Iphone မှာ Lock မလိုဘဲ Home စာမျက်နှာတွေကို ဘယ်လိုဖျောက်မလဲ

Iphone မှာ Lock မလိုဘဲ Home စာမျက်နှာတွေကို ဘယ်လိုဖျောက်မလဲ Translated By Aung Win

Iphone ရှိ ဖုန်းအက်ပလီကေးရှင်များစွာ App Store မှာ ရယူနိုင်ပါတယ်။

ဒီလို ဖုန်းထဲမှာ အက်ပလီကေးရှင်းတွေ များလာတဲ့အခါ မိမိ အသုံးပြုလိုတဲ့ အက်ပ် တစ်ခု အလွယ်တကူ ရှာ‌ဖွေဖို့ဆိုတာ နဲနဲတော့ ဇဝေးဇဝါးတော့ လူတိုင်းဖြစ်တတ်ပါတယ်။

 

ဘာလို့လဲဆိုတော့ သူဖုန်းရဲ့ နဂိုပါ အက်ပ်တွေ နဲ့ မိမိအသုံးပြုလိုတဲ့အက်ပ်တွေဆိုတော့ ဖုန်း Home Space က ၄ ခု ဒါမှမဟုတ် ၅ ခုအထိ ရှိလာနိုင်ပါတယ်။

 

လူအများစုကတော့ မိမိအမြဲတမ်းအသုံးပြုလိုတဲ့ App ကို ဖုန်းလော့ခ် ဖွင့်လိုက်တာနဲ့ တန်းနိုပ်လို့ရတာကို ပိုနှစ်သက်ကြပါတယ်။ (ဥပမာ - ကင်မရာ ၊ Phone call ၊ SMS ၊ အစရှိသရွေ့ပေါ့။)

 

တစ်ချို့တစ်ချိန်အခါတွေမှာဆိုရင် ဖုန်းနဂိုပါ Home Button က မိမိအတွက် အနှောက်ယှက်တစ်ခု အနေနဲ့ဖြစ်တတ်ပါတယ်။ Iphone ရဲ့ iOS14 Version မှာ Home Button ကို ဖျောက်လို့ ရအောင် ထည့်သွင်းပေးလာတာကိုတွေ့ရပါတယ်။ ဒါကြောင့် Home Button ကို ဖျောက်နိုင်မည့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းကိုတော့ iOS14 မှာသာ ပြုလုပ်လို့ ရမှာ ဖြစ်ပါတယ်။

 

၁။ ဖုန်းမျက်နှာပြင် အလွတ်တစ်နေနေရာကို စက္ကန့်အနည်းငယ်ကြာအောင်မိထားပါ။

 

၂။ ထိုနောက် jiggle Mode ထဲရောက်လျှင် Phone Screen အောက်နားရှိ Dock အတုံးလေးများကို ထိနှိပ်ပါ။

 

၃။ ထိုနောက် home page များအားလုံးပေါ်လာလျှင် မိမိဖျောက်လိုသော page တွေကို အမှန်ခြစ်ဖျောက်ပေးပါ။

 

၄။ ပြီးနောက် ညာဘက်ဒေါင့်အစွန်းဆုံးရှိ Done ကို နှိပ်ပါ ။

 

home screen apps

 

အထက်ပါ အချက်တွေကို ပြုလုပ်ပြီးပြီးဆိုရင်တော့ သင်ဖျောက်လိုတဲ့ Home Page တွေကို ယာယီ ဖျောက်ထားလို့ ရမှာဖြစ်ပါတယ်။

Read times
Rate this item
(2 votes)