Apple ရဲ့ အားသွင်းကိရိယာ MagSafe‌ အခွံခွာကြည့်ခြင်း

Apple က iPhone 12 နဲ့ iPhone 12 Pro တို့အတွက် အားသွင်းကိရိယာကို MagSafe လို့ အမည်ပေးထားတယ်။

ပုံပန်းသဏ္ဍာန်က ဒိုးပြားနဲ့ ဆင်ဆင်တူတယ်။ 

MagSafe ထဲမှာ ဘာတွေ ပါသလဲ။ ဘယ်လို အထိုင်ချထားသလဲဆိုတာ စူးစမ်းဖို့ MagSafe ကို ဓာတ်မှန်ရိုက်ကြည့်တယ်။

 

xray.PNG

 

အားသွင်းခွေ ကွိုင်တစ်ခု တွေ့တယ်။ ပတ်ပတ်လည်မှာ သံလိုက်ကွင်းဝိုင်းကို နေရာချပေးထားတယ်။

 

mag_safe4.PNG

 

အဖုံးအကာမှာ ရော်ဘာပြားဝိုင်းဖြူဖြူ တစ်ခုကို ကပ်အား ပြင်းထန်တဲ့ ကော်နဲ့ ကပ်ထားတယ်။ ရော်ဘာပြားရဲ့ အနားစွန်းတွေကနေ အပေါ်ကို လှန်ပြီး ဖွင့်ကြည့်တယ်။

 

mag_safe45.PNG

အဖုံးအကာ အဖြူအောက်မှာ ကြေးနီဝါယာစ လေးစကို ကွိုင်ရဲ့ ပတ်လည်တစ်လျှောက်မှာ နေရာချပေးထားတယ်။ ကွိုင်အောက်မှာတော့ ဆားကစ်ဘုတ်ပြားငယ်တစ်ခု ရှိတယ်။

ဖွဲ့စည်းပုံက ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဖုန်းကို အားသွင်းတဲ့အခါ အားသွင်းကိရိယာက လျှပ်စစ်သံလိုက်စက်ကွင်းဖြင့် အားသွင်းပေးတာဖြစ်လို့ အားသွင်းကြိုး မလိုအပ်ဘူး။ 

အားသွင်းကိရိယာကိုတော့ ပလပ်ထိုးထားဖို့ လိုပါတယ်။

IMG_3339.jpg

Read times
Rate this item
(0 votes)