စမတ်စီးတီးအဖြစ်သို့ ပြောင်းလဲဖို့ ကြိုးပမ်းတဲ့ ဂျပန်မြို့ငယ်

ဂျပန်နိုင်ငံ၏ ဒေသအသီးသီးတို့တွင် ချဉ်းကပ်နည်းအသစ်တစ်ခုကို အသုံးပြုပြီး

စမတ်မြို့အဖြစ်သို့ ရောက်ရှိသွားအောင် ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ လုပ်ဆောင်နိုင်မှုနှင့် နေထိုင်နိုင်မှုကို ပိုမို ကောင်းမွန်တိုးတက်စေသည်။ 

အမေရိကန်နိုင်ငံတွင် လူအမျာအပြားတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းခြင်းအပေါ် မယုံကြည်မှုသည် စမတ်မြို့ကြီးများအဖြစ် တည်ဆောက်ရန် အတားအဆီးတစ်ခုဖြစ်နေသည်။ ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော လမ်းကြောင်းပေါ်တွင် ဂျပန်နိုင်ငံသည်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထောက်ပံ့ပေးခြင်းဖြင့် အောင်မြင်မှု ရနေစေသည်။ ဒေတာအချက်အလက်များသည် စမတ်မြို့ကြီးများ၏ အသက်သွေးကြောဖြစ်သည်။ ဒေတာများကို မည်သို့ ကိုင်တွယ် အသုံးချသည်ဆိုသည့် အချက်မှာလည်း အလွန်အရေးပါသည်။ ဒေတာကိုင်တွယ်ပုံနှင့် ပတ်သက်၍ စံနှုန်းအသစ်များ ပေါ်ပေါက်လာသည်။

ဂျပန်နိုင်ငံတွင် ဦးဆောင်နေသောစမတ်မြို့သည် ဖူကူရှီးမားစီရင်စုရှိ Aizuwakamatsu မြို့ ဖြစ်ပြီး ဆန်အရက်နှင့် ဆာမူရိုင်းရိုးရာတို့ကြောင့်ထင်ရှားသည့် မြို့ဖြစ်သည်။

Takeda အထွေထွေရောဂါကုဆေးရုံ (Takeda General Hospital)တွင် လူနာတစ် ဦး သည် သူ၏စမတ်ဖုန်းကို အသုံးပြု၍ ငွေတောင်းခံလွှာကို ပေးချေခဲ့သည်။ ငွေပေးချေမှုစနစ်သည် QR ကုဒ်များကို အီလက်ထရောနစ်ငွေပေးချေမှုတွင် အသုံးပြုရန် စမ်းသပ်မှုတစ်ခုဖြစ်သည်။
TIS ကုမ္ပဏီမှ Keisuke Kobayashi မှပြောကြားရာတွင် “ ကျွန်ုပ်တို့သည် QR ကုဒ်များကို အသုံးပြုခြင်းအားဖြင့် ကျွန်ုပ်တို့သည် အရာရာကို ပိုမိုလွယ်ကူစေသည်၊ ဆေးရုံကုန်ကျစရိတ်များကို ပေးဆောင်ခြင်းသာမက အခွန်၊ သယ်ယူပို့ဆောင်ရေးနှင့် ပုံမှန်ဝယ်ယူမှုများအတွက်ပါ ပိုမိုကောင်းမွန်အောင် ပြုလုပ်လိုသည်” ဟု ပြောကြားခဲ့သည်။
TIS ကုမ္ပဏီအနေဖြင့် ဆေးရုံတက်ရမည့်အချိန်များကို အွန်လိုင်းကြိုတင်ဘွတ်ကင်ထားခြင်းနှင့်ဆေးပေးဝေခြင်းစသည့် ဝန်ဆောင်မှုများကို ပေးခြင်းဖြင့် ဆေးရုံများတွင် လူတို့ စောင့်ဆိုင်းနေကြရသည့်အချိန်ကို လျှော့ချလိုသည်။ အဝေးတစ်နေရာမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဉာဏ်ရည်တု အခြေခံသည့် ရောဂါရှာဖွေခြင်းများကဲ့သို့သော ကြိုတင်ကာကွယ်မှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ကိုလည်း ကုမ္ပဏီက မျှော်မှန်းထားသည်။

