iPhone 12 ကို အခွံနွှာပြီး ဘက်ထရီကို လေ့လာထားတဲ့ ဗီဒီယို

iPhone 12 ကို သြစတြေးလျနဲ့နယူးဇီလန်နိုင်ငံတွေမှာ စတင်ဖြန့်ချိတဲ့အချိန်မှာ iPhone 12 ကို ပွဲထုတ်တဲ့ ဗီဒီယိုတွေ

အင်တာနက်ပေါ် တက်လာတယ်။ ဘူးဖွင့် ဗီဒီယိုတွေ၊ အပြင်ပန်းကို အနီးကပ် ရိုက်ပြထားတဲ့ ဗီဒီယိုတွေအပြင် iPhone 12 ကို အခွံနွှာပြီး အထဲမှာ ဘာတွေ ဘယ်လို လုပ်ထားသလဲဆိုတဲ့ အနီးကပ်ပြကွက်တွေ တင်ပြတဲ့ ဗီဒီယိုတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

အခု တင်ပြဖို့ ရွေးချယ်ထားတဲ ဗီဒီယိုက အခွံနွှာတဲ့ ဗီဒီယိုဖြစ်ပြီး ‌iPhone 12‌ နှင့် 12 Pro နှစ်ခုလုံးရဲ့ ဘက်ထရီအသီးသီးကို အသားပေး ထားပါတယ်။ တရုတ်ပြည်မှ တင်ဆက်တဲ့ ဗီဒီယို ဖြစ်ပြီး ယူကျု့က ဘာသာပြန်ပြီး စာတန်းထိုးပေးထားတာ အတော်တိကျကောင်းမွန်ပါတယ်။

မြင်ရတွေ့ရတာလေးတွေမှာ iPhone 12‌ နှင့် iPhone 12 Pro နှစ်ခုလုံးတွင် ဆင်ဆင်တူညီသော L-shaped logic board အသီးသီး ပါတာ တွေ့ကြရတယ်။
iPhone 12 Pro‌ တွင် LiDAR Scanner အတွက်အပို LiDAR connector ပါရှိတယ်။
ဖုန်းနှစ်လုံးစလုံးတွင် သုံးထားတဲ့ ဘက်ထရီက အတူတူပဲ ဖြစ်နေတာလည်း တွေ့ကြရတယ်။ဘက်ထရီစွမ်းရည် ကွာခြားမှု မရှိတဲ့သဘော ဖြစ်ပါတယ်။ iPhone 12‌ နှင့် PiPhone 12 Pro‌ တို့တွင် တူညီသော 2,815mAh ဘက်ထရီကိုပဲ သုံးထားတယ်။ ဒီတော့ အားအပြည့် တစ်ခါသွင်းပြီးရင် ဘယ်လောက်ကြာကြာခံလဲဆိုတာလည်း အတူတူပဲ ဖြစ်ပါလိမ့်မယ်။

iPhone 12 လေးမျိုးလေးစားရဲ့ ဘက်ထရီစွမ်းရည်တွေကတော့

iPhone 12 mini - 2,227mAh
iPhone 12 - 2,815mAh
iPhone 12 Pro - 2,815mAh
iPhone 12 Pro Max - 3,687mAh
လေးမျိုးစလုံးမှာ Qualcomm's X55 modem သုံးထားတယ်။


ဘက်ထရီ အရွယ်အစားနဲ့ ပတ်သက်လို့ သတိပြုမိစရာက iPhone 12 ရဲ့ ဘက်ထရီ အရွယ်အစားက iPhone 11 မှာ သုံးထားတဲ့ ဘက်ထရီထက် အရွယ်ပိုငယ်တယ်။
Apple က 5G အစိတ်အပိုင်းများနှင့် Pro မော်ဒယ်များအတွက်ကင်မရာနည်းပညာအသစ်များအတွက်နေရာရဖို့ ဘက်ထရီအရွယ်အစားကိုလျှော့ချရန် လိုအပ်လို့ ဘက်ထရီကို ငယ်ပေးလိုက်ရတာ ဖြစ်ပါလိမ့်မယ်။

 

 

Read times
Rate this item
(0 votes)