ကမ္ဘောဇ iBanking နဲ့ Other Bank Transfer ဘယ်လိုလုပ်မလဲ

မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် ၎င်း၏ အင်တာနက်ဘဏ်ဝန်ဆောင်မှု (iBanking) နှင့် မိုဘိုင်းဘဏ်ဝန်ဆောင်မှု (mBanking) အသုံးပြုသူများအတွက် မြန်မာနိုင်ငံအတွင်းရှိ အခြားဘဏ်ကြီးများ၏ အကောင့်ပိုင်ရှင်များထံသို့ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေလွှဲနိုင်မည့် "Other Bank Transfer” လုပ်ဆောင်ချက်အား ယနေ့ စတင်မိတ်ဆက်လိုက်ပါတယ်။

 

‘Other Bank Transfer’ လုပ်ဆောင်ချက်ကို အသုံးပြု၍ ပြည်တွင်းဘဏ်အချင်းချင်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုမှာ ဘဏ်ခွဲကောင်တာများတွင် ကောက်ခံသည့် ငွေလွှဲနှုန်းထား ပုံစံမျိုး မဟုတ်ပါ။ အဆိုပါ ဝန်ဆောင်မှု အသုံးပြုလိုသည့် customer များမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကောက်ခံသည့် ဝန်ဆောင်ခ (၃၀၀) ကျပ် နှင့် ငွေလွှဲလုပ်ဆောင်ချက် တစ်ကြိမ်လျှင် ကမ္ဘောဇဘဏ်မှ (ဝ.၀၅%) မှ (ဝ.၁၀%) အတွင်း ကောက်ခံသည့် ကျသင့်ငွေများကိုသာ ပေးဆောင်ရန် လိုအပ်ပါသည်။ ငွေလွှဲပေးပို့သူအနေဖြင့် ငွေလွှဲလက်ခံသူ၏ ဘဏ်မှ ကောက်ခံသော အဝင်ငွေလွှဲဝန်ဆောင်ခကို ပေးဆောင်ရန်လည်း လိုအပ်ပါတယ်။

 

ကမ္ဘောဇဘဏ်၏ iBanking ဖြင့် ‘Other Bank Transfer’ လုပ်ဆောင်ချက် အသုံးပြုပုံ

 

၁) ကမ္ဘောဇဘဏ်၏ iBanking ဝက်ဘ်ဆိုက်အား အင်တာနက် browser တစ်ခုတွင် ဖွင့်ပါ

၂) ဘယ်ဘက်ရှိ ဝင်ရောက်လိုသော နေရာများကို ပြသထားသည့် menu မှတစ်ဆင့် ‘Other Bank Transfer’ ကို ရွေးပါ

၃) ငွေလွှဲလက်ခံမည့်သူ၏ ဘဏ်ကိုရှာပြီး ၎င်း၏ အမည်၊ ဘဏ်အကောင့် အသေးစိတ်အချက်အလက်နှင့် ငွေလွှဲမည့် ပမာဏကို ရိုက်ထည့်ပါ

၄) ငွေလွှဲလုပ်ဆောင်ချက်အား ပြန်လည်စစ်ဆေးပြီး ငွေလွှဲလက်ခံမည့်သူ၏ အသေးစိတ်အချက်လက်များ မှန်ကန်ပါက “Submit” ကို နှိပ်၍ အတည်ပြုပါ

၅) SMS စာတိုမှတစ်ဆင့် ပေးပို့လိုက်သည့် တစ်ခါသုံးလျှို့ဝှက်နံပါတ် OTP အား ရိုက်ထည့်ပါ

၆) SMS စာတိုမှတစ်ဆင့် ပေးပို့လာမည့် ငွေလွှဲလုပ်ဆောင်ချက် အတည်ပြုခြင်းအား ၁၀ မိနစ်ခန့် စောင့်ဆိုင်းပါ

 

ကမ္ဘောဇဘဏ်၏ mBanking ဖြင့် ‘Other Bank Transfer’ လုပ်ဆောင်ချက် အသုံးပြုပုံ

 

၁) ကမ္ဘောဇဘဏ်၏ mBanking အက်ပလီကေးရှင်းအား ဖွင့်ပါ

၂) ပင်မစာမျက်နှာတွင် ‘Other Bank Transfer’ လုပ်ဆောင်ချက်အား ရွေးပါ

၃) ငွေလွှဲလက်ခံမည့်သူ၏ ဘဏ်ကိုရှာပြီး ၎င်း၏ အမည်၊ ဘဏ်အကောင့် အသေးစိတ်အချက်အလက်နှင့် ငွေလွှဲမည့် ပမာဏကို ရိုက်ထည့်ပါ

၄) ငွေလွှဲလုပ်ဆောင်ချက်အား ပြန်လည်စစ်ဆေးပြီး ငွေလွှဲလက်ခံမည့်သူ၏ အသေးစိတ်အချက်လက်များ မှန်ကန်ပါက “Submit” ကို နှိပ်၍ အတည်ပြုပါ

၅) အသုံးပြုသူ မှန်ကန်ကြောင်း အတည်ပြုရန်အတွက် mBanking PIN နံပါတ် ရိုက်ထည့်ပါ

၆) SMS စာတိုမှတစ်ဆင့် ပေးပို့လာမည့် ငွေလွှဲလုပ်ဆောင်ချက် အတည်ပြုခြင်းအား ၁၀ မိနစ်ခန့် စောင့်ဆိုင်းပါ

 

ကမ္ဘောဇဘဏ်၏ mBanking အက်ပလီကေးရှင်းအား Google Play Store နှင့် Apple App Store တွင် ဒေါင်းလုတ် ရယူနိုင်ပြီး iBanking ဝက်ဘ်ဆိုက်အား https://ibanking.kbzbank.com/ မှတစ်ဆင့် အသုံးပြုနိုင်ပါသည်။

 

ကမ္ဘောဇဘဏ် ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် eBanking နှင့်ပတ်သက်ပြီး အသေးစိတ် ပိုမိုသိရှိလိုပါက https://www.kbzbank.com/mm/i-banking-2/ တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်သည့်အပြင် ကမ္ဘောဇဘဏ်၏ Customer Service Department ဖုန်းနံပါတ် +၉၅၉၉၅၁၀၁၈၅၅၅ သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

Read times
Rate this item
(0 votes)