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း တွင် တည်ရှိသော Aizuwakamatsu မြို့ကို စမတ်စီးတီး အဖြစ်သို့ ရောက်ရှိအောင် ကုမ္ပဏီ ၂၀ ခန့် ပူးပေါင်းလုပ်ကိုင်နေကြရာ၌ NEC၊ Toppan Printing၊ Coca-Cola, SoftBank Group နှင့် Mitsubishi တို့ပါဝင်ပြီး ၎င်းးတို့အားလုံးသည် AiCT ဆန်းသစ်တီထွင်မှုစင်တာတွင် ပူးပေါင်းလုပ်ကိုင်လျက် ရှိသည်။ လူ ဦးရေ ၁၂၀,၀၀၀ သာရှိသော Aizuwakamatsu သည် မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်သည့်နေရာတွင် ရှိနေသည်မှာ အံ့အားသင့်စရာဖြစ်သည်။

မြိုဲ့မှာ နေထိုင်သူများသည် စမတ်၀န်ဆောင်မှုများ ရယူလိုပါက မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို တရားဝင် အသိပေးကြရသည်။ မိမိသဘောတူမှ ပေးအပ်ရန်ဖြစ်သည်။ စမတ်ဝန်ဆောင်မှုကို သုံးစွဲလိုက်သည်နှင့် ထိုအချက်ကို သဘောတူပြီးသား ဖြစ်ရမည်ဟု မသတ်မှတ်ထားချေ။ မိမိမှ စဉ်းစားဆုံးဖြတ်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေးအပ်ပြီးမှသာ စမတ်ဝန်ဆောင်မှုကို တောင်းခံရခြင်း ဖြစ်သည်၊ ထိုနည်းဖြင့် ယုံကြည်စိတ်ချမှုများ ရရှိစေသည်။
"မြို့ခံတွေရဲ့ ယုံကြည်မှု မရရှိရင် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်တာတွေ ကျရှုံးလိမ့်မယ်" ဟု စမတ်စီးတီး စီမံကိန်း ကြီးကြပ်သူ Shojiro Nakamura က ပြောကြားသည်။

မြို့တွင် နေထိုင်သူများကို စမတ်စီးတီး အစီအစဉ်တွင် ၀ င်ရောက်ခြင်း၏ အကျိုးကျေးဇူးများကိုရှင်းရှင်းလင်းလင်းဖော်ပြခြင်းဖြင့် လုပ်ဆောင်နေသည်။ ပွင့်လင်းမြင်သာမှုကို တိုးမြှင့်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အလွဲသုံးစားပြုခြင်း မပြုနိုင်ကြောင်း လူများအား အာမခံရန် ဒေတာစီမံခန့်ခွဲမှုကို မြို့နေ အသိုင်းအဝိုင်းက ကြီးကြပ်ဆုံးဖြတ်ပေးသည်။
ယခုနှစ်တွင် ဥပမာအားဖြင့် ခရီးသွားများကို ဆွဲဆောင်ရန်အတွက် ကားရပ်နားရန်နေရာတွင်အာရုံခံကိရိယာတပ်ဆင်ရန် အကြံဉာဏ်တစ်ခုကို တင်ပြခဲ့ရာ မြို့တွင် နေထိုင်သူများက စိတ်အနှောက်အယှက်ဖြစ်စရာဟု ယူဆဆုံးဖြတ်ကာ ကန့်ကွက်ခဲ့ကြသည်။

မြို့နေလူဦီးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည် အချို့သော ၀ န်ဆောင်မှုအချို့အတွက် မှတ်ပုံတင်ထားကြသည်။ ၂၀၂၀ ဘဏ္ဍာရေးနှစ်အကုန်တွင် ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်မည်ဟုမျှော်လင့်ရသည်။
Source: Nikkei Asian Review

Read times
Rate this item
(0 votes)