature ဖြစ်ပြီး အိုင်ဖုန်းက အခု Android ဖုန်းကို လိုက်လို့ မီသွားတာ ဖြစ်ပါတယ်။

Set default apps ဆိုတာလည်း ပါလာတယ်။ အထူးအဆန်း ဖြစ်နေတယ်။ 

 iOS က third-party apps တွေကို default app အဖြစ် လုပ်ခွင့်မပေးခဲ့ဘူး။ ဥပမာ ဘရောင်စာဆိုရင် Safari ကိုပဲ default app အမြဲလုပ်ထားတယ်။  Google Chrome ကို default အဖြစ် ဘယ်နည်းနဲ့မှ ထားလို့မရဘူး။ အခုတော့ Android လိုမျိုး နှစ်သက်ရာအက်ပ်ကို default app အဖြစ် ထားလို့ရအောင် လုပ်ပေးထားလိုက်ပြီ။

ဘာသာပြန်ဖို့ Translate app ပါလာတယ်။ 

ဘယ်ဘာသာစကားနဲ့ ပြောမလဲ၊ ယယ်ဘာသာကို ဘာသာပြန်စေချင်တာလဲ ဆိုတာ ရွေးပေးလိုက်ပြီးရင် ဖုန်းကို ဘာသာပြန်စေချင်တာကို ပြောပြလိုက်။ ဖုန်းက ဘာသာပြန်ပေးပြီး အသံထွက် ဖတ်ပြမယ်။ စာနဲ့လည်း ပြသမယ်။ 

Google Translate မှာ အရည်အသွေး ကောင်းကောင်းနဲ့ လုပ်ပေးနေတာ ကြာပြီ။ မြန်မာလို စာရိုက်လိုက်တာကို အင်္ဂလိပ် ဘာသာချက်ချင်း ပြန်ပေးတယ်။ မလေး ဘာသာချက်ချင်း ပြန်ပေးတယ်။ ဘာသာစကား ၁၀၀ ကျော်ကို လုပ်ကိုင်ပေးနိုင်နေပြီ။

 iOS 14 က အခုမှ Translate app ကို မိတ်ဆက်တယ်။ လုပ်ပေးနိုင်တဲ့ ဘာသာစကားက ၁၁ မျိုးတည်းသာ ဖြစ်ပါတယ်။

 

Apple က iOS 14 မှာ "App Clips" ကို ထည့်ပေးထားတယ်။ အဲဒါက ၂၀၁၇ ခုနှစ်တုန်းက Google က အစမ်းသဘောဖြင့် ထုတ်လုပ်ပေးခဲ့တဲ့  Android Instant Apps နဲ့ အခြေခံအားဖြင့် အတူတူပဲ။

ပေါ့ပေါ့ပါးပါး အက်ပ်ကို ဖုန်းထဲ တင်ထားပြီး အပြည့်ပါတဲ့အက်ပ်ကို ချက်ချင်းလက်ငင်းသုံးလို့ရစေတဲ့နည်း ဖြစ်ပါတယ်။  အပြည့်ပါတဲ့အက်ပ်ကို ဖုန်းထဲမှာ တင်စရာမလိုဘဲ သုံးလို့ရနေစေတယ်။ ၂၀၁၈ မေလမှာ Android Instant Apps  တွေကို "Google Play Instant" အမည်ဖြင့် developers တွေ အားလုံးကို ပေးအပ်ခဲ့ပါတယ်။ 

 

iOS 14 မှာ Siri က ဖုန်းကိုင်တဲ့သူကို ကူညီပေးဖို့ ဖုန်းအောက်ခြေနားမှာ နေရာယူထားတယ်။  Android phone တွေမှာ Google Assistant က အသင့်ရှိပေးနေတဲ့အတိုင်း လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

 

 

ခြုံငုံ သုံးသပ်ကြည့်ရင် iOS 14 က Android ကို အမီလိုက်လာတဲ့ အဆင့်မှာ ရောက်ရှိနေပါတယ်။ 

Read times
Rate this item
(0 votes)