Google Docs ဖြင့် PDF များကို အဆင့်မြင့် format ဖြင့် ဖွင့်ပြီး ပြင်ခြင်း

PDF ကို Google Docs ဖြင့် အဆင့်မြင့် format ဖြင့် ဖွင့်ဖို့အတွက် ဖွင့်ချင်တဲ့ PDF ကို ဦးစွာ ပထမ Google Drive မှာ သိမ်းဆည်းရမှာ ဖြစ်ပါတယ်။

သိမ်းပြီးရင် အဲဒီ PDF file ကို ကလစ်နှစ်ချက်ဆင့် နှိပ်ပေးလိုက်ရင် view ဖြင့် ပွင့်မယ်။

 “Open with Google Docs” ကို ရွေးချယ်ပြီး ဖွင့်လိုက်ရင် အဆင့်မြင့် format ဖြင့် Google Docs မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

 

လုပ်ဖူးတယ် အဲဒီလို မရဘူးဆိုရင် update မဖြစ်သေးလို့ ဖြစ်ပါလိမ့်မယ်။ ၂၀၂၀ နိုဝင်ဘာလ လကုန်မှစပြီး အခုလို အဆင့်မြင့် format ဖြင့် ဖွင့်လို့ရအောင် Google Docs ကို အဆင့်မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ 

 

Google-Docs-PDF-import.gif

 

ဘာတွေ ပိုကောင်းသွားသလဲ

 

PDF မှာ ပါတဲ့ ပုံကို Docs မှာ ဆွဲတင်ပေးတယ်၊ စာနဲ့ပုံ ခင်းကျင်းထားတာကိုလည်း အခင်းအကျင်းအတိုင်း ခင်းပေးထားတယ်။ စာလုံးစတိုင်တွေလည်း ပုံစံတွေကိုလည်း PDF မှာ ပါတဲ့အတိုင်း ဖော်ပြပေးထားတယ်။ အောက်ခြေမျဉ်းသားထားတဲ့ စာကြောင်းတွေ မူလအတိုင်း မျဉ်းသားပြီး ဖော်ပြထားမှာ ဖြစ်ပါတယ်။ နောက်ခံအရောင်ကို ဖော်ပြပေးထားတယ်။

စာသားအခင်းအကျင်းမှာ ကော်လံတွေခွဲထားရင် ခွဲထားတဲ့အတိုင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ စာရွက်အရွယ်အစားလည်း သတ်မှတ်ပေးထားတဲ့အတိုင်း ဖြစ်နေမယ်။ ဇယားတွေမှာ ဘောင်တွေ ပါလာမယ်။

အရည်အသွေး ပိုကောင်းချင်ရင် PDF မှာ Arial, Times New Roman စတဲ့ အသုံးများတဲ့ fonts တွေကို ရွေးချယ်သုံးစွဲဖို့ အကြံပြုထားပါတယ်။ မြန်မာစာဆိုရင် ပြည်ထောင်စုကို သုံးသင့်ပါတယ်။  Supported languages မှာ မြန်မာစာ ပါပါတယ်။

 

PDF ပြင်ဆင်ပုံ အကြံပြုချက်များကို လေ့လာရန်  link

Convert PDF and photo files to text

အခုလို ဖွင့်ပြီးတဲ့အခါ ပြင်ဆင်ချင်တာကို ပြင်လို့ ရပါပြီ။ ပြီးရင်
FIle > Print > Save as PDF 

အဆင့်ဆင့် လုပ်ကိုင်ပြီး PDF အဖြစ် ပြန်ပြောင်းလဲနိုင်ပါတယ်။

 

 

Read times
Rate this item
(0 votes)