Google ရဲ့ တေးသည်းသံဖြင့် ရှာဖွေခြင်း

နှုတ်ခမ်းတွေ ပိတ်ထားရင်း တေးသွားတစ်ခုကို ညည်းဆိုပေးပြီး သီချင်းရှာဖွေပေးတဲ့

ရှာဖွေရေး ပုံစံသစ်ကို Google က "hum to search" feature အဖြစ် စတင်လိုက်ပါတယ်။ 

တေးသွားတစ်ခုကို နှုတ်ခမ်းတွေ ပိတ်ထားရင်း ညည်းဆိုပေးပြီး တော့ဖြစ်ဖြစ်။ လေချွန်ပြီးတော့ ဖြစ်ဖြစ်၊ အသံထွက် သီဆိုပြီးတော့ဖြစ်ဖြစ် သီချင်းကို ရှာဖွေခိုင်းလို့ရတဲ့ feature အသစ် ဖြစ်ပါတယ်။ အသံသွင်းထားတဲ့ သီချင်းဖွင့်ပြပြီးတော့လည်း ရှာဖွေခိုင်းလို့ ရမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ဘာသာစကားပေါင်း ၂၀ အထိ သုံးစွဲလို့ရပြီး နောက်နောင်မှာ ဘာသာစကားတွေ ထပ်တိုးပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။
သီချင်းကို ရှာဖွေပေးတဲ့အခါ သီချင်း နားထောင်လို့ ရမယ့် link ကိုပါ တစ်ပါတည်း ချပေးပြီး အလင်းပြမှာ ဖြစ်ပါတယ်။
ရှာဖွေရလဒ် စာရင်းထဲမှာမှ သုံးစွဲသူက သူရှာနေတာနဲ့ အကိုက်ညီဆုံးဖြစ်မယ့်ဟာကို ရွေးချယ်လိုက်ရုံပါပဲ။
iOS နဲ့ Android နှစ်မျိုးစလုံးအတွက် ရယူနိုင်ကြောင်း Google's blog, The Keyword မှာ ဖော်ပြထားပါတယ်။
သုံးစွဲသူတွေမှာ သီချင်းကို သံနေသံထားမှန်မှန်ဖြင့် ကျကျနန မသီဆိုတတ်ဘူးဆိုတာကိုလည်း ထည့်စဉ်းစားပြီး လုပ်ကိုင်ပေးထားတယ်လို့ ဆိုပါတယ်။
Google Assistant မှာလည်း ဒီfeature ကို ထည့်ပေးထားပြီး ဖြစ်ပါတယ်။

 

 

Read times
Rate this item
(0 votes)